• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကူးစက်ခံ လေးကေ့ကော်စစ်ရှောင်များ သီးသန့်ခွဲထားရန် နေရာခက်ခဲနေ

by ဧရာဝတီ
23 February 2022
in သတင်း
A A
လေးကေ့ကော် စစ်ရှောင်စခန်းဝင်းအတွင်း ကျန်းမာရေးအဖွဲ့မှ ကိုဗစ်စစ်ဆေးမှုများပြုလုပ်စဉ်

လေးကေ့ကော် စစ်ရှောင်စခန်းဝင်းအတွင်း ကျန်းမာရေးအဖွဲ့မှ ကိုဗစ်စစ်ဆေးမှုများပြုလုပ်စဉ်

7.4k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များကြား ကိုဗစ်ရောဂါကူးစက်မှုများရှိနေရာ နေရာထိုင်ခင်း ခက်ခဲသဖြင့် သီးသန့်ထားရန် ခက်ခဲနေကြောင်း ကူညီပေးရေး အဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စစ်ဘေးရှောင်စခန်းအတွင်း နေမကောင်းသည့်လူများလာ သဖြင့် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးကြည့်ရာမှ Positive လူနာ ၂၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လေးကေ့ကော်စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတဦးက “ကူးစက်ထားတဲ့သူတွေအတွက် သီးသန့်အဆောင် တခု တော့ လုပ်ပေးရမယ်။ ယာယီအားဖြင့်တော့ တာလပတ်အခင်းနဲ့တော့လုပ်ထားတယ်။ နောက်ပိုင်းကျရင် ပူလာမှာ ဆိုတော့ သီးသန့်စင်တာလေးတခုတော့ လုပ်ဖို့လိုမယ်။ ကျနော်တို့လည်း အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်နေ တာပဲ။ အဓိကကတော့ သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် သီးသန့်အဆောင်လေး လုပ်ပေးချင် တာပါပဲ” ဟုပြောသည်။

လက်ရှိတွင် ကူးစက်ခံရသူများနှင့် ထိစပ်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး စောင့်ကြည့်ကုသနိုင် ရန် ပြင်ဆင်နေကြောင်း၊ ကူးစက်ခံရသူများမှာ အသက် ၄၀ ဝန်းကျင်အရွယ်များ အများဆုံးဖြစ်ပြီး အသက် ၅ နှစ် အရွယ် ကလေးတဦး ပါဝင် ကြောင်း၊ နေရာခွဲထားကာ တနေ့တခါက ကျန်းမာရေးအခြေအနေ စစ်ဆေးပေးနေ ကြောင်း KNU ဒေသတွင်း ကျန်းမာ ရေးစောင့်ရှောက်ကူညီသူ တဦးကပြောသည်

“လက္ခဏာကတော့ မျိုးစုံလာတယ်။ အိုမီခရွန်ကများသောအားဖြင့် လည်ချောင်းနာတာတွေဘာတွေရှိတယ်။ အဲဒီလို မျိုးတွေလည်းရှိတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့လည်း ရိုးရိုးညောင်းကိုက်နဲ့လာပြီး Positive တွေလည်းရှိတယ်။ လက္ခဏာ က အတည်တကျမရှိဘူး။ များသောအားဖြင့် အဖျားကြီးတာ လည်ချောင်းနာတာ ကိုက်ခဲတာကတော့ အများဆုံးပဲ။ အခုတော့ သူတို့တွေကိုခွဲထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ လေးကေ့ကော်စစ်ဘေးရှောင်စခန်းတွင် ဦးရေ ၅၅၀ ကျော်ခန့်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်၍ ယနေ့အထိ ကိုဗစ်ရောဂါစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

လေးကေ့ကော်ဒေသအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက် မှ ဖေဖော်ဝါရီ ၂၁ရက်အထိ တကျော့ပြန်တိုက်ပွဲ များ ရှိနေပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဖျားနာသည့် စစ်ဘေးရှောင်များ များပြားလာခြင်းဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၅ရက်လောက်က စခန်းမှာ ဆေးခန်းလေးရှိတယ်။ အဲဒီမှာလာပြရင်းနဲ့ နှာစေးချောင်းဆိုးတာတွေကို မသင်္ကာလို့ ဆရာတွေက စစ်ကြည့်လိုက်တော့ ၂ယောက် ပိုးတွေ့တာကနေစပြီး ကျနော်တို့စခန်းထဲမှာ စစ်မယ် ဆိုပြီးပြောတော့ အကုန်လုံးစစ်ကြည့်ကြတာ။ ရောဂါလက္ခဏာတွေက ပြင်းထန်တာတော့မရှိဘူး။ အောက်ဆီဂျင် ကျတာတွေဘာတွေလည်း မရှိဘူး” ဟု လေးကေ့ကော်စခန်းတွင်း တာဝန်ရှိသူက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

အဆိုပါ လေးကေ့ကော်စခန်းတွင်းရှိ စစ်ဘေးရှောင်များမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်မှာ ၂လကျော်ရှိ နေပြီ ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကရင့်လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့အကြား တကျော့ပြန်တိုက်ပွဲများကြောင့် ယာယီခိုလှုံနေရသည့်နေရာများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် KNU စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ ၊ မြန်မာရွှေ့ပြောင်းပရဟိတအဖွဲ့များ ၊ နယ်စပ်အခြေစိုက်စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ စသည့်အဖွဲ့များမှ စားနပ်ရိက္ခာ ၊ ဆေးဝါးများအား ကူညီပေးလျက်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: ကိုဗစ်စစ်ဘေးရှောင်လေးကေကော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.3k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

by Alastair McCready နှင့် Allegra Mendelson
12 August 2023
7.5k

မလေးရှား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကင်ညာနှင့် နီပေါမှ ထောင်ပေါင်းများစွာသော သူများ သွေးဆောင်ဖျားယောင်းခံရသည်။

Next Post
ကျိုင်းတုံဟော်နန်းကို ပုံစံတူ အသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်ရိုက်သည့် အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံခရီးစဉ်အတွင်း စီမံကိန်းတချို့ လက်သိပ်ထိုးပေးခဲ့

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဉ်  / ဧရာဝတီ

စစ်ကောင်စီက တရုတ်အကာအကွယ်ဖြင့် ပြဿနာကို ပိုဆိုးစေသည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved