• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်နိုင်တင်းကြောင့် ရန်ကုန် ဆေးရုံကြီးမှ ပြင်ပလူနာဌာနများ ပိတ်ထားရ

by ဧရာဝတီ
16 February 2022
in သတင်း
A A
၂၀၁၇ ခုနှစ်တွင် တွေ့ရသော ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး  / ဧရာဝတီ

၂၀၁၇ ခုနှစ်တွင် တွေ့ရသော ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး / ဧရာဝတီ

11.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားနေစဉ်အတွင်း အများပြည်သူ ကျန်းမာရေးကုသမှု ခံယူရာ အကြီးဆုံးဆေးရုံများအနက် တခုဖြစ်သော ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှ ပြင်ပလူနာကုဌာနများကို ဝန်ထမ်းမလုံလောက်သောကြောင့် ၁၀ ရက် ပိတ်လိုက်ရသည်။

လွန်စွာ ကူးစက်မြန်သည့် အိုမီခရွန်မျိုးကွဲ ပျံ့နှံ့နေခြင်းနှင့်အတူ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးက ဆရာဝန်၊ သူနာပြုနှင့် အခြားဝန်ထမ်းများ မလုံလောက်သောကြောင့် ပြင်ပလူနာကုဌာန ၅ ခုကို အင်္ဂါနေ့မှစတင်ပြီး ၁၀ ရက်ပိတ်လိုက်ကြောင်း ကြေညာသည်။

ထိုသို့ပိတ်ထားလိုက်သည့် ပြင်ပလူနာဌာနများတွင် အထွေထွေရောဂါ ကုသရေးဌာန၊ ကင်ဆာရောဂါ ကုသရေးဌာန၊ ရုပ်ပိုင်းဆိုင်ရာ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၊ အစာအိမ်နှင့် အူလမ်းကြောင်း ဌာနနှင့် ဆီးချိုနှင့် ဟော်မုန်းကုသရေးဌာနများ ပါဝင်သည်။

နှလုံးသွေးကြောကုသရေးဌာနမှ သမားတော်များ ကိုဗစ်နိုင်တင်း ကူးစက်ခံနေရသောကြောင့် နှလုံးသွေးကြော ကုသရေးဌာနကိုလည်း ၅ ရက်ပိတ်မည်ဖြစ်ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးက ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ အစောပိုင်းမှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားနေသည်။ တနင်္လာနေ့တွင် ကူးစက်မှုသစ် ၁,၅၈၆ ခုတွေ့ခဲ့ပြီး လွန်ခဲ့သောလကထက် နေ့စဉ်ကူးစက်မှုသစ် ဂဏန်း ၂ လုံးသာ ရှိရာမှ သိသိသာသာတိုးလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လက ကိုဗစ်နိုင်တင်းကြောင့် သေဆုံးမှု စတင်ဖြစ်ပွားပြီးနောက် ယခုအခါ သေဆုံးမှု ၁၉,၃၃၁ ဦး မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ကုတင် ၂,၀၀၀ ဆန့် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးသည် မြန်မာနိုင်ငံတွင် ပစ္စည်းကိရိယာ အကောင်းဆုံး တပ်ဆင်ထားသည့် ဆေးရုံဖြစ်ပြီး ဝင်ငွေနည်းနှင့် ကျေးလက်ပြည်သူများအတွက် အဓိက ဆေးရုံဖြစ်သည်။

ပုံမှန်အခြေအနေအရဆိုပါက ထိုဆေးရုံတွင် ဆရာဝန် ၂၅၀ ကျော်နှင့် သူနာပြု ၅၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်တာနက်စာမျက်နှာအရ သိရသည်။

သို့သော် နိုင်ငံတဝှမ်းမှ အခြားအစိုးရဆေးရုံများ ကဲ့သို့ပင် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးသည် လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုနောက်တွင် ဝန်ထမ်းများ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ပြီး စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် လုပ်ငန်းလည်ပတ်နိုင်ရုံသာ ရှိသည်။

ကျန်းမာရေးဝန်ထမ်းများ သပိတ်မှောက်နေသောကြောင့် နိုင်ငံတဝှမ်းရှိ ဆေးရုံပေါင်း ၁,၀၇၇ ရုံအနက် ၇၆၅ ခုသာ လည်ပတ်နိုင်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင်က ယခုလ အစောပိုင်းတွင် ဝန်ခံသည်။

စစ်ကောင်စီသည် ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်သွားရေးအတွက် ဖမ်းဆီးခြင်း သို့မဟုတ် ဖမ်းဝရမ်းများ ထုတ်ပြန်ခြင်းဖြင့် ဖိအားပေးနေသည်။

သို့သော် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှ အငယ်တန်းဝန်ထမ်း ၅၀ ရာခိုင်နှုန်း နှင့် အကြီးတန်းဝန်ထမ်း ၃၀ ရာခိုင်နှုန်းသည် ဆက်လက် သပိတ်မှောက်နေဆဲဖြစ်ကြောင်း၊ ဆေးရုံတွင် ဝန်ထမ်းရှားပါးနေကြောင်း ထိုဆေးရုံတွင် လုပ်ကိုင်ခဲ့ကြဖူးသည် CDM ဝန်ထမ်းများ၏ အဆိုအရ သိရသည်။ လက်ရှိ ကိုဗစ်နိုင်တင်း အကျပ်အတည်းသည် ထိုအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။

စစ်အာဏာသိမ်းပြီးနောက် ပြင်ပလူနာဌာနတခုလျှင် ယခင်က ဆရာဝန် တဒါဇင် နီးပါးရှိသော်လည်း ယခုအခါ ဌာနတခုလျှင် ဆရာဝန် ၅ ဦးခန့်သာ ရှိတော့သောကြောင့် လုပ်ငန်းများလည်ပတ်ရန်ပင် ရုန်းကန်နေရကြောင်း လက်ရှိ အလုပ်လုပ်နေဆဲဖြစ်သည့် ကျန်းမာရေး ဝန်ထမ်းတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“အခု (ဌာနတခုစီမှာ) ဆရာဝန် ၃ ယောက်၊ ၄ ယောက်လောက်က ကိုဗစ်နိုင်တင်း ကူးစက်ခံရပြီး လဲနေပြီ။ ဌာနတွေကို စီမံဖို့ လူအလုံအလောက် မရှိတော့ဘူး” ဟု အမည်မဖော်လိုသော ထိုဆေးဝန်ထမ်းက ပြောသည်။

ထိုပြင်ပလူနာကုဌာနများကို ပိတ်ထားခြင်းသည် ယာယီသာဖြစ်သော်လည်း ထိုဌာနများကို အားကိုးနေရသည့် ပြင်ပလူနာများအတွက် ဆိုးကျိုးများဖြစ်စေမည် ဖြစ်သည်။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကုသမှုလာရောက်ခံယူသည့် ပြင်ပလူနာအများစုတွင် အထွေထွေရောဂါ ကုသသူများက အများဆုံးဖြစ်ပြီး ဒုတိယ လူနာအများဆုံးလက်ခံရသည့် ဌာနမှာ ဟော်မုန်းကုသမှုဌာနနှင့် တတိယ လူနာအများဆုံး ကြည့်ရသည့်ဌာနမှာ ကင်ဆာဌာနဖြစ်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆရာဝန်များက ပြောသည်။

“ကင်ဆာလူနာ ဒါမှမဟုတ် ဟော်မုန်းကုသမှု လိုတဲ့လူနာတချို့က ဆေးဝါးလိုအပ်ချက် ချိန်ညှိဖို့ ပုံမှန် ကုသမှုလိုတယ်။ အဲဒီလိုလူနာတွေအတွက် အခက်အခဲဖြစ်မယ်” ဟု ထိုဆရာဝန်က ပြောသည်။

ရန်ကုန် နား၊ နှာခေါင်းနှင့် လည်ချောင်း ပြည်သူ့ဆေးရုံမှ ပြင်ပလူနာကု ဌာနများသည်လည်း ဝန်ထမ်းများ ကိုဗစ်နိုင်တင်း ဖြစ်နေသောကြောင့် တနင်္လာနေ့မှစတင်ပြီး ၈ ရက်ပိတ်ထားမည်ဟု ကြေညာသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စနေနေ့က နေပြည်တော်တွင် ဗိုလ်ရှုခံပွဲကျင်းပပြီး လူ ၁၀,၀၀၀ ကျော် တက်ရောက်စခဲ့သည်။ ထိုပွဲအပြီး နေပြည်တော်တွင် ကိုဗစ်နိုင်တင်းကူးစက်မှုသစ် ၉၀ ခန့်ရှိပြီး ယခင်ထက် ၃ ဆ တိုးသွားသည်။

You may also like these stories:

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်လာ

ကိုဗစ်ကာကွယ်ရေးထက် အာဏာတည်မြဲရေးကိုသာ စစ်ကောင်စီ အာရုံစိုက်နေ

တချို့က ဖြဲခြောက်တယ်၊ တချို့က လျှော့ပေါ့ပြောနေကြတယ်

အိုမီခရွန်ဟာ ရောဂါအသစ်မဟုတ်ဘူး။ ကိုဗစ်ကနေ ဖြစ်လာတာ

Your Thoughts …
Tags: CDMကိုဗစ်နိုင်တင်းဆေးဝန်ထမ်းပြင်ပလူနာဌာနရန်ကုန် နား၊ နှာခေါင်းနှင့် လည်ချောင်း ပြည်သူ့ဆေးရုံရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးအိုမိခရွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

Next Post
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် ၅ ရက်အကြာ ရန်ကုန်မြို့လယ်တွင် တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ဒီမိုကရေစီညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက် မြန်မာရောက်

ပျူစောထီးရွာများကို ပြည်သူကာကွယ်ရေးတပ်များ ဝင်တိုက်ရောက်တိုက်ခိုက်မှု  / CJ

ပုလဲတွင် ပျူစောထီးရွာများကို PDF ဝင်တိုက် ၄၀ ကျော်သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved