စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း လူမှုကွန်ရက်မှာ ဓာတ်ပုံရိုက် လွှင့်တင်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကြံခင်းမြို့မရဲစခန်းက ရဲတပ်သား သူရိန်လင်းနဲ့ ဒုတပ်ကြပ် တာရာလင်းတို့ ညီအစ်ကို ၂ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ဖေဖော်ဝါရီီ ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သူရိန်လင်းနဲ့ တာရာလင်းတို့ကို ရဲတပ်ဖွဲ့က ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရသလို မိသားစုနဲ့လည်း ဒီကနေ့အချိန်အထိ တွေ့ဆုံခွင့်မပေးပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လို့ ဖမ်းဆီးခံနေရတဲ့ သား ၂ ယောက်အတွက် ဂုဏ်ယူကြောင်း မိဘများက ဧရာဝတီကို ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ
————–
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်