• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်

by မျိုးပပစန်း
21 May 2020
in သတင်း
A A
မန္တလေးစက်မှုဇုန်ထဲရှိ စက်ရုံအလုပ်ရုံများကို တွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

မန္တလေးစက်မှုဇုန်ထဲရှိ စက်ရုံအလုပ်ရုံများကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် ထိခိုက်သည့် စီးပွားရေး လုပ်ငန်းများ ကုစားရန် စတုတ္တမြောက် အစိုးရချေးငွေကို တိုင်းနှင့် ပြည်နယ် များမှ စီးပွားရေး လုပ်ငန်းရှင်များကို ဦးစားပေးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြော သည်။

အစိုးရချေးငွေ သုံးကြိမ်လုံး၌ ရန်ကုန်မြို့အခြေစိုက် စီးပွားရေး လုပ်ငန်းအများစုကသာ ရရှိခဲ့ပြီး ယခု စတုတ္တအကြိမ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေး လုပ်ငန်းများကို ဦးစားပေးမည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ (MIFER) ဥက္ကဋ္ဌလည်း ဖြစ်သူ ဝန်ကြီး ဦးသောင်းထွန်း က မေလ ၂၀ ရက်က ပြုလုပ်သော ကော်မတီ အစည်းအဝေး၌ ပြောခြင်း ဖြစ်သည်။

ထို့ပြင် ချေးငွေများကို ယခုထက်ပို၍ မြန်ဆန် သွက်လက်စွာ ဆောင်ရွက်ရေးအတွက် စိစစ်သည့်အဖွဲ့များအား အင်အား ဖြည့်တင်း၍ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုထားသည်။

ချေးငွေ ရရှိသူများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေကို ထုတ်ပေးမည် ဖြစ်ပြီး ကျန်လုပ်ငန်းရှင်များ၏ လျှောက်လွှာများကိုလည်း ဆက်လက် ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း MIFER က ဖော်ပြထားသည်။

ထိုချေးငွေကို နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ် ဘီလီယံ ၁၀၀ ဖြင့် COVID-19 Fund အဖြစ် မြန်မာ့ စီးပွားရေးဘဏ်၌ ထူထောင်ထားပြီး ပထမအသုတ် ချေးငွေကို ဧပြီလ ၉ ရက်မှ စတင်၍ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင် ၈၅ သို့ လည်းကောင်း၊ ဒုတိယအသုတ် ချေး ငွေကို လုပ်ငန်း ၁၁၃ ဦးသို့ လည်းကောင်း၊ တတိယ အသုတ်ချေးငွေကို လုပ်ငန်း ၁၁၃ ခုသို့ လည်းကောင်း ထုတ်ချေးခဲ့ သည်။

အဆိုပါ နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံထဲမှ တတိယ အသုတ်အထိ ကျပ် ၁၃ ဘီလီ ယံကျော် သုံးစွဲ ထားပြီး ယခု ထုတ်ချေးမည့် စတုတ္တအကြိမ် ချေးငွေ၏ ပမာဏကို မသိရှိရသေးပေ။

ချေးငွေကို အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖြစ်သော စားသောက်ကုန် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် လက်ခစား (CMP) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို ထုတ်ချေးနေခြင်း ဖြစ်သည်။

အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ချေးငွေကာလမှာ ၁ နှစ် သတ်မှတ်ထားကာ ချေးငွေ စတင် လျှောက်ထားခွင့်ရသည့် အချိန်မှ လက်ရှိအချိန်အထိ လျှောက်လွှာ စုစုပေါင်းမှာ ၄၀၀၀ ရှိပြီ ဖြစ်သည်။

ချေးငွေ ထုတ်ပေးရာတွင် COVID-19 ကြောင့် ကော်မတီက ထုတ်ပြန်ထားသော အချက် ၁၀ ချက်နှင့် ညီရမည် ဖြစ်ပြီး ချေးငွေစိစစ်ခြင်းကို အဆင့်နှစ်ဆင့်ဖြင့် ရွေးချယ်ကာ ကော်မတီ အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ချေးငွေ ထုတ်ပေးမှု ကုမ္ပဏီစာရင်းတွင် ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးပိုင် ကုမ္ပဏီက ချေးငွေ ကျပ်သိန်း ၁ ထောင်အထက် ရရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။

ထို့ပြင် ရရှိသည့် ပမာဏမှာ လုပ်ငန်း၏ ဝန်ထမ်းလစာပေးဖို့ မလောက်ငှသည့်အတွက် ချေးငွေရရှိပြီးမှ မယူလိုတော့ ကြောင်း အကြောင်းပြန်သည့် ကုမ္ပဏီများလည်း ရှိခဲ့သည့် အပြင် ရန်ကုန်တိုင်းမှ လုပ်ငန်းရှင် အများစုသာ ရရှိသော ကြောင့် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက “အကုန်လုံးကတော့ ကဏ္ဍစုံ နေရာစုံ ကနေ လုပ်ပေးမှာပေါ့။ ရန်ကုန်တိုင်းမှ မန္တလေးတိုင်းမှ မဟုတ်ပါဘူး။ ပြဿနာက ဘာလည်းဆိုတော့ လျှောက်ထားတဲ့ အချိန်တွေ ကွာကြတယ်။ ကျနော်တို့ ရန်ကုန်မှာ ကျတော့ UMFCCI ကနေ လက်ခံတယ်။ မတ်လ ၃၀ ရက် ကြေညာ တယ်။ တချို့ မတ်လ ၃၁ ရက်လောက်မှာပဲ လာတင်နိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “စောစောတင်တဲ့သူတွေက သတ်မှတ်ချက်တွေနဲ့ ကိုက်ရင် စောစောရသွားကြတယ်။ တခြား တိုင်း ဒေသကြီး ပြည်နယ်တွေက ကျတော့ ဒီမှာ လက်ခံနေတဲ့ အချိန်မှာတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဘူး။ အဲဒီတော့ လက်ခံနိုင်တဲ့ အချိန်က ကွာခြားတယ်။ ပြောချင်တာက မန္တလေးက လူတွေ အွန်လိုင်းပေါ်မှာ အော်တာလည်း တွေ့ပါတယ်။ ရန်ကုန်က သူတွေပဲရတာ ငါတို့ မရဘူး ဆိုတာ၊ သူတို့ တင်တာကိုက နောက်ကျ တယ်။ တင်တာ လက်ခံပြီး ဒီဘက်ကို ပို့တဲ့အချိန်မှာ နောက်ကျတယ်”ဟု ရှင်းပြသည်။

အခြားတိုင်းနှင့် ပြည်နယ်များသည်လည်း ဧပြီလ ၁ ရက်၊ ၂ ရက်တွင် ချေးငွေ လျှောက်လွှာများ စတင်လက်ခံသည် ဆို သော်လည်း လက်ခံသည့် ဌာနမှ တဆင့် ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရာတွင် နောက်ကျခြင်းကြောင့် ၎င်းတို့ ချေးငွေရ နောက်ကျခြင်း ဖြစ်ကြောင်း ဦးမင်းဇော်ဦးက ဆိုသည်။

၎င်းက “ကျနော်ထင်တယ်။ ဒီတခေါက်တော့ နယ်က ဟာတွေလည်း လုပ်ငန်း ၁၀၀ ကျော်ကျော်လောက်တော့ ပါမယ်လို့ ထင်တယ်။ နယ်ဆိုတာက မန္တလေးတင် မဟုတ်ဘူး။ တခြား တိုင်းဒေသကြီး ပြည်နယ်တွေ အကုန်လုံးပါမယ်။ ဒါကတော့ ကျနော်သိတဲ့ အပိုင်းလေးကို ပြောပြတာ။ ဝန်ကြီးဌာနက ဘယ်လောက် ထုတ်ပေးမယ် ဆိုတာကတော့ ဝန်ကြီး ရုံးကပဲ သိမယ်”ဟု ထပ်လောင်းပြောပြသည်။

ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင်များထဲတွင် လုပ်ငန်းလမ်းညွှန်ချက်နှင့် ကိုက်ညီပြီး ပြန်လည် ပေးဆပ်နိုင်ခြင်း ရှိသော ကုမ္ပဏီ လုပ်ငန်းရှင်များကို ချေးငွေ ကျပ်သိန်း ၁ ထောင်ကျော်အထိ ချပေးခြင်းမျိုး ရှိကြောင်း သိရသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ ရောင်း/ဝယ်ရန် စီစဉ်

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
56
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
46
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
71

တရုတ် တင်ပို့ခွင့် ပိတ်သဖြင့် ရွှေလီမြစ်ထဲ ပြောင်းတန်ချိန် ရာနှင့်ချီ စွန့်ပစ်နေရ

မန္တလေး ကျောက်ဝိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ရရန် တင်ပြမည်

လက်ရှိတွင် COVID-19 ကြောင့် ထိခိုက်နေသည်မှာ လုပ်ငန်းအသေးမှစ၍ အကြီးအထိ ထိခိုက်မှုများ ရှိနေပြီး အစိုးရ အနေနှင့် ကျပ်ဘီလီယံ ၁၀၀ အပြင် ဆက်တိုက် ကုစားမှုများကို လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုးသာက သုံးသပ်ပြော ဆိုထားသည်။

နောက်ပိုင်း နိုင်ငံတော်က ထပ်မံ ခွင့်ပြုမည့် ချေးငွေများ ထုတ်ပေးရာတွင် COVID-19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP)နှင့် အညီ ပိုမိုထိရောက်သည့် နည်းလမ်းဖြင့် ချေးငွေ ထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ထူ ထောင်ရေးအတွက် လက်ရှိ ဦးစားပေး ကဏ္ဍများ အပြင် ထပ်မံ ဆောင်ရွက်သင့်သည့် ကဏ္ဍများနှင့် ပတ်သက်၍ ယခု ၂၀ ရက်က ပြုလုပ်သော ကော်မတီ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI)ဗဟို အလုပ်မှုဆောင် ဦးဝင်း ဌေးက “လျှောက်လွှာရဲ့ နံပါတ်စဉ်ပေါ်မှာ လိုက်ပြီး စစ်တာနေမှာပါ။ ကျနော်တို့ MRCCI က ပို့ရမယ့်ဟာတွေက နောက် ကျတာတွေ ရှိတယ်။ မတ်လ ၃၁ ရက် စတာဆိုတော့ သူတို့က ပထမရက်မှာထဲက စာရင်းဝင်ပြီ။ ကျနော်တို့က မပို့နိုင် သေးဘူး။ ဒါကြောင့်ပါ။ အခုကတော့ တိုင်းနဲ့ ပြည်နယ်တွေကို အလှည့်ပေးတယ်ဆိုတာ ပိုပြီး ကောင်းတာပေါ့” ဟု ဧရာ ဝတီသို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ချေးငွေ လျှောက်လွှာ ၁၅၀၀ ဝန်းကျင်ကို အသင်းမှ တင်ပြထားကြောင်း ၎င်းက ဆို သည်။

ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံ ပိုင်ရှင် ဦးအောင်မျိုးဟိန်းကလည်း “အခုအခြေအနေက အမှန်ပြောရင် တော်တော် အခက်အခဲ ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေအနေနဲ့က အစိုးရ ကနေ ထောက်ပံ့မယ်ဆိုတဲ့ ချေးငွေ တွေ ဘာတွေကို မျှော်လင့်ရတာ။ နောက် နှစ်လ၊ သုံးလမှာ လုပ်ခလစာတွေကို ပေးနိုင်ဖို့ အနေအထားက နိုင်ငံတော်က ပေးမယ့် ချေးငွေကို မျှော်လင့်နေရတယ်။ အခု ၈၇ ဘီလီယံကျော် ကျန်သေးပေမယ့် ဘယ်လိုပေးမလဲ၊ ဘယ်အချိန်ရမလဲ မသိဘူး။ စက်ရုံ လုပ်ငန်းကျတော့ အချိန် စောင့်လို့ မရဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် အစိုးရမှ ချေးငွေများ ချပေးမည် ဆိုလျှင် လုပ်ငန်းရှင်များအတွက် အချိန်ကာလသည် အရေးကြီးသောကြောင့် အစိုးရ အနေဖြင့် အချိန်ကာလတခုကို ထည့်သွင်း စဉ်းစား၍ ချပေးသင့်သည်ဟု ထင်မြင်ကြောင်း ၎င်းက သုံးသပ်ပြောဆို သည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်

ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်

လုပ်ငန်း ၁၁၁ ခုကို တတိယ အသုတ်အဖြစ် အစိုးရ ချေးငွေ ထုတ်ပေး

Your Thoughts …
Tags: COVID-19SME လုပ်ငန်းအစိုးရချေးငွေ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်၏ Mask တပ်ခြင်း အလေ့အထ ကျေးလက်အထိ ကျယ်ပြန့်လာ

ဒေါ်အောင်ဆန်းစုကြည်၏ Mask တပ်ခြင်း အလေ့အထ ကျေးလက်အထိ ကျယ်ပြန့်လာ

ရခိုင်ပြည်နယ် အတွင်းက စပါးစိုက်ခင်း တခု / မင်းအောင်ခိုင် / ဧရာဝတီ

မိုးရာသီ စပါးစိုက်နိုင်ရေး ဆောင်ရွက်ပေးရန် ရခိုင်လွှတ်တော်တွင်အဆိုတင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved