• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်

by နန်းလွင်
30 April 2020
in စီးပွားရေး
A A
လက်ရှိဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း က ၂ မှ ၃ ရာခိုင်နှုန်းကြား နှေးကွေးသွားမည်ဟု ကမာ္ဘ့ဘဏ်က သတိပေးခဲ့သည် / ထက်ဝေ

လက်ရှိဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း က ၂ မှ ၃ ရာခိုင်နှုန်းကြား နှေးကွေးသွားမည်ဟု ကမာ္ဘ့ဘဏ်က သတိပေးခဲ့သည် / ထက်ဝေ

11.3k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး အစီအစဉ် (CERP) ကို အစိုးရက ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းက စတင်ကြေညာခဲ့သည်။ CERP သည် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် အစိုးရ အသုံးစရိတ်များ တိုးမြှင့်ခြင်းမှသည် တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ခိုင်မာအားကောင်းအောင် ပြုလုပ်ခြင်း အထိ ပါဝင်သည့် လုပ်ဆောင်မှု အသစ်များနှင့် တုံ့ပြန်မှုအစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကမာ္ဘ့ ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို လျှော့ချရန် ဖြစ်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (MOPFI) ၏ CERP အစီအစဉ်အရ စီမံကိန်းတွင် ရည်မှန်းချက် ၇ ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခု နှင့် ဆောင်ရွက်မှု ၇၆ ခု ပါဝင်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးကို မထိခိုက်စေဘဲ သက်ရောက်မှုများကို လျှော့ချရန် ဖြစ်သည်။

CERP က ငွေကြေးလှုံ့ဆော်မှု Monetary stimulus မှတဆင့် မိုက်ခရို စီးပွားရေး ပတ်ဝန်းကျင် Macroeconomic environment တိုးတက်ရေးကို အဓိက ဦးတည်သည်။ အာရုံစိုက်သည်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများ တိုးတက်စေခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍ အပေါ်သက်ရောက်မှုကို လျော့ကျစေခြင်း၊ ကာယလုပ်သားများ၊ အလုပ်သမားများနှင့် အိမ်ထောင်စုများကို ကူညီခြင်း၊ တီထွင် ဆန်းသစ်မှုရှိသော ထုတ်ကုန်များနှင့် လမ်းကြောင်းသစ်များကို မြှင့်တင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားဖြည့်ပေးခြင်း၊ အရေးပေါ်ရန်ပုံငွေများ အပါအဝင် COVID-19 တုန့်ပြန်မှုဆိုင်ရာ ဘဏ္ဍာငွေ ရရှိနိုင်မှု တိုးမြှင့်ခြင်းတို့ ပါဝင်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
194
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
163
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

အစီအစဉ်ကို မထုတ်ပြန် မီ ဧရာဝတီက ဧပြီလ ၂၈ ရက် နေ့တွင် အစီအစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ ရရှိသော အချက်အလက်များအပေါ် အခြေခံ၍ CERP ၏ အထင်ရှားဆုံး အစီအမံအချို့နှင့် ပတ်သက်၍ သတင်း ရေးသားခဲ့ပါသည်။ အချို့သော အစီအမံများနှင့် တုန့်ပြန်မှုအစီအစဉ်များက အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်းကို ဧရာဝတီက သိရှိခဲ့ရပါသည်။

MOPFI က “မြန်မာနိုင်ငံသည် COVID-19 ၏ စီးပွားရေးအကျိုးဆက်များမှ မလွတ်မြောက်ခဲ့ပါ။ လွတ်မြောက်မည်လည်း မဟုတ်ပါ။ ထောက်ပံ့ရေး ကွင်းဆက် Supply chain နှင့် ကုန်သွယ်ရေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်စေခြင်း၊ လက်လီအရောင်းနှင့် (အပိုသုံး) အသုံးစရိတ်များ ကျဆင်းခြင်း၊ ခရီးသွားလုပ်ငန်း ရပ်တန့်သွားခြင်းနှင့် စားသုံးသူနှင့် ရင်းနှီးမြှုပ်နှံမှု စိတ်ဓာတ်များ ကျယ်ကျယ်ပြန့်ပြန့် ကျဆင်းသွားခြင်း စသည့် အကျိုးသက်ရောက်မှုများကို ခံစားခဲ့ရပြီဖြစ်သည်” ပြောသည်။

“CERP တွင် စီးပွားရေးတိုးတက်မှုဆီ တတ်နိုင်သမျှ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်မည့် အနေအထားတခုသို့ ကျနော်တ်ို့ကို ရောက်ရှိစေပြီး ကျနော်တို့၏ စီးပွားရေးအပေါ် COVID-19 သက်ရောက်မှု အတိုင်းအတာကို လျှော့ချပေးမည့် ဆောင်ရွက်မှုများ ပါဝင်သည်” ဟု MOPFI က ပြောသည်။

CERP တွင် COVID-19 ၏ စီးပွားရေး အပေါ် သက်ရောက်မှုများကို လျှော့ချရန် ငွေကြေးလှုံ့ဆော်မှုမှတဆင့် မက်ခရို စီးပွားရေးပတ်ဝန်းကျင်ကို တိုးတက်စေရန် အစီအမံများပါရှိသည်။ ၎င်းတို့ထဲတွင် ဘဏ်များ၏ အပ်ငွေနှင့် ချေးငွေ အတိုးနှုန်း သတ်မှတ်ချက်ကို ၃ ရာခိုင်နှုန်း လျှော့ချခြင်းအပြင် ဘဏ်များ၏ အနိမ့်ဆုံး အရံလိုအပ်ချက် လျှော့ချပေးခြင်း၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍတွင် ငွေဖြစ်လွယ်မှု ပိုမိုများပြားစေရန် လေလံစနစ် ကျင့်သုံးခြင်း၊ ဘဏ္ဍာရေး လိုငွေပြမှုအတွက် ငွေကြေး ထောက်ပံ့မှုကို ဗဟိုဘဏ်အား တိုးမြှင့်ခွင့်ပြုခြင်းနှင့် ငွေတိုက်စာချုပ် များနှင့် သက်သေခံလက်မှတ်များ လေလံတင်ရောင်းချမှု ယာယီလျှော့ချခြင်းတို့ ပါဝင်သည်။

ပုဂ္ဂလိက ကုမ္ပဏီများအပေါ် သက်ရောက်မှုကို လျှော့ချရန် ရည်ရွယ်သည့် ဆောင်ရွက်ချက်များထဲတွင် အစိုးရက ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ရေး ရန်ပုံငွေများ တိုးမြှင့်ပေးရန် ကတိပြုခဲ့သည်။ ပြီးခဲ့သည့်လတွင် အစိုးရက ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ CMP (အထည်ချုပ်နှင့် ကုန်ချောထုတ်လုပ်ရေး) နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ များ အတွက် ၁၀၀ ဘီလီယံ ကျပ် ရှိသော COVID-19 ရန်ပုံငွေ ကို တည်ထောင်ခဲ့သည်။ အတိုးနှုန်း ကို ၁ ရာခိုင်နှုန်း သတ်မှတ်ပေးခဲ့သည်။ ယခုကြေညာလိုက်သော အစီအစဉ်အရ ၂၀၂၀ နှစ်ကုန်ကာလအတွင်း ရန်ပုံငွေပမာဏက ဈေးကွက်တုံ့ပြန်မှုပေါ် မူတည်၍ ကျပ် ၂၀၀ ဘီလီယံ မှ ၅၀၀ ဘီလီယံ အထိ တိုးသွားလိမ့်မည် ဖြစ်သည်။

CERP ၏ တစိတ်တပိုင်းအနေဖြင့် အစိုးရက အခွန်ပေးဆောင်ရန် နောက်ဆုံး သတ်မှတ်ရက်ကို ဖြေလျှော့ပေးခဲ့ပြီး မြန်မာပိုင် စီးပွားရေးလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်များ စတင်ပေးခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ယခု ဘဏ္ဍာရေးနှစ်အထိ ပို့ကုန်များအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကြိုတင်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရလိမ့်မည် ဟုလည်း ကြေညာခဲ့သည်။

CERP တွင် ချေးငွေ အာမခံအစီအစဉ်များ ပါဝင်ပြီး လည်ပတ်ငွေကြေး ကျပ် ၁ ဘီလီယံ သို့မဟုတ် ထိုထက်နည်းသော မြန်မာစီးပွားရေးလုပ်ငန်းများသို့ လည်ပတ်ငွေကြေးအဖြစ် အသုံးပြုရန် ဘဏ်များက ထုတ်ချေးသည့် ချေးငွေအသစ် ၅၀ ရာခိုင်နှုန်းကို အစိုးရက အာမခံပေးမည်ဖြစ်သည်။ (လည်ပတ်ငွေကြေး ကျပ် ၁ ဘီလီယံ အတွက် အချိန်ကာလကို အတိအကျ မဖော်ပြခဲ့ပါ။) ၎င်းတို့သည် ပြုပြင်ထိန်းသိမ်းရေး သို့မဟုတ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ခန့်အပ်ထားသည့် ဝန်ထမ်းများကို ပြန်လည်ငှားရမ်းခြင်းတို့ပေါ်တွင် မူတည်သည်။

အစီအစဉ်အရ အစိုးရက မည်သည့် ထုတ်ကုန်၏ ကုန်သွယ်မှုကိုမဆို ငွေကြေးထောက်ပံ့မှုကို မြှင့်တင်ရန် သတ်မှတ်ထားသည့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များအတွက် ၂၀၂၀ ခုနှစ် မကုန်ခင်ကာလအတွင်း ကျပ်ငွေ ၁၀၀ ဘီလီယံ ရန်ပုံငွေ တခုကို တည်ထောင်မည်ဖြစ်သည်။

CERP က ချက်ချင်းဆောင်ရွက်ရမည့် အချက်များအဖြစ် COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ဆေးဝါးနှင့် သက်ဆိုင်သော ကုန်ပစ္စည်းများ တင်သွင်းခြင်း လုပ်ငန်းစဉ်ကို မြန်ဆန် လွယ်ကူ ချောမွေ့စေခြင်းနှင့် ကုန်ပစ္စည်းများသည် အခြားနိုင်ငံတွင် FDA က ခွင့်ပြုထားပါက သွင်းကုန်လိုင်စင်နှင့် FDA လိုအပ်ချက်များကို လျှော့ပေါ့ပေးခြင်းတို့ကို ဦးစားပေးအဖြစ် ဖော်ပြထားသည်။

CERP အရ သက်ဆိုင်ရာ အစိုးရဌာနများက ပို့ကုန်လျှောက်လွှာများ၊ လိုင်စင်နှင့် ပါမစ်များအားလုံးကို ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ ဈေးကွက် ဝင်ရောက်နိုင်မှုကို ထိန်းသိမ်းရန် သို့မဟုတ် ကျန်းမာရေး၊ ဘေးကင်းရေးနှင့် လုံခြုံရေး တို့ကို ကာကွယ်ရန် မလိုအပ်သည်များကို ဖယ်ရှားသွားမည် ဖြစ်သည်။ ထို့ပြင် အစိုးရက ယခုနှစ် စိုက်ပျိုးရေးရာသီတွင် စပါးစိုက်ရန် လယ်သမားများ ရရှိမည့်အကျုိုးအမြတ်များကို ဆက်လက်ထိန်းသိမ်းထားရန် ဆန်တင်ပို့မှု ချောမွေ့စေရေးကို ချက်ချင်း ကူညီပေးလိမ့်မည် ဖြစ်သည်။

အလုပ်သမားများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ခြေလှမ်းများထဲတွင် အလုပ်ထုတ်ခံထားရသောသူများနှင့် ပြန်လာသောရွှေ့ပြောင်းလုပ်သားများ  အလုပ်အကိုင်ရရှိစေရေး သေချာစေရန် လုပ်သားအင်အား အခြေပြုသည့် အခြေခံ အဆောက်အဦ စီမံကိန်းများ အကောင်အထည်ဖော်ရေးလည်း ပါဝင်သည်။

မတ်လနှောင်းပိုင်းမှစ၍ ထောင်ပေါင်းများစွာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများက ထိုင်းနှင့် တရုတ်နိုင်ငံများမှ ပြန်လာခဲ့ကြသည်။

အိမ်ထောင်စုများအပေါ် COVID-19 ၏ သက်ရောက်မှုကို လျှော့ချရန် CERP ၏ အဆင့်များထဲတွင်  ထိခိုက် အလွယ်ဆုံး ဒေသများရှိ IDP များ အပါအဝင် အထိခိုက်လွယ်ဆုံးသူများနှင့် အများဆုံး ထိခိုက်ခံရသူများသို့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် ငွေလွှဲပေးခြင်းများ ပါဝင်သည်။

ဧပြီလ အစောပိုင်းတွင် အစိုးရက အိမ်ထောင်စု အားလုံးအတွက် (သံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှအပ) လျှပ်စစ် ဓာတ်အားခကို တလလျှင် ယူနစ် ၁၅၀ အထိ လျှော့ပေးမည်ဟု ကြေငြာခဲ့သည်။ ထို့အပြင် ထိခိုက်လွယ်သော အိမ်ထောင်စု များနှင့် အန္တရာယ်ကျရောက်နိုင်သောသူများသို့ အစားအစာများ ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် CERP အရ မြန်မာနိုင်ငံဗဟိုဘဏ် (CBM) က COVID-19 ကြောင့် အဆိုးဆုံး ထိခိုက်နစ်နာ ခဲ့ရသည့် အိမ်ထောင်စုများသို့ ချပေးထားသော အတိုးနှုန်းနှင့် အပေါင်ခံငွေများနှင့် ပတ်သတ်ပြီး လျော့ပေါ့မှုများ ဖြစ်စေရန် ပုဂ္ဂလိက ငွေကြေးအဖွဲ့အစည်းများ ညှိနှိုင်းမည်ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားကောင်းလာစေရေး အစီအစဉ်အရ quarantine စင်တာများနှင့် အဆောက်အဦးများ တိုးတက်ကောင်းမွန်စေရန်နှင့် မှတ်တမ်းကောင်းရှိပြီး လူသိများသည့် ရောင်းချသူများထံမှ မျက်နှာဖုံးများ၊ အကာ အကွယ် ဝတ်စုံ(PPE)၊ ဆေးဝါး၊ အသက်ရှူစက်၊ အထူးကြပ်မတ် ကုသမှုယူနစ် (ICU) ပစ္စည်းကိရိယာများနှင့် နှလုံးသွေးကြောဆိုင်ရာ အထောက်အကူ ကိရိယာများ အပါအဝင်  COVID-19 ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး အဓိက အလျှင်အမြန် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ တင်သွင်းမှုက ရှည်လျားသော ဝယ်ယူရေး လုပ်ငန်းစဉ်မှ တဆင့် မဟုတ်ဘဲ တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်စေရန် အခြားဆောင်ရွက်ချက်များထဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (MOHS) မှ လက်ရှိဓာတ်ခွဲခန်းများ၊ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများကို တတ်နိုင်သမျှ လက်တွေ့ကျမှု ဦးစားပေးသည့် အစီအစဉ်ဖြင့် အဆင့်မြှင့်တင်သွားရေး ပါဝင်သည်။ ၂၀၂၀ ခုနှစ် မကုန်မီ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများနှင့် (ရေတိုတွင် အရေးပေါ်အခြေအနေ၌ ပါဝင်ပေးမည့်) စေတနာ့ဝန်ထမ်းများ ခေါ်ယူရန်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်လည်း ပါဝင်သည်။

အစိုးရအဖွဲ့အစည်းအားလုံး ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ခွဲဝေမှုကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး COVID-19 ရန်ပုံငွေသို့ ပြန်လည်ချထားပေးခြင်းလုပ်ငန်းစဉ် စတင်ခဲ့ပြီး ဖြစ်ကြောင်း MOPFI က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19  နှင့် သက်ဆိုင်သည့် အသုံးစရိတ်များနှင့် မူဝါဒများအတွက် နေရာဖန်တီးရေး အစိုးရအသုံးစရိတ်များကို ပြန်လည်နေရာချထားရန် လိုအပ်ခြင်းနှင့်အတူ  COVID-19 ကြောင့် ဖြစ်ပေါ်သည့် အခွန်ဝင်ငွေကျဆင်းခြင်း၏ အရေးပါမှုကို မျက်ကွယ်ပြု၍ မရနိုင်ကြောင်း ပြောသည်။

“ဒါပေမယ့် ဒီလို ပြန်လည်ခွဲဝေချထားမှုမျိုးက မြန်မာနိုင်ငံမှာ လက်ရှိ ခံစားနေရတဲ့ ခက်ခက်ခဲခဲ ရရှိထားတဲ့ အခြေခံ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်မှုတွေကို မထိခိုက်စေသင့်ပါဘူး။ ကျမတို့ နိုင်ငံရဲ့ စီးပွားရေးတုန့်ပြန်မှုက ကျမတို့ရဲ့ လူမှု ဝန်ဆောင်မှုတွေကို လျှော့ချခြင်း သို့မဟုတ် အလုပ်သမားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အခွန်တိုးမြှင့်ခြင်းတို့လည်း မပါဝင်သင့်ပါဘူး” ဟု သူက CERP ၏ အစီရင်ခံစာ အဖွင့်တွင် ရေးသည်။

ဒေါ်အောင်ဆန်းစုကြည်က“ COVID-19 က ကျမတို့ တိုင်းပြည်၊ စီးပွားရေးနဲ့ ပြည်သူလူထုတွေအပေါ် အရိပ်မိုးထားပြီးပါပြီ” ဟုလည်း ရေးသားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကက စီမံကိန်းကို ချီးမွမ်းခဲ့သည်။ ၎င်းက COVID-19 ၏ မလွှဲမရှောင်သော စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို လျှော့ပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။ အစီအစဉ်သည် သက်ဆိုင်သူအားလုံး၏ လိုအပ်ချက်များကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီး မည်သူကိုမှ ချန်မထားကြောင်းလည်း သူက ပြောသည်။

COVID-19 ၏ သက်ရောက်မှုများကြောင့် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးက သိသိသာသာ နှေးကွေးသွားခဲ့သည်။ ကူးစက်ရောဂါကြောင့် တိုင်းပြည်တဝန်းမှ ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သော အိမ်ထောင်စုများ အပြင်းထန်ဆုံး ထိခိုက်နိုင်ဖွယ်ရှိခြင်းနှင့် အတူ လက်ရှိဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း က ၂ မှ ၃ ရာခိုင်နှုန်းကြား နှေးကွေးသွားမည်ဟု ကမာ္ဘ့ဘဏ်က သတိပေးခဲ့သည်။

မြန်မာအစိုးရက ယခုအချိန်အထိ ပထမအသုတ် လျှောက်ထားမှုများထဲမှ ကုမ္ပဏီ ၈၈ ခု အတွက် COVID-19 ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ဒုတိယအသုတ်တွင် ကုမ္ပဏီ ပေါင်း ၁၀၀ ကျော် ကို ချေးငွေများ ပေးခ့ ပြီးဖြစ်သည်။ သို့သော်လည်း ကနဦး ချေးငွေအစီအစဉ်ကို စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန်ခဲ့ကြသည်၊ ကူးစက်ရောဂါ ကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးလုပ်ငန်းများအားလုံးကို လွှမ်းခြုံအောင်ပြုလုပ် နိုင်ခဲ့ခြင်း မရှိကြောင်း ပြောခဲ့ကြသလို COVID-19 ၏ စီးပွားရေး သက်ရောက်မှုနှင့် ပတ်သက်၍ ကနဦး တုန့်ပြန်မှုတွင် အစိုးရက နှေးကွေးနေခဲ့သည်ဟု ဝေဖန်ထားကြသည်။

လှိုင်သာယာစက်မှုဇုန် ဥက္ကဌ ဦး မြတ်သင်းအောင်က နောက်ဆုံးလုပ်ဆောင်ချက်ကို ကြိုဆိုသော်လည်း အတော် အသင့်  နောက်ကျနေပြီဖြစ်ကြောင်း ပြောသည်။

“စီးပွားရေးလုပ်ငန်း တော်တော်များများက ဆိုးဆိုးရွားရွား ထိခိုက်နေကြပြီ။ အစိုးရဆီကနေ ပိုပြီး အားပါတဲ့ စီးပွားရေးအရ လှုံ့ဆော်မှုတွေ ကျနော်တို့ လိုအပ်ပါတယ်” ဟု သူ ကပြောသည်။

“ကျနော်တို့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ တာပါ။ တဖြည်းဖြည်း ရွေ့ရမယ့် အချိန် မဟုတ်ပါဘူး။ အစိုးရအနေနဲ့ ကျနော်တို့ရဲ့ စီးပွားရေးနဲ့ ပြည်သူတွေကို ကယ်တင်ဖို့ အတတ်နိုင်ဆုံး မြန်မြန်လုပ်သင့်ပါတယ်” ဟု ဦး မြတ်သင်းအောင်က ပြောသည်။

(Nan Lwin ၏ Myanmar Launches Sweeping COVID-19 Economic Relief Plan ကို ဘာသာပြန်သည်။)

You may also like these stories:

ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်

ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်

ယာယီရပ်နား စက်ရုံလုပ်သားများ၏ လစာ ၄၀ ရာခိုင်နှုန်း အစိုးရက ထောက်ပံ့မည်

Your Thoughts …
Tags: CERPMOPFI
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

NLD အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ အတွင်းသရုပ်

NLD အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ အတွင်းသရုပ်

by မွန်မွန်မြတ်
26 October 2024
1.5k

ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည့် ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်၏ အတွင်းလူအမြင်ကို တင်ပြထားသည်။

မန္တလေးတောင်  / ဧရာဝတီ

စစ်ကောင်စီ သိမ်းမြေများ လေလံမှ NUG ဒေါ်လာ ၉ သန်း ရ

by ဧရာဝတီ
4 October 2022
8.2k

မြန်မာအမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် မန္တလေးတွင် စစ်ကောင်စီက တရားမဝင် သိမ်းထားသော မြေများကို လေလံပစ်ရာတွင် နှစ်ရက်ခွဲအတွင်း အမေရိကန် ဒေါ်လာ ၉ သန်းကျော် ရရှိသည်။

ရန်ကုန်တွင် တည်ဆောက်မည့် Spring Valour ကွန်ဒိုမီနီယမ် သရုပ်ဖော်ပုံ  / The End of Dictatorship

ကွန်ဒိုရောင်းချပွဲ NUG ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းကျော်ရ

by ဧရာဝတီ
24 January 2023
6.4k

"သူများတွေက အသက်တွေ စတေးပြီး စွန့်လွှတ်နေချိန်မှာ ပြန်ရှာလို့ရတဲ့ငွေနဲ့ တော်လှန်ရေးကို အကျိုးဆောင်ဖို့က ပြည်သူအားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်"

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာကြောင်း သမိုင်းဆရာ ဦးသန့်မြင့်ဦးက မြင်သည်

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

by ကျော်ဖြိုးသာ
9 May 2020
41.4k

Covid-19 အပေါ် အစိုးရရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ မေးမြန်းသော မေးခွန်းများကို ဦးသန့်မြင့်ဦး ဖြေကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အောက်တွင် ပါဝင်လာသော ရန်ကုန်မြို့သစ်တည်ဆောက်ရေး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်း ရှင်းလင်းတင်ပြခဲ့စဉ်  / NYDC

Covid-19 စီးပွားရေးမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုပါဝင်နိုင်သလဲ

by ခိုင်ဝင်း
11 May 2020
8k

စီမံကိန်းဘဏ်အတွင်းမှ ကိုဗစ်-၁၉ အလွန်ကာလ၌ အောင်မြင်နိုင်သည့် စီမံကိန်းများကိုသာ အမြန်ဆုံး အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်သင့်ပါသည်။

၂၀၂၀ ခုနှစ် မေလအတွင်းက ရွှေပြည်သာစက်မှုဇုန်အတွင်း ခွဲစိတ်ခန်းသုံး ဝတ်ရုံများ ချုပ်နေသော အလုပ်သမားများ / အောင်ကျော်ထက်

ကိုဗစ်ကပ်ရောဂါကာလ အလုပ်သမားအခွင့်အရေး ပိုကာကွယ်ရန် လိုအပ်

by Benjamin Harkins
21 September 2020
9.9k

အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရများသည် ခံစားစရာရှိ အတူမျှဝေပြီး စံစားစရာရှိ အတူမျှဝေရမည့် မိတ်ဖက်ဆက်ဆံရေးသာ ဖြစ်သင့်သည်။

Next Post
NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဦးကျော်ဝမ်းစိန်နှင့် ဦးအန့်ကန် / ဧရာဝတီ

နာဂ ခေါင်းဆောင်ဟောင်းများက ကိုဗစ်အရေး လိုအပ်လျှင် အစိုးရကို ကူညီမည်ဟု ဆို

ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု  /  ဒူးပလာယာခရိုင်

ပြည်တော်ပြန်များ Quarantine ဝင်နိုင်ရေး လက်နက်ကိုင် အဖွဲ့များလည်း အသင့်ပြင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved