• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ

by ကျော်ဖြိုးသာ
9 May 2020
in အင်တာဗျူး
A A
Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာကြောင်း သမိုင်းဆရာ ဦးသန့်မြင့်ဦးက မြင်သည်

Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာကြောင်း သမိုင်းဆရာ ဦးသန့်မြင့်ဦးက မြင်သည်

41.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ တွေ့ရှိရကြောင်း  ထုတ်ပြန်ကြေညာခဲ့သည်မှာ တလကျော်ပြီဖြစ်ပြီး တကမ္ဘာလုံးတွင် ဤကူးစက်ရောဂါမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားနေသည်။ ဒီမိုကရေစီနှင့် အရင်းရှင်စနစ်၏ အားသာမှုများမှာ မရေရာတော့ဘဲ ယနေ့ကမ္ဘာသည် အပြောင်းအလဲမှတ် တခုသို့ ရောက်နေပြီး ကမ္ဘာကြီး၏ အနာဂတ်သည် လွန်ခဲ့သော ဆယ်စုနှစ်များကထက် ပိုမို မှုန်ဝါးလာသည်ဟု သမိုင်းပညာရှင်တဦး ဖြစ်သည့် ဦးသန့်မြင့်ဦးက ရှုမြင်သည်။

“ကမ္ဘာကြီးဟာ ဘယ်ပုံဘယ်နည်း ပြောင်းလဲလာနေလဲဆိုတာကို မြန်မာနိုင်ငံအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပြီး အနာဂတ်ရွေးချယ်မှုတွေကို အခြေအမြစ်ကျကျ ပြန်လည်သုံးသပ်ဖို့လိုတယ်” ဟု သူက ဆိုသည်။  ကိုဗစ်-၁၉ အကျပ်အတည်းသည် အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံးသူများ အပါအဝင် ပြည်သူအားလုံးအတွက်  အကျိုးဖြစ်စေမည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် မြန်မာ့စီးပွားရေးကို လုံးဝဥဿုံ ပြောင်းလဲပုံဖော်ရန် အခွင့်အလမ်းဖြစ်ကြောင်း သူပြောသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.3k
တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)

19 May 2025
113

မကြာသေးမီက မြန်မာနိုင်ငံသည် အဓိက ရည်မှန်းချက်ပန်းတိုင် ၇ ခုပါဝင်သော ကိုဗစ်-၁၉ အတွက် စီးပွားရေး အကူအညီပေးရေးစီမံကိန်းတခုကို ထုတ်ပြန်ကြေညာခဲ့သည်။ အစိုးရ၏ အဆိုအရ ထိုစီမံကိန်းသည် စီးပွားရေးအပေါ် ကိုဗစ်-၁၉ ၏ ထိခိုက်မှုများကိုသာ လျှော့ချရန်မဟုတ်ဘဲ ခိုင်မာသော စီးပွားရေးတိုးတက်မှုသို့ အမြန်ဆုံးပြန်ခုန်တက်သွားစေရန်လည်း ရည်ရွယ်သည်ဟု သိရသည်။

ထိုစီးပွားရေး အကူအညီပေးရေး အစီအစဉ်ကို ထုတ်ပြန်ပြီးမကြာမီ နိုင်ငံစီးပွားရေး အပြည့်အဝနာလန်ထနိုင်ရေး ထိုစီမံကိန်း၏ အထောက်အကူပြုနိုင်သော အလားအလာနှင့် ထိုစီမံကိန်းတွင်ပါဝင်သည့် ကာလတိုလုပ်ငန်းများ အကောင်အထည်ဖေါ်ရာတွင် အစိုးရရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ မေးမြန်းသော မေးခွန်းများကို ဦးသန့်မြင့်ဦး ဖြေကြားခဲ့သည်။

ဦးသန့်မြင့်ဦးသည် သမိုင်းဆရာတဦး ဖြစ်သည့်အပြင်  ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန မူဝါဒစီမံရေးအကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်က သူသည် ကမ္ဘာ့ကပ်ရောဂါများနှင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးဆိုင်ရာများ အပါအဝင်  ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို နားလည်ရန် အားထုတ်မှုများကို ဦးဆောင်ခဲ့သည်။ သူ၏နောက်ဆုံးထုတ်စာအုပ်ဖြစ်သော “The Hidden History of Burma” ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

မေး။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေကို ယေဘုယျအားဖြင့် ဘယ်လိုအကဲဖြတ်မလဲ။

ဖြေ။ ခုချိန်ထိတော့ ကျန်းမာရေးအခြေအနေက ကောင်းကောင်းထိန်းချုပ်နိုင်မယ့် အနေအထားပါပဲ။ ဒီဗိုင်းရပ်စ်က အတည်ပြုထားတဲ့ ကူးစက်မှု ၁၇၀ လောက်အပြင် ဘယ်လောက်ကို ကူးစက်ထားတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးဘူး။ ဒါပေမယ့် အကြီးအကျယ် ကူးစက်မှုဖြစ်မယ့် လက္ခဏာတော့ သိပ်မတွေ့ရဘူး။ ဒီလိုပြောလို့ ကျနော်တို့အနေနဲ့ စိတ်ချလက်ချနေနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ရှေ့လာမယ့် ရက်သတ္တပတ်တွေက အဆုံးအဖြတ် ပေးနိုင်သလို မကြာခင် အနာဂတ်မှာ အလွန်တရာမှ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေ အလားအလာတွေလည်း အများကြီးရှိနေတယ်။ ဒါပေမယ့် လောလောဆယ် သာမန်ပြည်သူတွေအပေါ် အဓိက ရိုက်ခတ်မှုကတော့ စီးပွားရေးပါပဲ။

မေး။ သမိုင်းဆရာ တယောက်အနေနဲ့ အခြေအနေက အနာဂတ်မှာ ဘယ်လိုပုံပေါ်လာမယ်လို့ ထင်လဲ။

ဖြေ။ ကမ္ဘာကြီးက အလှည့်အပြောင်း တခုမှာ ရောက်နေတယ်။  ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်နဲ့ပတ်သက်ပြီး အောင်မြင်ခဲ့တဲ့ အတိတ်က ရေရာသေချာမှုတွေဟာ မှုန်ဝါးပျောက်ကွယ်လာပြီး စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်းထက် ပိုမိုကြီးမားတဲ့ မရေရာမှုတွေတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ သိပ္ပံနဲ့နည်းပညာက အရမ်းကို လျင်မြန်စွာ တိုးတက်နေတယ်။ ဒါပေမယ့် ကျနော်တို့မှာ အဲဒီ တီထွင်ဆန်းသစ်မှု အရှိန်အဟုန်ကို စီမံဖို့လိုအပ်တဲ့ နိုင်ငံရေး မဏ္ဍိုင်အဖွဲ့အစည်းနဲ့ တူတာ ဘာမျှမရှိဘူး။  ကျနော်တို့မှာ ရာသီဥတုပြောင်းလဲမှုရဲ့ အရမ်းကြီးမားလုနီးပါး စိန်ခေါ်မှုတွေလည်းရှိနေတယ်။ ဒီကမ္ဘာ့ကပ်ရောဂါက နောက်ထပ်မရေရာမှု အလွှာတခုကို ထပ်ပေါင်းထည့်ပေးလိုက်တယ်။ ကမ္ဘာကြီးပြောင်းလဲနေတဲ့ နည်းလမ်းကို မြန်မာနိုင်ငံအနေနဲ့ ရှင်းလင်းစွာ နားလည်ပြီး အနာဂတ်ရွေးချယ်မှုကို အခြေအမြစ်ကျကျ ပြန်လည်စဉ်းစားဖို့လိုတယ်။

မေး။ မကြာသေးခင်က ဆရာ့ရဲ့ISP ကဆောင်းပါးထဲမှာ မြန်မာနိုင်ငံအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ရုန်းကန်နေရတဲ့ အခြေအနေ ၃ ခုကို တင်ပြထားတယ်။ အခု ကျနော်တို့က ဘယ်အခြေအနေကိုဖြတ်သန်းနေတာလဲ။ တတိယအခြေအနေကတော့ အရမ်းကို ဆိုးရွားတယ်။ အဲဒီလို ဖြစ်လာမယ့်အလားအလာရှိလား။

ဖြေ။ အဲဒါက အတိအကျ ပြောလို့ မရဘူး။ ဒီဗိုင်းရပ်စ်အကြောင်း မသိတာတွေ အများကြီးရှိနေသေးတယ်။ အခုသေချာပေါက်ပြောနိုင်တာကတော့ ဒီရောဂါဟာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဝလွန်သူတွေကို ခွဲခြားကူးစက်တဲ့ရောဂါဖြစ်တယ် ဆိုတာပဲ။ မြန်မာနိုင်ငံမှာ အဝလွန်မှု အဆင့်နည်းတယ်၊ လူငယ်တွေ ရှိနေတယ်။ ကူးစက်ရောဂါအတွက် ကာကွယ်ဆေးက နှစ်နဲ့ချီ ကြာနိုင်သေးပေမယ့် လာမယ့်လတွေမှာ ဆရာဝန်တွေဟာ ဒီရောဂါကို ဘယ်လိုကုရမယ်ဆိုတာကို အများကြီး ပိုမိုနားလည်လာကြမယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ပြည်သူအများစုဟာ စနစ်ကျတဲ့ကျန်းမာရေး စောင့်ရှောက်မှုကိုရရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်တဲ့အလားအလာက အရမ်းကို နည်းသွားမယ်။ ဒါပေမယ့် အသက် ၆၀ ကျော်၊ ၆၅ နှစ် အရွယ်တွေအတွက်ကတော့ အရမ်းကိုကောင်းတဲ့ စစ်ဆေးရေး၊ ခြေရာခံရေးစနစ်တွေနဲ့တောင်မှ ပုံမှန်ဘဝကို ပြန်လည်စတင်ဖို့ အချိန်တော်တော် ယူရလိမ့်ဦးမယ်။

မေး။ အစိုးရက မကြာသေးခင်တုန်းက  စီးပွားရေးကို ကယ်ဆယ်ဖို့နဲ့ သာမန်ပြည်သူတွေကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၁.၅ ကနေ ၂ ဘီလျံလောက် တန်ပြီး အချက် ၇ ချက်ပါတဲ့ ကိုဗစ်-၁၉ စီးပွားရေးအကူအညီပေးရေး စီမံကိန်း (CERP) ကို ထုတ်ဖေါ်ကြေညာခဲ့တယ်။ အစိုးရရဲ့အဆိုအရ ဒီစီမံကိန်းဟာ ကိုဗစ်-၁၉ က စီးပွားရေးအပေါ် သက်ရောက်မှုတွေကို လျှော့ပါးစေရုံသာမက မြန်မာ့စီးပွားရေးတိုးတက်မှုမှာ အမြန်ဆုံး ပြန်ခုန်တက်လာမယ်လို့ သိရတယ်။ အဲဒီစီမံကိန်းကို ဘယ်လိုမြင်လဲ။

ဖြေ။ CERP ကိုကြိုဆိုသင့်တယ်။ အဲဒီထဲမှာ ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်မှုဖြစ်စေမယ့် အရေးပါတဲ့ ခြေလှမ်းတွေ အများကြီးပါတယ်။ အတိုးနှုန်းကို လျှော့ချတာ မှန်ပြီး ထပ်ပြီးလျှော့ချဖို့လည်းလိုတယ်။ အသုံးစရိတ်သစ်တွေကို ထောက်ပံ့ဖို့  အစိုးရက အနည်းဆုံးတော့ ဗဟိုဘဏ်ကနေ ချေးယူဖို့ အားကိုးတာ မှန်တယ်။ အဆိုပြုထားတဲ့ ပိုင်ဆိုင်မှုစီမံခန့်ခွဲ့ရေး ကုမ္ပဏီ Asset Management Company ဟာလည်း အခုလိုအရေးပါတဲ့အချိန်မှာ ဘဏ်တွေကို အကူအညီပေးရေးမှာ အရမ်းကို အရေးပါနိုင်တယ်။ ဒါပေမယ့် CERP ရဲ့အစိတ်အပိုင်းအများအပြားဟာ အသေးစိတ်တွေ မဖေါ်ထုတ်ရသေးတဲ့အတွက် ရည်မှန်းချက်နဲ့ပဲ သက်ဆိုင်နေတယ်။ နောက်ထပ်လှမ်းမယ့် ခြေလှမ်းအနေနဲ့ လက်ရှိအကျပ်အတည်းကို အရေးပေါ်တုံ့ပြန်မှုအတွက်သာမက စီးပွားရေးသစ်အတွက် အုတ်မြစ်ကို ချဖို့အတွက်ပါ ကျပ်ငွေ ထရီလျှံပေါင်းများစွာ ပမာဏရှိ အများပြည်သူဆိုင်ရာ ကဏ္ဍတွေမှာ သုံးစွဲမှု ပါဝင်တဲ့ အသုံးစရိတ် လမ်းကြောင်းပေါ်မှာ ပိုမိုရဲရင့်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။

မေး။ CERP မှာ ကာလတို လုပ်ငန်းစီမံချက်တွေလည်း အများအပြားပါဝင်တယ်။ ဒါတွေကို အကောင်အထည်ဖေါ်ရာမှာ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မယ်လို့ထင်လဲ။

ဖြေ။ စိန်ခေါ်မှုက မဏ္ဍိုင်အဖွဲ့အစည်းတွေနဲ့ဆိုင်တယ်။ အစိုးရရဲ့ မဏ္ဍိုင်အဖွဲ့အစည်းတွေဟာ မတူညီတဲ့ခေတ်တွေမှာ ဖြစ်ပေါ်တိုးတက်လာကြတယ်။ ကျနော်တို့တွေဟာ တီထွင်ဆန်းသစ်စွာ စဉ်းစားနိုင်ပြီး များပြားလှတဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ သတင်းအချက်အလက်တွေကို စုပ်ယူ၊ လျင်မြန်တဲ့ ဆုံးဖြတ်ချက်တွေချပြီး ဒီဆုံးဖြတ်ချက်တွေကို လိုအပ်သလိုပြောင်းလဲနိုင်တဲ့ နိုင်ငံတော် မဏ္ဍိုင်အဖွဲ့အစည်းတွေ လိုအပ်နေတယ်။ ဘဏ္ဍာငွေအထောက်အပံ့ရှာဖွေဖို့က ပြဿနာမဟုတ်ဘူး။  မြန်မာနိုင်ငံအနေနဲ့ ရှေးရိုးစွဲ ဘဏ္ဍာရေးနဲ့ ငွေကြေး မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ်။ ကျနော်တို့ဟာ ငွေကြေးကျုံ့တဲ့ ကမ္ဘာထဲကို ချဉ်းနင်းဝင်ရောက်လာနေပြီ။ ဗဟိုဘဏ်အနေနဲ့ ငွေချေးယူခြင်းဟာ ဒီအကျပ်အတည်း မဖြစ်ခင်ကလို ဆိုးကျိုးတွေဖြစ်စေတော့မှာမဟုတ်ဘူး။ အခုကျနော်တို့မှာ အသုံးချလို့ရတဲ့ ထူးခြားတဲ့အခွင့်အလမ်းရှိနေတယ်။ ဆိုလိုတာက အရေးပေါ် အခြေအနေအတွက်သာမက ရေရှည်အနာဂတ်အတွက်ပါ သေနင်္ဂဗျူဟာကျကျ သုံးစွဲဖို့ပါ။

မေး။ ဒီအကျပ်အတည်းဟာ အဆင်းရဲဆုံးနဲ့ အထိခိုက်လွယ်ဆုံးသူတွေ အပါအဝင် ပြည်သူတွေအားလုံးအတွက် ကောင်းတဲ့လမ်းကြောင်းပေါ်မှာ မြန်မာ့စီးပွားရေးကို အခြေအမြစ်ကျကျ ပြန်လည်ပုံသွင်းဖို့ အခွင့်အလမ်းလည်းဖြစ်တယ်လို့ ဆရာပြောခဲ့တယ်။ CERP မှာ ဒီလိုဖြစ်ဖို့ အလားအလာတွေမြင်ပါသလား။

ဖြေ။ ဒါပေါ့ အဲ့ဒီလို မြင်ရပါတယ်။ CERP မှာ သာမန်ပြည်သူတွေကို တိုက်ရိုက်ငွေထုတ်ပေးတာတို့လို အစီအမံတွေ ပါတယ်။ အဲဒါတွေကို ရည်မှန်းချက် ကြီးကြီးမားမားနဲ့ အမြန်ဆုံးအကောင်အထည်ဖေါ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

လူသန်းပေါင်းများစွာဟာ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးနေကြရတယ်။ လူသန်းပေါင်းများစွာဟာ ထိုင်းနဲ့အခြားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဆီက ရမယ့် ဝင်ငွေတွေကို ဆုံးရှုံးနေကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲသား ပြည်သူလူထုတွေဟာ ကြောက်စရာကောင်းတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကို တခုပြီးတခု ခံစားနေရတယ်။ တော်တော်များများမှာ ဘာမှမရှိတော့ဘူး။ သူတို့မိသားစုတွေက သူတို့ရဲ့မြေကို ဆုံးရှုံးသွားကြပြီ။ ရွာရဲ့လူမှုအဆောက်အအုံက ပြိုကျနေပြီ။ လူမှုဖူလုံရေး အာမခံချက်ဆိုတာမရှိဘူး။ သူတို့တွေ အကြွေးတင်နေပြီး သူတို့ကိုယ်သူတို့နဲ့ ကလေးတွေကိုကျွေးဖိုအတွက် ငွေတွေချေးယူနေရတယ်။ (အများစု)က လက်နက်ကိုင်ပဋိပက္ခနဲ့ နီးတဲ့နေရာတွေမှာနေထိုင်နေကြပြီး တနေ့ကို ထောင်ဂဏန်းလောက် ဝင်ငွေရမယ့် အလုပ်မှန်သမျှကိုလည်း ဆုံးရှုံးသွားကြပြီ။ သူတို့တွေ အတွက် အစားအသောက်ဝေပေးတာထက် ပိုမိုမျှတတဲ့ စီးပွားရေးစနစ်သစ်ကို လိုတယ်။

မေး။ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အကျပ်အတည်းဟာ လူမှုဖူလုံရေး နိုင်ငံတော်သစ်နဲ့ စက်မှု မူဝါဒသစ်အတွက် အုတ်မြစ်တွေချပေးမယ့် အခွင့်အလမ်းနှစ်ခုကို ဖန်တီးပေးမယ်လို့ မျှော်လင့်ကြောင်း ဆရာပြောခဲ့တယ်။ အစိုးရက အခုလုပ်နေတာတွေနဲ့ အဲဒီအခွင့်အလမ်းတွေကို အသုံးချနိုင်မယ်လို့ ထင်ပါသလား။

ဖြေ။ အဲဒီလို မျှော်လင့်ရတာပဲလေ။ ဆင်းရဲချမ်းသာ ကွာခြားမှု အလွန်ကြီးမားနေသမျှတော့ ဒီမိုကရေစီဆိုတာ မရှိနိုင်ဘူး။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ပြည်သူတွေရဲ့အတွေ့အကြုံတွေဟာ ကွဲပြားခြားနားလွန်းလို့ တူညီတဲ့ လူမှုအသိုင်းအဝန်းဆိုတဲ့ အသိတောင် မရှိတော့သလောက်ဖြစ်နေပြီ။ အနိမ့်ဆုံးလုပ်အားခ၊ လူတိုင်းအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သင့်တင့်လျှောက်ပတ်တဲ့ ပညာရေးကိုပေးမယ့် လူမှုဖူလုံရေး နိုင်ငံတော်ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံတော်က ဦးဆောင်ပြီး  ထုတ်လုပ်မှု အခြေပြုတဲ့ စက်မှုတိုးတက်မှုကို အရှိန်အဟုန်မြှင့်မှသာ လူမှုဖူလုံရေး နိုင်ငံတော်ဆိုတာကို အထောက်အပံ့ ပြုနိုင်မယ်။

ကျနော်တို့အနေနဲ့ (၁) လာမယ့် ၂ နှစ်နဲ့ ၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးဟာ ဘယ်ကိုရောက်နေမယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာသင့်တယ်။ (၂) ပတ်ဝန်းကျင်သစ်မှာ အမြန်ဆုံး ကြီးထွားပြီး သာမန်ပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ကဏ္ဍတွေကို ရှာဖွေ ထောက်ပံ့သင့်တယ်။ (၃) ရာသီဥတုပြောင်းလဲမှုအတွက် နိုင်ငံကို အသင့်ပြင်ပေးမယ့် အခြေခံအဆောက်အအုံတွေအပါအဝင် အများပြည်သူ အခြေခံ အဆောက်အအုံတွေကို အခြေအမြစ်ကျကျ တိုးတက်အောင် ဆောင်ရွက်သင့်တယ်။ (၄) ကျန်းမာရေးနဲ့ ပညာရေးမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံသင့်တယ်။ (၅) ပိုမိုစိမ်းလန်းစိုပြေပြီး နေထိုင်လို့ကောင်းတဲ့ မြို့ကြီးတွေတည်ထောင်ရေး လမ်းကြောင်းမှာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသာ လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေကို ယူသင့်တယ်။ နိုင်ငံဟာ သေနင်္ဂဗျူဟာ တရပ်လိုနေပြီ။ လွတ်လပ်တဲ့ဈေးကွက် ထူထောင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတာနဲ့ သေနင်္ဂဗျူဟာကျတဲ့ ရလဒ်ဖြစ်လာမယ်ဆိုတဲ့ စိတ်ကူးကနေ လမ်းခွဲဖို့ လိုနေပြီ။ အခု ကျနော်တို့မှာ ကျပ် ထရီလျှံပေါင်းများစွာ သုံးဖို့အခွင့်အလမ်းရှိနေတယ်။ အရမ်းကို ပြောင်းလဲသွားတော့မယ် ကမ္ဘာမှာ အရမ်းကိုပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံဟာ ဘယ်လိုနေမလဲလို့ စိတ်ကူးကြည့်ဖို့ လိုတယ်။

မေး။ အခု ဆရာမြင်ထားတာတွေအရ ဆိုရင် ကိုဗစ်-၁၉ အလွန်မြန်မာနိုင်ငံအတွက် ဆရာရဲ့ ကြိုတင်မှန်းဆချက်က ဘာဖြစ်မလဲ။

ဖြေ။ ကမ္ဘာ့စီးပွားရေးက လုံးဝနီးပါး ရပ်ဆိုင်းနေပြီး အကြီးအကျယ်ပြောင်းလဲတော့မယ့်အချိန်မှာ ကျနော်တို့မှာ ကျပ်ငွေ ထရီလျှံပေါင်းများစွာ သုံးဖို့ ထူးခြားတဲ့ အခွင့်အလမ်းရှိနေတယ်။ ဒါဟာ အနာဂတ်ကို ပြန်လည်စိတ်ကူးပုံဖေါ်ကြည့်တာကို ဆိုလိုတယ်။ ဒီနိုင်ငံဟာ မဆုံးနိုင်တဲ့ အလားအလာတွေရှိတဲ့ နိုင်ငံဖြစ်တယ်။ ဒါပေမယ့် အဲဒီအလားအလာကို ဖမ်းဆုပ်ဖို့ ရဲရင့်တဲ့ လုပ်ဆောင်မှုတွေ လိုတယ်။ မြန်မာနိုင်ငံဟာ သမိုင်းမှာ ဒီအချိန်ကာလရဲ့အခွင့်အလမ်းကို ယူလိုက်မယ်ဆိုရင် အလွန်တောက်ပတဲ့ အနာဂတ်တစ်ခု ရရှိနိုင်ပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော COVID-19 Response ‘a Chance to Reimagine Myanmar’s Future’  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

COVID-19 ရိုက်ခတ်မှု အစိုးရ၏ ကုစားရေး အစီအစဉ်အပေါ် အမြင်များ

Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်

ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်

Your Thoughts …
Tags: CERPCOVID-19စိတ်ကူး ပုံဖေါ်သမိုင်းအနာဂတ်ဦးသန့်မြင့်ဦး
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

ပါကင်ပိတ်

ပါကင်ပိတ်

by မောင်စူးစမ်း
28 October 2023
1.8k

မျက်မှောက်ခေတ်၏ ဈေးကွက် စီးပွားရေးတွင် အပြိုင်အဆိုင်သည် သဲကြီးမဲကြီး နိုင်လှ၏။ တိရစာ္ဆန်ချင်း ကျားကုတ်ကျားခဲ အပြန်အလှန် ကိုက်ခဲကြသလို ကိုက်ပြီး ပြိုင်နေကြရသည်။

NLD အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ အတွင်းသရုပ်

NLD အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ အတွင်းသရုပ်

by မွန်မွန်မြတ်
26 October 2024
1.5k

ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည့် ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်၏ အတွင်းလူအမြင်ကို တင်ပြထားသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ခဲ့သော ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ / MOI

ချင်းအမျိုးသားနေ့သမိုင်း

by ဆလိုင်းဗန်ကျုံးလျန် (ယူကေ)
20 February 2020
49.3k

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်” ကို “ချင်းအမျိုးသားနေ့” ဟူ၍ ချင်းရေးရာကောင်စီ သဘာပတိမှ အတည်ပြုရာကနေ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း

by ဧရာဝတီ
19 June 2023
9.7k

ကျမရဲ့ စာအုပ်မှာ အသစ်အဆန်း တခုခုပါမယ်ဆိုရင် ကျမစာအုပ်က သူ့ကိုချီးမွမ်းခန်းဖွဲ့တာ မဟုတ်သလို ဝေဖန်တိုက်ခိုက်တာလည်း မဟုတ်ဘူး။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

Next Post
မင်းသမီး Seo Yi Ji နဲ့ မင်းသား Kim Soo Hyun

ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun

ကရင်ပြည်နယ် အတွင်း တွေ့ရသည့် KNU ၏ Covid-19  ကာကွယ်တားဆီးရေး စစ်ဆေးရေး လှုပ်ရှားမှု  /  ဒူးပလာယာခရိုင်

အစိုးရနှင့် အပစ်ရပ်များ COVID-19 ကာကွယ်ရေး အချက် ၇ ချက်သဘောတူ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate