• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာဂ ခေါင်းဆောင်ဟောင်းများက ကိုဗစ်အရေး လိုအပ်လျှင် အစိုးရကို ကူညီမည်ဟု ဆို

by လဲ့လဲ့
30 April 2020
in သတင်း
A A
NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဦးကျော်ဝမ်းစိန်နှင့် ဦးအန့်ကန် / ဧရာဝတီ

NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဦးကျော်ဝမ်းစိန်နှင့် ဦးအန့်ကန် / ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးခင်က လွတ်မြောက်လာသည့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K) အဖွဲ့မှ ခေါင်းဆောင်ဟောင်းများက COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး လိုအပ်ပါ က အစိုးရကို ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောသည်။

ပြန်လည် လွတ်မြောက် လာသော NSCN-K အဖွဲ့မှ ခေါင်းဆောင်ဟောင်း ၅ ဦးအနက် တဦးဖြစ်သူ ဦးကျော်ဝမ့်စိန်က ပြောဆိုခြင်း ဖြစ်သည်။

၎င်းက“အရပ်သားပြည်သူလူထု တယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အစိုးရကနေ ဘယ်လို လမ်းညွန်ပေးလဲ။ အဲ့ဒီ အတိုင်းပဲ ကိုဗစ် ကာကွယ်ရေးအတွက် လိုက်နာရမှာပဲ။ လိုအပ်ရင်တော့ ကူညီပေးမှာပေါ့။ ကိုဗစ် ကာလအတွင်းမှာ အခု အချိန် အထိတော့ အခက်အခဲက မရှိသေးပါဘူး။ ဒါပေမယ့် နောက်ကြာလာရင်တော့ မပြောတတ်ဘူး”ဟု ဧရာဝတီသို့ ပြော သည်။

အဆိုပါ ၅ ဦးကို မတရားအသင်း အဖွဲ့ပုဒ်မ ၁၇(၁) ဖြင့် ခန္တီးမြို့နယ်တရားရုံးက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၇ ရက်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

ထို NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်းများမှာ သာသနာရေး ဝန်ကြီးဟောင်း ဦးကျော်ဝမ့်စိန်၊ သစ်တောရေးရာ ဝန်ကြီး ဟောင်း ဦးအန့်ကန်၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစောထိန် တို့ ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ပြန်လည် လွတ်မြောက်လာသူများတွင် အထက်ပါ ခေါင်းဆောင် ၅ ဦးနှင့် အတူ ဗိုလ်မှူး ကျွားရန်၊ ဒုဗိုလ် စိုင်းအောင်၊ အရာခံ ဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ်၊ တပ်သား လန်ကော် တို့လည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့ အားလုံးသည် ၂ဝ၁၉ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် NSCN-K အဖွဲ့မှ ထုတ်ပယ် ခံလိုက်ရသူများလည်း ဖြစ်သည်။

NSCN-K အဖွဲ့ဝင်ဟောင်း တဦးဖြစ်ခဲ့သည့် ဦးစောထိန်ကလည်း“ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဖွဲ့အစည်းကလည်း ထုတ်ပစ်လိုက်တယ်။ ထောင်လည်းကျတယ် ဆိုတော။ ကျနော်တို့က ပြီးသွားပြီလေ။ ကျနော်တို့က ငြိမ်းချမ်းရေး သွားချင်တာ။ သူတို့ကမှ မသွားချင်တာဆိုတော့ အဖွဲ့တွေကွဲ။ အဲဒီတော့ ကျနော်တို့ကို အဖွဲ့အစည်းကို ဆန့်ကျင်တယ် ဆိုပြီး ထုတ်ပစ် လိုက်တယ်”ဟု ပြောသည်။

ဦးကျော်ဝမ့်စိန်ကလည်း ထောင်ကထွက်လာပြီးနောက်ပိုင်း လယ်ယာ ပြန်လုပ်တော့မည်ဖြစ်ပြီး နိုင်ငံရေးပြန်လည် လုပ် ဆောင်တော့မည် မဟုတ်ဆိုသည့် ဆုံးချက်မှာ အဖမ်းခံရသူ ခေါင်းဆောင် ၅ ဦး သဘောထားဖြစ်သည်ဟု ပြောကြားသည်။

၎င်းတို့အား ထောင်ဒဏ် ချမှတ်လိုက်သည့် အဓိက အကြောင်းအရင်းမှာ အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေ သော ကသည်းနှင့် အာသံ သူပုန်များကို စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် တကား ကျေးရွာရှိ NSCN-K ထိန်းချုပ်နယ်မြေ ထဲတွင် ခိုအောင်းခွင့် ပေးထားခြင်းနှင့် စစ်သင်တန်းများပေးခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။

NSCN-K သည် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် နာဂ လက်နက်ကိုင် အဖွဲ့တခုဖြစ်ပြီး မြန်မာ အစိုးရ နှင့်၂၀၁၂ ခုနှစ် ဧပြီလတွင် တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးထားပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးစာချုပ် (NCA) လက်မှတ် ရေးထိုးရန် ပြည်ထောင်စု အဆင့် အနေဖြင့် ကမ်းလှမ်းခြင်း ခံထားရသည့်အဖွဲ့ ဖြစ်သည်။

ထို့ပြင် စစ်ကိုင်တိုင်းဒေသကြီး အတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နာဂ လူမျိုး အများဆုံး နေထိုင်ပြီး လူဦးရေ ၁ သိန်း ၃ သောင်းကျော်ရှိကာ အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသလည်း ဖြစ်သည်။

လက်ရှိတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုလုံး၌ COVID-19 ကာလအတွင်း ပြည်တွင်း၊ ပြည်ပမှ ပြန်လာသူများကို Quarantine ထားရှိရာ ဧပြီလ ၃၀ ရက်နေ့အထိ ၄၄ ဦးရှိသွားပြီ ဖြစ်ကြောင်း နာဂဒေသ ဦးစီးရုံးမှ သိရသည်။

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်က“Quarntine ၄၄ ယောက်ရှိတယ်။ အများအားဖြင့်ကတော့ အိန္ဒိယ ဘက်က လာတာများပါတယ်။ ပြည်တွင်းကလည်း ရှိပါတယ်။ လေရှီးနဲ့ နန်းယွန်းမှာရှိတဲ့ ကျောင်းတွေမှာ Quarantine ထားပါတယ်။ လပာယ်မှာတော့ ကျောင်းတွေလည်း ရှိတယ်။ ဆေးရုံမှာလည်း ရှိတယ်”ဟု ဧရာဝတီသို့ ပြော သည်။

အဆိုပါ ၄၄ ဦးကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော လေရှီး၊ နန်းယွန်း၊ လပာယ်မြို့နယ် အသီးသီးရှိ ဆေးရုံ နှင့် စာသင်ကျောင်းများတွင် Quarantine ထားရှိထားသလို Home Quarantine ထားရှိသူများလည်းရှိကြောင်း သိရ သည်။

ထို Quarantine ဝင်နေသူ ၄၄ ဦးတွင် အိန္ဒိယမှ စာသင်ပြီး ပြန်လာသူများပါဝင်သလို အိန္ဒိယ ဘက်သို့ သွား၍ ဆေးကုသ ပြီး ပြန်လာသူများလည်း ပါဝင်ကြောင်း၊ ပြည်တွင်းမှ ပြန်လာသူ အများစုမှာ ကချင်ပြည်နယ် ဖားကန့်တွင် အလုပ်လုပ်ပြီး ပြန်လာ သူများလည်း ရှိကြောင်း လေရှီးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောသည်။

လေရှီးတွင် Quarantine ဝင်သူများ ရှိနေပြီး ကျန်းမာရေး အပိုင်းတွင် လိုအပ်ချက်များ ရှိနေ သော်လည်း COVID-19 ကာကွယ်ရေး အတွက် စစ်ဆေးရေးဂိတ် ၅ ခုထားရှိကာ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ပေးလျက် ရှိသည်ဟု လည်း သိရသည်။

ဦးကျော်ဌေးက“ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကတော့ အခုထိ ဖြည့်ဆည်းပေးတာ မရှိသေး ပါဘူး။ ကျနော်တို့ လေရှီး မြို့နယ် ဆေးရုံတွေမှာ အရင်က မြို့နယ်ဆရာဝန်နဲ့ လက်ထောက် ဆရာဝန်ဆိုပြီး ၂ယောက်ရှိတယ်။ အခုက ဆရာဝန် တယောက်ပဲ ရှိနေပြီး ဆွမရာတို့မှာဆို ဆရာဝန် လုံးဝမရှိသေးဘူး။ လိုအပ်နေသေးတယ်”ဟု ပြောသည်။

သက်ဆိုင်ရာဝန်ကြီးဌာနကို အဆိုပါကိစ္စအား တင်ပြထားသော်လည်း လက်ရှိတွင် ဝန်ထမ်းခန့်အပ်ရန် သင်တန်းဆင်းများ လုံလောက်မှု မရှိသေးဟု အကြောင်းပြန်ထားကြောင်း သိရသည်။

လေးရှီးမြို့နယ်သည် အိန္ဒိယ၊ ဟုမ္မလင်း၊ ခန္တီး တို့နှင့် ထိစပ်နေသော မြို့ ဖြစ်သော်လည်း ပြည်တွင်းသွားလာရန် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် အိန္ဒိယဘက်ကို အားထားသွားလာကြသည်။

ထို့ကြောင့် အိန္ဒိယဘက်သို့ ဆေးကုသွားခြင်း၊ ဈေးရောင်းဈေးဝယ် လုပ်ခြင်း၊ ကျောင်းတက်ခြင်း များ အတွက် သွားလာကြ သူများ ရှိသလို ဖားကန့်ဘက်နှင့် ခန္တီးဘက်များတွင် ရွှေနှင့် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများတွင်လည်း သွားရောက် လုပ်ကိုင်သူများ ရှိသည်။

၂၀၁၆ ခုနစ်တွင် နာဂဒေသ၌ ကလေးငယ်များ ဝက်သက်ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားမှု ရှိခဲ့သော်လည်း ယခု အချိန် တွင် ငှက်ဖျားနှင့် တီဘီ ရောဂါဖြစ်ပွားမှု အများဆုံး ဒေသတခုဖြစ် ကြောင်း သိရသည်။

You may also like these stories:

နာဂခေါင်းဆောင်ဟောင်း ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

လေရှီးတွင် စောင့်ကြည့်လူနာများ အတွက် ကျန်းမာရေး ဝန်ထမ်း မလုံလောက်၍ စိုးရိမ်နေ

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေးမှု စတင်လုပ်ဆောင်

နာဂနယ်စပ်ဂိတ် ပိတ်ရက်ရှည်ပါက ဒေသခံများ ကျန်းမာရေးအတွက် အခက်တွေ့နိုင်

Your Thoughts …
Tags: နာဂ ခေါင်းဆောင်ဟောင်းများနှင့် COVID-19
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပြည်တော်ပြန်များအတွက် KNU က Quarantine Center များ ပြင်ဆင်ထားမှု  /  ဒူးပလာယာခရိုင်

ပြည်တော်ပြန်များ Quarantine ဝင်နိုင်ရေး လက်နက်ကိုင် အဖွဲ့များလည်း အသင့်ပြင်

AYA Bank မှ ပြုလုပ်ပေးထားသော စောင့်ကြည့်စင်တာကို ပိုးသတ်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတဦး  / ထက်ဝေ  / ဧရာဝတီ

မန္တလေးတွင် COVID-19 ပိုးစစ်မည့်ဓာတ်ခွဲခန်း မေလကုန်ဖွင့်နိုင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved