• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာဂနယ်စပ်ဂိတ် ပိတ်ရက်ရှည်ပါက ဒေသခံများ ကျန်းမာရေးအတွက် အခက်တွေ့နိုင်

by လဲ့လဲ့
13 March 2020
in သတင်း
A A
ပန်ဆောင်နယ်စပ်ဂိတ် / ပန်ဆောင်ပွဲတော်

ပန်ဆောင်နယ်စပ်ဂိတ် / ပန်ဆောင်ပွဲတော်

23.2k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID -19)ကြောင့် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသော နာဂဒေသပန်ဆောင်မြို့ရှိ နန်ပေါင် နယ်စပ် ဂိတ် ပိတ်သွားသည့်အတွက် ဒေသခံများအနေဖြင့် ကုန်သွယ်မှုအပြင် ကျန်းမာရေးအတွက်ပါ အခက်အခဲရှိ လာနိုင်ကြောင်း နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝမ်းလှက ဧရာဝတီသို့ ပြောသည်။

နန်ပေါင်နယ်စပ်ဂိတ်ကို မတ်လ ၁၂ရက်နေ့တွင် အိန္ဒိယဘက်မှ တဖက်သတ် ပိတ်လိုက်ခြင်းဖြစ်ပြီး ထိုဂိတ်သည် မြန်မာနှင့် အိန္ဒိယတို့ တရားဝင်ဖွင့်လှစ်ထားသည့် မဟုတ်သော်လည်း နာဂပြည်သူများအနေဖြင့် မြန်မာပြည်တွင်းနှင့် ဆက်သွယ် သွားလာရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် နန်ပေါင်မြို့ကိုသာ အားထား ကူးသန်း သွားလာနေရသည်ဟု သိရ သည်။

ပန်ဆောင်အခြေခံပညာ အထက်တန်း(TEAM BHP)

ဦးဝမ်းလှက “နာဂက လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ဘာပဲဖြစ်ဖြစ် အိန္ဒိယဘက်ကိုပဲ အားကိုးရတယ်။ ဒီဘက်က ဈေးသွားရောင်းတာက စီးပွားဖြစ်မှ မဟုတ်ပဲ။ တခုပဲရှိတယ် နေမကောင်းလို့ရှိရင် နန်ပေါင်မြို့ကို သွားပြရတယ် ဆိုတော့ တကယ်လို့ ကျန်းမာရေးအရေးပေါ်ရှိလာရင်တော့ အများကြီးအခက်အခဲ ရှိလာနိုင်တာပေါ့”ဟု ပြောသည်။

ပန်ဆောင်ပြည်သူများသည် နန်ပေါင်ဈေးသို့ စီးပွားဖြစ်မဟုတ်ပဲ တပိုင်တနိုင် စိုက်ပျိုးထားသည့် သီးနှံများကို သွားရောက် ရောင်းချခြင်းရှိသလို အိန္ဒိယဘက်မှ ပစ္စည်းတချို့ကိုလည်း နာဂပြည်သူများက ဝယ်ယူသုံးစွဲ ကြသည်။

ပန်းဆောင်ဒေသခံ ဒေါ်ဝေဝေက “ဈေးရောင်းတာက အိမ်စိုက်ထားတဲ့ အသီးအနှံလေးလောက်ပါပဲ။ တနေ့ကို ၃ထောင် လောက်တော့ရတယ်။ အခုလိုပိတ်လိုက်တော့ ဈေးမရောင်းရတော့ ငွေမရဘူးပေါ့။ ရက်ကြာလာမှာ တော့ စိတ်ပူတယ်။ ဘာလို့ဆို အစစအရာရာ သူတို့ကိုပဲ အားကိုးနေရတာဆိုတော့” ဟု ပြောသည်။

နန်ပေါင်ဈေးသည် တလလျှင် ၃ကြိမ်ဖွင့်ပေးထားသော်လည်း နန်ပေါင်မြို့သို့ သွားလိုပါက သောကြာနေ့ တရက်သာ သွားခွင့်ပြုထားသည်ဟု သိရသည်။
ပန်းဆောင်မြို့တွင် ကျေးရွာပေါင်း ၁၈ရွာရှိပြီး လူဦးရေ တသောင်းကျော်နေထိုင်ကြပြီး တောင်ယာစိုက်ခြင်း၊ တောလိုက်ခြင်းဖြင့် အသက်မွေးကြသူများ ဖြစ်သည်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေး အား ပန်ဆောင်မြို့ဖွင့်လှစ်နိုင်ရန်အတွက် နယ်စပ်ဈေးများ စီမံခန့်ခွဲရေး နည်းလမ်းကို နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်း အတည်ပြုပြီးသည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ လ ၁၄ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

You may also like these stories:

ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ

လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့

Your Thoughts …
Tags: နယ်စပ်ဂိတ်နာဂပန်ဆောင်အိန္ဒိယ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်

KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်

by ဧရာဝတီ
27 August 2024
10k

တရုတ်အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲများ ရပ်တန့်ရေးအတွက် KIA၊ ညီနောင် မဟာမိတ်သုံးဖွဲ့ တို့နှင့် ထိတွေ့ဆက်ဆံမှုများရှိသကဲ့သို့ တဖက်ကလည်း နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ ကုန်စည်ဝင်ထွက်မှုများ တင်းတင်းကျပ် ကျပ် ထိန်းချုပ်ခြင်းဖြင့် ဖိအားပေး

Next Post
မန္တလေးစက်မှုဇုန်ရှိ စက်ရုံတရုံ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ကိုရိုနာဗိုင်းရပ်စ်ဂယက် မန္တလေးစက်မှုဇုန်အပေါ် သက်ရောက်မှုမရှိသေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြင်းထန်နေတဲ့ အီတလီနိုင်ငံကို Pornhub က Premium Service အခမဲ့ ကြည့်ရှုခွင့် ပေးလိုက်တာပါ။

အီတလီနိုင်ငံသားများကို Premium Service အပြာကား အခမဲ့ ကြည့်ခွင့်ပေးလိုက်တဲ့ Pornhub

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved