• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေးမှု စတင်လုပ်ဆောင်

by လဲ့လဲ့
19 March 2020
in သတင်း
A A
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ / လဲ့လဲ့ / ဧရာဝတီ

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ / လဲ့လဲ့ / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် ၃ ခုတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး အသိပညာပေးမှုများကို မြို့နယ်ကော်မတီများဖွဲ့ကာ လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ဧရာဝတီသို့ ပြောသည်။

ဦးကေဆိုင်းက” ဗိုင်းရပ်စ်ကတော့ နာဂဒေသမှာ အေးဆေးပါပဲ။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်မှာတော့ ကော်မတီတွေ ဖွဲ့ထားပါတယ်။ လက်ရှိတော့ပြည်သူကို အသိပညာပေးဖို့ လုပ်နေတယ်။ မြို့နယ် ကျန်းမာရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်မယ်”ဟု ပြောသည်။

RelatedPosts

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
74
KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

12 June 2025
96
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
2.5k

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးနှင့် ရောဂါစောင့်ကြပ် ကြည့်ရှု့ရေး၊ တိုင်းဒေသကြီးအဆင့် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၈ ရက်နေ့က အစိုးရ အဖွဲ့ရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်း ဆွေးနွေးခဲ့ပြီး ပြည်သူများကို လက်ဆေးရည်နှင့် မျက်နှာဖုံးများ ပေးဝေခြင်း၊ ကျန်းမာရေး ဌာနက ထုတ်ပြန်သော အသိပညာပေးမှုများကို သေချာစွာလိုက်နာရန် စသည့်လုပ်ဆောင်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကလည်း ” တရုတ်ပြည် အလုပ်သွား လုပ်တဲ့သူတွေ ပြန်လာရင် သေချာတော့ စစ်တယ်။ ဘာရောဂါလက္ခဏာမှတော့ မတွေ့ဘူး။ ဒါပေမယ့် ရွာတွေက လက်မခံချင်ကြဘူး။ ဆေးရုံမှာပဲ ထားချင်တယ်။ ကျနော်တို့ကလည်း တရုတ်က ပြန်လာသူတိုင်း လက်ခံထားဖို့က မလွယ်ဘူးလေ။ သူတို့က တရွာလုံးကူးမှာစိုးတာ။ အကြောက်လွန်တာပေါ့။ ဒါကို ကျနော်တို့ တော်တော်လေး ရှင်းပြရတယ်”ဟု ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလူမျိုးများ အများဆုံးနေထိုင်ကြပြီး လူဦးရေ ၁၃၀၀၀၀ ကျော်ရှိကာ အိန္ဒိယနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသော ဒေသဖြစ်သည်။ နာဂဒေသသည် ၂၀၁၆ ခုနှစ်တွင် ကလေးငယ် များ ဝက်သက်ရောဂါ အစုအပြုံလိုက် ဖြစ်ပွားမှု ရှိခဲ့သလို လက်ရှိတွင်လည်း ငှက်ဖျားနှင့် တီဘီရောဂါဖြစ်ပွားမှု အများဆုံး ဒေသ တခုဖြစ်သည်။

လေရှီးဆေးရုံကြီးမှ ကျန်းမာရေးနှင့်ကုသရေး ဌာနမှူး ဒေါက်တာနေအောင်စိုးကလည်း” ဆေးရုံမှာ isolation room သီးသန့်ခန်း တခုထားတယ်။ အရေးပေါ် ဖြစ်လာရင် ဘယ်လို သွားကြမယ်ဆိုတာလည်း စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ပြောသည်။

နန်းယွန်းဒေသခံ ဒေါ်အေးမြင့်ကလည်း နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်အပြင် တရွာနှင့် တရွာ အလှမ်းဝေးသောကြောင့် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး အသိပညာရရှိရန် တခြားဒေသများထက် ပိုမို ခက်ခဲသည့် အတွက် အစိုးရမှ ယခုကဲ့သို့ မြို့နယ်ကော်မတီများဖွဲ့ပြီး အသိပညာပေးလုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်း ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူစုလူဝေးများ ကို ရှောင်ရှားရန် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့်အတွက် မုံရွာမြို့တွင် နှစ်စဉ် တပေါင်းလပြည့်ကျော် ၅ ရက်နေ့မှ လကွယ်နေ့ထိ ကျင်းပသည့် အလုံဘိုးဘိုးကြီးပွဲတော်ကို မတ်လ ၁၈ရက်က ပိတ်လိုက်ပြီဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၉ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါကူးစက် ပြန့်ပွားနေသည့် နိုင်ငံ ၁၆၂ နိုင်ငံရှိပြီး ကူးစက်ခံရသူ ၂၁၉၆၇၄ ဦးရှိကာ သေဆုံးသူပေါင်း ၈၉၂၉ ဦးရှိပြီဟု သိရသည်။

You may also like these stories:

မန္တလေးရှိ နိုက်ကလပ်၊ ဘားများ ယနေ့မှစ၍ ပိတ်ရမည်

နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ဝင်ရောက်ခွင့် ယနေ့ စပိတ်

ကြံခိုင်ရေးအမတ်၏ ကိုရိုနာနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်သို့ တင်ပြခွင့်မရ

Your Thoughts …
Tags: နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဖေဖော်ဝါရီ၂၈ ရက်က ပြည်တက္ကသိုလ်ကျောင်းတွင်း သင်္ကြန် ဆင်နွှဲနေကြပုံ  / ကောင်းမြတ်မင်း / ဧရာဝတီ

ပဲခူးတိုင်း၌ သင်္ကြန်နှင့် ပွဲလမ်းသဘင် အခမ်းအနားများ မလုပ်ရန် ညွှန်ကြား

မကွေးလေတပ်စခန်းမှ လက်နက်အစိတ်ပိုင်းတခု ထိမှန်ခဲ့သည့် ဂိုထောင်အား မြင်ရစဉ်  / ဧရာဝတီ

မကွေးလေတပ်စခန်းမှ လက်နက် အစိတ်အပိုင်းတခု ထိမှန်၍ တဦး ဒဏ်ရာရ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate