• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့စီးပွားရေး ကုစားရန် အစိုးရချေးငွေ ဒုတိယအသုတ် ထပ်ချေးပေးမည်

by မျိုးပပစန်း
27 April 2020
in သတင်း
A A
ပထမအသုတ်အတွက် ချေးငွေ လျှောက်ထားမှုများကို တွေ့ရစဉ်  / UMFCCI

ပထမအသုတ်အတွက် ချေးငွေ လျှောက်ထားမှုများကို တွေ့ရစဉ် / UMFCCI

8.4k
VIEWS
Share on FacebookShare on Twitter

COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုများ ကုစားနိုင်ရန် SME လုပ်ငန်းများအပေါ် အစိုးရချေးငွေ ဒုတိယ အသုတ်ကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

ထိုချေးငွေကို နိုင်ငံတော် လှည့်ပတ် ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ အား COVID -19 Fund အဖြစ် မြန်မာ့ စီးပွားရေးဘဏ်တွင် ထူထောင်ထားပြီး ပထမအသုတ် ချေးငွေ ကို ဧပြီလ ၉ ရက်မှ စတင်၍ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင် ၈၈ ဦးကို ထုတ်ချေးပေးထားသည်။

ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ အတွင်းရေးမှူး ဦးအောင် နိုင်ဦးက “နိုင်ငံတော်က လှည့်ပတ်ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ ထဲကနေ ကျပ် ဘီလီယံ ၁၀ ကျော်ကို ထုတ်သုံးပြီး သွားပြီ ဖြစ်ပါတယ်။ ဒုတိယ အသုတ်ထဲမှာတော့ မူလကြေညာထားတဲ့ လုပ်ငန်း အုပ်စုတွေပဲ ထုတ်ချေးမှာ ဖြစ်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ဒုတိယ အသုတ်ချေးငွေတွင် ချေးငွေပမာဏ မည်မျှ အတိအကျ ထုတ်ပေးမည်ကို ပြောဆိုခြင်း မရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းပေါင်း ၁၀၀ ကျော် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ချေးငွေ ကာလမှာ တနှစ် သတ်မှတ်ထားကြောင်း မတ် လ ၁၈ ရက်က အစိုးရက ထုတ်ပြန်ထားသည်။

ထိုချေးငွေကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် မတ်လ ၃၀ ရက်မှ ဧပြီလ ၉ ရက်အထိ လျှောက်ထားသူ ၁၆၀၀ ကျော် ရှိနေသည်။

UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုးသာက “ကျပ်ဘီလီယံ ၁၀၀ ရတော့ အကုန်လုံးက နည်းတယ်၊ များတယ်ဆိုတဲ့ အငြင်းပွားမှုလေးတွေ ရှိတယ်။ လုပ်ငန်းရှင် တယောက်အနေနဲ့ ပြောရရင် ကိန်းဂဏန်းတခု ထွက်လာတာ အကောင်းဆုံး အခြေအနေပဲ။ တကမ္ဘာလုံးမှာလည်း အစိုးရတွေက ထွက်ကူပါတယ်။ အခု ထိခိုက်မှုကို ကုစားတဲ့ ကဏ္ဍ ၃ ခုတောင်မှ လောက်မယ် မထင်ဘူး” ဟု ပြောသည်။

လက်ရှိတွင် COVID-19 ကြောင့် ထိခိုက်နေသည်မှာ လုပ်ငန်း အကြီး၊ အလတ်များလည်း ရှိနေသောကြောင့် ကဏ္ဍ ၃ ခု အပြင် အခြားစီးပွားရေး ကဏ္ဍများကိုလည်း ကူညီရန် လိုအပ်နေပြီး အစိုးရအနေနှင့် ကျပ်ဘီလီယံ ၁၀၀ အပြင် ဆက်တိုက် ကုစားမှုများကို လုပ်ဆောင်သင့်ကြောင်း ၎င်းက သုံးသပ်သည်။

အစိုးရချေးငွေ လျှောက်ထားမှု အများဆုံးမှာ လက်ခစားစနစ် ဟုခေါ်သည့် CMP လုပ်ငန်းများ ဖြစ်ပြီး ဒုတိယ အများဆုံးများ SME လုပ်ငန်းများ ဖြစ်ကာ ယင်းနောက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖြစ်ကြောင်း UMFCCI မှ သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ထွေထွေ အတွင်းရေးမှူး ဦးမင်းကျော်ဦးက “ပထမအသုတ်ပေးတဲ့ SME ထဲမှာ ကျနော်တို့ ဟိုတယ် လုပ်ငန်းလည်း ပါတယ်။ ပေးတာတော့ လုပ်ငန်းရှင်တဦး တောင်းတဲ့အပေါ်မှာ ပမာဏ စိစစ်တယ်၊ အပြီးသတ် စိစစ်တယ်။ အဲဒီ အပေါ်မှာမှ ဖြစ်နိုင်ချေ ရှိတာကို ပေးတယ်။ ဥပမာ ဝန်ထမ်း ဘယ်လောက်ရှိလဲ၊ လစာ ဘယ်လောက် ပေးရလဲ။ ဘယ်လို ပုံစံနဲ့ပေးမှာလဲ။ လုပ်ငန်း ပြန်လည်ပတ် ရှင်သန်တဲ့ လုပ်ငန်းဖြစ်မလား၊ ဒီအပေါ် မူတည်ပြီး ရွေးချယ်ပေးတယ်” ဟု ပြောပြသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ယခု ပေးသည့် ချေးငွေသည် ကျွမ်းကျင်ဝန်ထမ်းများ မလျှော့ပါးစေရေး၊ အလုပ်လက်မဲ့ မဖြစ်စေရေး အတွက်သာ ရည် ရွယ်၍ ပေးသော ချေးငွေဖြစ်ပြီး လုပ်ငန်းများ လည်ပတ်ရန်အတွက် မပါသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ကျပ် ဘီလီယံ ၁၀၀ သည် COVID-19 ကြောင့် ထိခိုက်နေသော စီးပွားရေး လုပ်ငန်းများ အတွက် ကုစားရန် လုံ လောက်မှု မရှိကြောင်း ယင်းချေးငွေသည် ဝန်ထမ်းများ လစာပေးမှု ဆိုသည့် အောက်တွင်သာ ရှိနေသေးကြောင်း နယ်ပယ် အသီးသီးက လုပ်ငန်း ရှင်များကလည်း ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

ဗဟိုဘဏ် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်လျှော့မည်

Your Thoughts …
Tags: SMEမြန်မာ့စီးပွားရေးအစိုးရချေးငွေ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

by ဧရာဝတီ
12 December 2023
1.7k

အရှေ့အာရှဒေသတွင်း ကိုဗစ် ၁၉ ကပ်ရောဂါ မတိုင်မီက ရှိခဲ့သော စီးပွားရေးအခြေအနေသို့ ပြန်၍ မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

by ဧရာဝတီ
12 June 2025
602

ငလျင်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ယခင် စစ်ဗိုလ်ချုပ်များနှင့်ပေါင်းပြီး စီးပွားရှာခဲ့သော ခရိုနီအဟောင်းများအပြင် မင်းအောင်လှိုင်လက်ထက် ခရိုနီ လက်သစ်ပေါင်းများစွာလည်း ပေါ်ထွက်လာနေသည်

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

by ဧရာဝတီ
6 February 2023
9.9k

စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍမှာ အသက်ငင်နေသည့် အခြေအနေ ဆိုက်ရောက်နေပြီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကျပ်အတည်းများကြားက ရုန်းကန်နေကြရသည်။

စစ်အသုံးစရိတ်တွေ ပြည်သူကို မချပြတော့ (ရုပ်/သံ)

စစ်အသုံးစရိတ်တွေ ပြည်သူကို မချပြတော့ (ရုပ်/သံ)

by ဘုန်းအောင်
5 June 2024
385

အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ စစ်အသုံးစရိတ် ဘက်ဂျက်ကို စံချိန်တင် တိုးသုံးပြီးနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာအသုံးပြုမယ့် စစ်အသုံးစရိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိတော့ဘဲ ပြည်သူလူထုကို အသိမခံတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး...

မှောင်ခိုတွေ ကြီးထွားပြီး လာဘ်စားမှုတွေ ဖြစ်လာမယ် (ရုပ်/သံ)

မှောင်ခိုတွေ ကြီးထွားပြီး လာဘ်စားမှုတွေ ဖြစ်လာမယ် (ရုပ်/သံ)

by ဧရာဝတီ
11 November 2024
182

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာမှာ ကုန်ဈေးနှုန်းဟာ အတက်ဖက်ကိုသာ ဦးတည်နေပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေဟာ ထိန်းချုပ်လို့မရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

Next Post
ရန်ကုန်မြို့ ကြည်မြင်တိုင်မြို့နယ် လမ်းမကြီးများအား ပိုးသတ်ဆေးဖြန်းနေစဉ် / မျိုးမင်းစိုး

Covid-19 နှင့် ကခုန်ခြင်း

ဘူးသီးတောင်မြို့ ဆိုင်းဘုတ်  / ဧရာဝတီ

ဘူးသီးတောင် ကံ့ကော်မြိုင်ရွာ လက်နက်ကြီးကျ၊ ရွာလုံးကျွတ် ထွက်ပြေးရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved