စီးပွားရေး

ဗဟိုဘဏ် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်လျှော့မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့စီးပွားရေးအား မြှင့်တင်ပေးနိုင်ရန်နှင့် စီးပွားရေး ဆိုင်ရာ လုပ်ဆောင်ချက်များအား ပိုမိုလှုံ့ဆော်ပေးနိုင်ရန် ရည်ရွယ်ပြီး ဗဟိုဘဏ်၏ တနှစ် အတိုးနှုန်းကို ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်လျှော့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက “ဒီကာလအတွင်းမှာ စီးပွားရေးပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာအောင်၊ ချေးငွေတွေ အတိုးနှုန်း သက်သက်သာသာနဲ့ ထုတ်ချေးနိုင်အောင် ရည်ရွယ်ချက်နဲ့ အခု နောက်ထပ် ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်လျှော့မှာပေါ့” ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေများအရ ဘဏ်များတွင် ချေးငွေထုတ်ချေးမှုများ ရပ်တန့်လျက်ရှိနေပြီး အပ်ငွေများသည် တိုးတက်လျက်ရှိရာ ယခုလို ဘဏ်အတိုးနှုန်း ထပ်မံလျှော့ချလိုက်ခြင်းကြောင့် ဘဏ်အပ်ငွေများအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တနှစ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်း ကို ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ နှစ်ကြိမ်ခွဲကာ လျှော့ချပေးထားပြီး ယခုအကြိမ်က တတိယအကြိမ် အတိုးနှုန်း ထပ်မံလျှော့ချပေးခြင်းဖြစ်သည်။ ယခု ဗဟိုဘဏ်အတိုးနှုန်းသည် ၇ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အတိုးနှုန်း ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်လည်း ဖြစ်သည်။

ကမော္ဘဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ တိုင်းပြည်စီးပွားရေးက နလန်မထူနိုင်တော့ဘူးဗျ။ အတိုးနှုန်းက တဖက်မှာ စရိတ်ဖြစ်တာကို အတိုးနှုန်းမြင့်ရင် စရိတ်က ကြီးတာပဲ။ အတိုးနှုန်းနည်း စရိတ်ကနည်းတာပေါ့။ အခုလို လုပ်ပေးတာက ကောင်းပါတယ်။ ကျနော်တို့လည်း ပြောနေတာ ကြာခဲ့ပြီပေါ့ အခုက နည်းနည်းတောင် နောက်ကျနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ပြောင်းလဲလျှော့ချမှုအရ ငွေစုစာရင်း အပ်ငွေ၊ ငွေစု လက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့် အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းအောက်၂ ရာခိုင်နှုန်းထက် မနည်းရမည် ဖြစ်သောကြောင့် အပ်ငွေများအပေါ် ပေးရသည့် အနည်းဆုံး အတိုးနှုန်းသည် ၅ ရာခိုင်နှုန်း  ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထို့ပြင် ဘဏ်များက အာမခံ ပစ္စည်းများ ရယူပြီး ထုတ်ချေးသည့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းသည် ဗဟိုဘဏ် အတိုးနှုန်းထက် ၃ ရာခိုင်နှုန်း ကျော်လွန်၍ ကောက်ခံခြင်း မရှိသည့်အတွက် အာမခံပစ္စည်း ရယူထားသည့် ချေးငွေများ၏ အများဆုံး ကောက်ခံနိုင်သော အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်း ဖြစ်သွားမည်ဖြစ်သည်။

ဘဏ်များက အပေါင်ပစ္စည်း မရယူထားဘဲ ထုတ်ချေးထားသည့် ချေးငွေများ အပေါ် ကောက်ခံနိုင်သော အများဆုံး အတိုးနှုန်းသည်လည်း ၁၄ ဒဿမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသွားမည် ဖြစ်သည်။

You may also like these stories:

ပြည်တွင်းဘဏ်များအပေါ် ကန့်သတ်ချက် အချို့ ဗဟိုဘဏ် ဖြေလျှော့ပေး

ပို့ကုန်လုပ်ငန်းများ ကြိုတင်ဝင်ငွေခွန်၂ ရာခိုင်နှုန်း ဖြေလျှော့မှု ယနေ့ စတင်အသက်ဝင်

ဗဟိုဘဏ် အတိုးနှုန်း ဒုတိယအကြိမ် ထပ်မံ လျှော့ချ

Did you find apk for android? You can find new Free Android Games and apps.
Loading