• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

မေလ ၄ ရက်နေ့ကစပြီး အီတလီက စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်မည်

by ညီညီသူ
27 April 2020
in Trend
A A
အီတလီဝန်ကြီးချုပ် Giuseppe Conte

အီတလီဝန်ကြီးချုပ် Giuseppe Conte

5.2k
VIEWS
Share on FacebookShare on Twitter

အီတလီနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ရသလို ဥရောပ နိုင်ငံတွေထဲမှာဆိုရင်လည်း ကပ်ရောဂါကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အီတလီဝန်ကြီးချုပ် Giuseppe Conte က အီတလီနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေကို စက်တင်ဘာလအထိ ပိတ်ထားမယ်လို့ တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။

စာသင်ကျောင်းတွေကို စက်တင်ဘာလအထိ ပိတ်ထားမှာဖြစ်ပေမယ့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့  ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ မေလ ၄ ရက်နေ့ကစပြီ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 ကြောင့် အီတလီနိုင်ငံမှာ လူပေါင်း ၂၆,၆၄၄ ယောက် သေဆုံးခဲ့ပြီး ဥရောပ နိုင်ငံတွေထဲမှာ COVID-19 ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ထုတ်ဝေတဲ့ သတင်းစာတစောင်နဲ့ အင်တာဗျူးမှာတော့ ဝန်ကြီးချုပ်က စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်ဖို့အတွက် အသေးစိတ် အချက်အလက်တွေကို ဖော်ပြပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ ရက် ဆက်တိုက် အီတလီနိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှုနှုန်း ကျဆင်းလာခဲ့ပါ တယ်။ မတ်လအစောပိုင်းတုန်းကတော့ အီတလီနိုင်ငံဟာ တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ လုပ်ခဲ့ရပါတယ်။

အခုအချိန်မှာတော့ အီတလီမှာ လူသေဆုံးမှုနှုန်း ကျဆင်းလာပြီဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကို  မေလအစောပိုင်းမှာ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပေမယ့် လူစည်ကားတဲ့ ဘားနဲ့ စားသောက်ဆိုင်လို  နေရာမျိုးတွေကတော့ ခွင့်ပြုချက်ရဖို့ အချိန်နည်းနည်းကြာတဲ့အထိ ဆက်ပြီးစောင့်ရဦးမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အီတလီနေ့စဉ်ထုတ် သတင်းစာတစောင်ဖြစ်တဲ့ La Repubblica မှာ ဝန်ကြီးချုပ်က “မေလ ၄ ရက်နေ့ကစပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကနေ ဆောက်လုပ်ရေး လုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်းတော်တော်များများကို ပြန်လည် ဖွင့်လှစ်နိုင်အောင် ကျနော်တို့ ဒီနာရီပိုင်းတွေမှာ အလုပ်လုပ်နေကြတယ်” လို့ ပြောခဲ့ပါတယ်။

ပို့ကုန် အဓိကထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မှု ကွင်းဆက် ပြတ်တောက်ခြင်းနဲ့ စီးပွားရေး ကျဆင်းမှု အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ မိမိ လုပ်ငန်းကို စောစောစီးစီး ပြန်လည် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ပြန်လည် စတင်တဲ့ ဘယ်လုပ်ငန်းမဆို တဖြည်းဖြည်းချင်း စတင်ရတာဖြစ်ပြီး ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်း ပြန်လည် လည်ပတ်တဲ့အခါ တင်းကြပ်တဲ့ ကျန်းမာရေး အစီအမံတွေကိုလည်း ပြုလုပ်ထားရမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Ref. Dailymail

You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်
Your Thoughts …
Tags: စီးပွားရေးလုပ်ငန်းများအီတလီနိုင်ငံ
ညီညီသူ

ညီညီသူ

Similar Picks:

အီတလီနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Naples မြို့

အီတလီနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့များအကြောင်း

by ညီညီသူ
14 January 2019
13.1k

အီတလီနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Naples မြို့ကတော့ ကမ္ဘာ့စီးပွားရေးမြို့တော်ပါ။ Napoli လို့လည်းသိကြတဲ့ Naples ဟာ Roma နဲ့ Milan ပြီးရင် အီတလီရဲ့ တတိယအကြီးဆုံးမြို့တော်ပါ။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု 

အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

by ဧရာဝတီ
21 October 2021
10.8k

စစ်အာဏာသိမ်းခေါင်းဆောင် မိသားစုက စီမံသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် NUG က ပြည်သူလူထုကို တိုက်တွန်းထားသည်။

Marina Corricella

အီတလီနိုင်ငံရဲ့ အလှဆုံး ကျေးရွာများ

by ညီညီသူ
23 May 2019
6.3k

စစ္စလီကျွန်း အရှေ့တောင်ဘက်မှာတည်ရှိတဲ့ Marzamemi ရွာလေးဟာ သေးငယ်တဲ့ ရွာလေး တရွာဖြစ်ပြီး အာရပ်တွေ နေထိုင်ကြတဲ့ ရွာလေး တရွာပါ။

လက်နက်မဲ့ ဆန္ဒပြ အရပ်သားများအပေါ် စစ်အစိုးရ၏ ရက်စက်စွာနှိမ်နင်းမှုအား စီးပွားရေးလုပ်ငန်းတချို့က ကန့်ကွက်လာခဲ့ကြသည် / ဧရာဝတီ 

စားသုံးသူနဲ့ စစ်အာဏာပိုင်များကြား စီးပွားရေးလုပ်ငန်းတွေ ဘယ်သူ့ ရွေးမလဲ

by ဧရာဝတီ
12 March 2021
31.8k

စီးပွားရေးလုပ်ငန်းအချို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြသော်လည်း အချို့က နှုတ်ဆိတ်နေကြသည်။

အာဏာသိမ်းပြီးစ နေပြည်တော်တွင် စစ်တပ်ချထားပြီး လမ်းပိတ်ထားစဉ်/ဧရာဝတီ

စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ

by Gwen Robinson၊ Thompson Chau
24 February 2021
13.2k

အာဏာသိမ်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားအရပ်သားခေါင်းဆောင်များကို ဖမ်းဆီးမှုသည် စီးပွားရေး ဖွံ့ဖြိုးလာမှု လမ်းကြောင်းကို ခြိမ်းခြောက်နေသည်။

ရန်ကုန် ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတရုံကို ၂၀၂၀ မေလအတွင်း မြင်ရစဉ် / ဧရာဝတီ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ

by ဧရာဝတီ
28 July 2021
23.4k

စီးပွားရေးလုပ်ငန်းများအနေဖြင့် စစ်ကောင်စီသို့ မည်သည့်ငွေမျှ မပေးရန် NUG က ယခင်က တိုက်တွန်းခဲ့သည်။

Next Post
“Coronaviurs, Explained” မီနီစီးရီး

ကိုရိုနာဗိုင်းရပ်စ်အကြောင်း မှတ်တမ်းရုပ်ရှင် မီနီစီးရီး Netflix တွင် ပြသ

ဆေးရုံ တက်ခဲ့ရတဲ့ မော်ဒယ် J Naw  / Maria J Naw's Facebook

“မိသားစုဝင် တဦးချင်းစီကို တန်ဖိုးထားကြပါ”လို့ မော်ဒယ် J Naw ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved