• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘူးသီးတောင် ကံ့ကော်မြိုင်ရွာ လက်နက်ကြီးကျ၊ ရွာလုံးကျွတ် ထွက်ပြေးရ

by မင်းအောင်ခိုင်
27 April 2020
in သတင်း
A A
ဘူးသီးတောင်မြို့ ဆိုင်းဘုတ်  / ဧရာဝတီ

ဘူးသီးတောင်မြို့ ဆိုင်းဘုတ် / ဧရာဝတီ

24.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျည်များ ရွာထဲသို့ ကျရောက်သဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သတင်း ရရှိသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက် မွန်းလွဲပိုင်းက အဆိုပါ ကံ့ကော်မြိုင် ကျေးရွာအနီးရှိ တောင်တန်းများတွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ရာမှ လက်နက်ကြီး ကျည်များ ရွာထဲသို့ ကျရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများ ပြောသည်။

ကံ့ကော်မြိုင် ကျေးရွာမှ ဒေါ်မတင်လှ က “မနေ့ နေ့လယ်ပိုင်းက ရွာအနီး တောင်တန်းမှာ တိုက်ပွဲဖြစ်ကြတယ်။ ကျမတို့ အိမ်ခေါင်မိုးတွေ၊ နောက် ဘေးတွေကို အစတွေ လာကျလို့ ဘုန်းကြီးကျောင်းကို ထွက်ပြေးပါတယ်။ ဘုန်းကြီးကျောင်းမှာ လည်း လက်နက်ကြီး အစနတွေ လာကျပါတယ်။ အဲဒါနဲ့ ဘုန်းဘုန်းလည်း ထွက်ပြေးရတယ်။ ရွာသားတွေလည်း အားလုံး ကိုယ်လွတ်ရာ ကိုယ်ပြေးကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျေးရွာအနီး ဝန်းကျင်တွင် ထိုသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်မှုကြောင့် ဒေါ်မတင်လှ၏ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသူ မဆန်းဆန်းစောတွင် ဒဏ်ရာ အနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းလည်း ပြောပြ သည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
3
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
14

ကံ့ကော်မြိုင် ကျေးရွာနေ ဦးထွန်းမောင် က “မနေ့က ရွာသားတွေ အကုန်ထွက် ပြေးသွားတော့ ကျနော်တို့ ရွာမှာ အစောင့် အနေနဲ့ လူ ၄၊ ၅ ယောက် ကျန်ခဲ့ပါတယ်။ တိုက်ပွဲက ဒီနေ့လည်း ထပ်ဖြစ်နေကြတော့ အခု ကျနော်တို့လည်း ဘူးသီး တောင်မြို့ကို ထွက်ပြေးလာ နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ယင်းသို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အိမ်ခြေ ၁၂၀ ကျော်၊ လူဦးရေ ၄၀၀ ကျော်ရှိသော ကံ့ကော်မြိုင်ကျေးရွာသည် ယမန် နေ့ကတည်းက ဘူးသီးတောင်မြို့ပေါ်နှင့် နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိသည့် အရပ်ဒေသများသို့ ထွက်ပြေး ခိုလှုံနေရ ကြောင်းလည်း ဒေသခံ ကျေးရွာသားများ က ပြောသည်။

လက်ရှိ အချိန်တွင်လည်း အဆိုပါ ကံ့ကော်မြိုင်ကျေးရွာ အနီးတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေပြီး တပ် မတော်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် တိုက်ခိုက်မှုများ ရှိကြောင်းလည်း ဒေသခံ ကျေးရွာသားများထံက သိရသည်။

တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း စုရပ် စစ်ရှောင်စခန်း ၂၀ ကျော်တွင် ဝင်ရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် အရေအတွက် လူဦး ၁၂၀၀၀ နီးပါး ရှိကြောင်းလည်း ဒေသခံ လွှတ်တော် ကိုယ် စားလှယ်များက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ၂ သိန်းနီးပါး ရှိလာကာ ဒေသခံ ပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။

လက်နက်ကြီး လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ရွာ၂၀ နီးပါး ထွက်ပြေးနေရ

Your Thoughts …
Tags: AAကံ့ကော်မြိုင်တပ်မတော်တိုက်ပွဲဘူးသီးတောင်လက်နက်ကြီး
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
သရုပ်ဆောင် သံသာမိုးသိမ့်  / Than Thar Moe Theint's Facebook

“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းထဲက အမှတ်တရတွေ အကြောင်း ပြောပြတဲ့ သံသာမိုးသိမ့်

လိုင်ဇာမြို့

KIA က လိုင်ဇာမြို့ဧရိယာတဝိုက် ကုန်ကားဖြတ်သန်းခွင့် ပိတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved