• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ရွာ၂၀ နီးပါး ထွက်ပြေးနေရ

by မင်းအောင်ခိုင်
25 April 2020
in သတင်း
A A
ပုဏ္ဏားကျွန်း မြို့နယ် မြတ်လှဲစစ်ရှောင်စခန်းတွင်ခိုလှုနေကြသူများ / ကျော်ခ / ဧရာဝတီ

ပုဏ္ဏားကျွန်း မြို့နယ် မြတ်လှဲစစ်ရှောင်စခန်းတွင်ခိုလှုနေကြသူများ / ကျော်ခ / ဧရာဝတီ

22.5k
VIEWS
Share on FacebookShare on Twitter

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ နှစ်ဖက် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် အတွင်းမှ ကျေးရွာပေါင်း ၂၀ နီးပါး အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်း ရရှိသည်။

ထွက်ပြေးနေရသော ကျေးရွာများမှာ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းမအနီးမှ ကျေးရွာများ အပါအဝင် ယင်း မြို့ နယ်အတွင်း ရန်ကုန်- စစ်တွေ ကားလမ်းမပေါ် ကျေးရွာများပင် ပါဝင်ကြောင်း ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ဦးခင်မောင်လတ် က “အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာတွေကတော့ တော်တော်များတယ်။ တချို့ ရွာတွေဆို ရွာနားမှာ တိုက်ပွဲ ဖြစ်လို့ ပြေးတယ်။ တချို့ရွာတွေဆို တပ်မတော် စစ်ကြောင်း လာလို့ ပြေးတာ ရှိတယ်၊ ရွာထဲကို လက်နက်ကြီးတွေ လာကျလို့ ပြေးတာ ရှိတယ်။ ရွာပေါင်း၂၀ နီးပါးလောက်က ပြည်သူတွေ အသက်လုပြီး ပြေးနေရတာ” ဟု ဧရာဝတီသို့ ပြော သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
27
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
693
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
199

ထိုသို့ နှစ်ဖက် စစ်ရေးပဋိပက္ခကြောင့် ကျေးရွာများသာမက ပုဏ္ဏားကျွန်း မြို့ခံ တချို့မှာလည်း နီးစပ်ရာ ဆွေမျိုးသားချင်း များ ရှိသည့် အရပ်ဒေသများသို့ ထွက်ပြေး ခိုလှုံနေရကြောင်းလည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင် လတ် က ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးနေရသော ကျေးရွာများမှာ နီပုဆိုး၊ ကမ်းထောင်းကြီး၊ သဲ ဖြူချောင်း၊ ကံဦး၊ ပိန္နဲတော၊ ပေါက်တော်ပြင်၊ အဘောင်တော်၊ ကြက်စာတလင်း၊ ဒိုးတန်း (သစ်)၊ ဒိုးတန်း (ဟောင်း)၊ ကြာ ညိုကံ၊ ဖက်ကျ စသည့် ရွာများ ဖြစ်သည်။

ယင်းပြင် ရန်ကုန် -စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသည့် ကျောက်ဆိပ် ကျေးရွာ၊ ဂူဝကျေးရွာနှင့် နတ်ချောင်း၊ ရေ ပုတ်ချောင်း၊ တန်းစွယ် ကျေးရွာသား အများစုမှာလည်း နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိရာသို့ ထွက်ပြေး ခိုလှုံနေ ရ ကြောင်းလည်း သိရသည်။

ထိုအထဲမှ တချို့မှာ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဒုက္ခသည်စခန်း တချို့တွင် ဝင်ရောက် ခိုလှုံနေ လျက် ရှိကြောင်းလည်း ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

ဦးအောင်သန်းတင် က “ရွာသားတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီကို ထွက်ပြေး ခိုလှုံတာ ရှိတယ်။ တချို့ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက် ခိုလှုံတာ ရှိတယ်။ အကြမ်းအားဖြင့် ပုဏ္ဏားမြို့ပေါ်သို့ ရောက် ရှိလာတာ လူ ၆၀၀ လောက် ရှိတယ်။ ဒုက္ခသည် အရေအတွက် စာရင်းကတော့ မငြိမ်ဘူး။ တချို့ကလည်း တရက်၊ နှစ် ရက် နေပြီးတော့ အခြေအနေ ကြည့်ပြီး ရွာပြန်သွားတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန် ဒုက္ခသည်စခန်း၌ စစ်ဘေးရှောင် ၆၀၀ ကျော် ဝင်ရောက် ခိုလုှုံလျက် ရှိကြောင်းလည်း စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်နေသူများထံက သိရသည်။

ရေဖြူကန် စစ်ရှောင် စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ ကမ်းထောင်းကြီး ကျေးရွာသား ဦးကျော်သန်း က “ကျနော်တို့ ထွက် ပြေး လာရတော့ ရွာနား အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်တယ်။ လက်နက်ကြီး လက်နက်ငယ်တွေက ရွာအနားကို လာကျနေ ပြီ။ ဘယ်လို နေရမလဲ။ ပစ္စည်းတွေလည်း ယူချိန် မရဘူး။ ဒီအတိုင်း ထွက်ပြေးလာကြရတာ။ အိမ်ပြန်ဖို့ ဆိုတာလည်း ကျ နော်တို့ မစဉ်းစားရဲဘူး။ တိုက်ပွဲက ဘယ်အချိန် ထဖြစ်မလဲ ဆိုတာ တယောက်မှ မသိနိုင်ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တော်ပြင် ကျေးရွာ အနီးဝန်းကျင် တောင်တန်းများ၌ ပြီးခဲ့သော မတ်လ ၂၈ ရက်က စတင်ပြီး တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ၁၀ ရက်ကျော်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း တပ်မတော်မှ လက်နက်ကြီးများ အပါအဝင် တိုက်လေယာဉ်များဖြင့် လာရောက် တိုက်ခိုက်မှုများ ရှိ ကြောင်းလည်း သိရသည်။

ဧပြီလ ၁၃ ရက် မနက်ပိုင်းကလည်း အဆိုပါ ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆိပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည် ဆန် ၃ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ကျော် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့် အတွက် လက်ရှိအချိန်အထိ ဆေးကုသမှုကို ခံယူနေရသည်။

ဒေသခံ ကျေးရွာသားများနှင့် ထိခိုက် သေဆုံးသွားသူ မိသားစုဝင်များက အဆိုပါ ကျေးရွာအတွင်းသို့ ကျရောက်သည့် လက်နက်ကြီးမှာ ကျေးရွာနှင့်၂ မိုင်ခွဲကျော်အကွာတွင် တည်ရှိသည့် ပုဏ္ဏားကျွန်း အခြေစိုက် အမှတ် ၅၅၀ ခြေမြန် တပ် ရင်းမှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သို့သော်လည်း တပ်မတော် သတင်း ပြန်ကြားရေးဌာန ကတော့ အဆိုပါ ကျောက်ဆိပ်ကျေးရွာအနီး ဝန်းကျင်တွင် ယင်းနေ့ က မည်သည့် ထိတွေ့တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိသလို လက်နက်ကြီး ပစ်ခတ်မှုလည်း မရှိကြောင်း၊ တပ်မတော်နှင့် ပြည်သူ များကြား အထင်အမြင် လွဲမှားစေရန် ရေးသား ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီလ ၁၉ ရက်ကလည်း အဆိုပါ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ တပ်မတော် စစ်ကြောင်းတခု ဝင်ရောက်ကာ ရွာသား ၃၈ ဦး စစ်ဆေး ခေါ်ဆောင်သွားခဲ့၍ နောက်တနေ့ ဧပြီလ ၂၀ ရက်တွင် ရွာသား ၃၃ ဦး ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၅ ဦးကို AA အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည် ဟုဆိုကာ ဖမ်းဆီးထားဆဲ ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရပြီး ပြန်လာသူများထဲတွင် ရိုက်နှက်ခံခဲ့ရသည့် အတွက် ရွာသားတချို့ ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း မိသားစုဝင်များက ပြောဆိုခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာအတွင်း လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲသည့် ဖြစ်စဉ်နှင့် ပတ် သက်ပြီး ရခိုင်အမျိုးသား ပါတီ (ANP) က ဧပြီလ ၁၇ ရက် ရက်စွဲဖြင့် သဘောထားကြေညာချက် တစောင် ထုတ်ပြန်ခဲ့ သည်။

အဆိုပါ ကြေညာချက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တပ်မတော်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရ ခြင်းများအား စိစစ် အရေးယူပေးရန် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အား အလေးအနက် တောင်းဆိုကြောင်း ပါရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ ၇ ဦးသေ၊ ၈ ဦး ပြင်းထန်ဒဏ်ရာရ

Your Thoughts …
Tags: AAစစ်ဘေးရှောင်တပ်မတော်တိုက်ပွဲပုဏ္ဏားကျွန်း
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
လက်နက်ကြီးကျ ရောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သော ကျောက်ဆိပ်ကျေးရွာသားများ  / FB

ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

မန္တလေးက ဒုတိယ လူနာအိမ်အနီး ကျန်းမာရေးဝန်ထမ်းများ ပိုးသတ်ဆေးဖျန်း / ဇော်ဇော် / ဧရာဝတီ

Case 132 နှင့် ထိတွေ့ခဲ့သည့် ဘုန်းကြီးတပါးနှင့် လူ ၁၆ ဦးကို Quarantine ထားမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved