• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

COVID-19 အလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်ထူထောင်နိုင်ရေး ကန်ဒေါ်လာ သန်း ၂၀၀ ချေးမည်

by သီဟလွင်
27 May 2020
in သတင်း
A A
၂၀၁၇ ခုနှစ်က တွေ့ရသော မြေလတ်ဒေသရှိ လယ်ယာလုပ်ငန်းခွင်တခု  / သီဟလွင် / ဧရာဝတီ

၂၀၁၇ ခုနှစ်က တွေ့ရသော မြေလတ်ဒေသရှိ လယ်ယာလုပ်ငန်းခွင်တခု / သီဟလွင် / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

ကျေးလက်ဒေသရှိ တောင်သူလယ်သမားများ COVID -19 ကာလအလွန် ပြန်လည်ထူထောင်နိုင်ရန်အတွက် ရည်ရွယ် ပြု လုပ်မည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၂၀၀ ချေး ယူလိုကြောင်း မနေ့က ပြည်ထောင်စုလွှတ်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ရှင်းလင်းတင်ပြကြသည်။

ထိုစီမံကိန်း အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)၏ (၁၈) ကြိမ်မြောက် ရန် ပုံငွေ ဖြည့်တင်းမှု အစီစဉ် (IDA-18) မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးယူမည့်ကိစ္စကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဒုဝန်ကြီး ၂ ဦးက လာရောက် ရှင်း လင်းခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
29
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
187
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.3k

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က“ထိခိုက်သွားတဲ့ လယ်ယာကဏ္ဍ စီး ပွားရေး လုပ်ငန်းတွေကို ကုစားပေးနိုင်ဖို့နဲ့ ဝင်ငွေနည်း အခြေခံပြည်သူတွေကို ဦးတည်ပြီး စားနပ်ရိက္ခာ ဖူလုံရေး ကဏ္ဍ အလိုက် ထုတ်ကုန်မြင့်မားရေးကို ရည်ရွယ်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေကနေ လွတ်မြောက်သွားနိုင်ရေးကို အဓိကရည်ရွယ်ထားရှိခြင်းဖြစ်ပါတယ်”ဟု မနေ့က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ထဲမှ စိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ သွင်း အားစုနှင့် စိုက်ပျိုးရေး ပညာပေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၃၅.၃၃ သန်း၊ စိုက်ပျိုးထုတ်ကုန်များ၏ အရည် အသွေး ပိုမိုကောင်းမွန်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများ တိုးမြှင့်လာနိုင်စေရေး၊ နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်း သတ် မှတ်ရေး၊ တိရစာ္ဆန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး တို့အတွက် အမေရိကန်ဒေါ်လာ ၅၄.၃၂ သန်း အသုံးပြုရန် လျာထားကြောင်း အထက်ပါ ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် စီမံကိန်း အကောင်အထည်ဖော် ကြီးကြပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀.၀၂ သန်း အသုံးပြု ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်ကိစ္စများအတွက် အမေရိကန်ဒေါ်လာ ၀.၃၃သန်း လျာထားသည်ဟု ဆိုသည်။

စီမံကိန်း ကာလမှာ လာမည့် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၅ နှစ်ခွဲ သက်တမ်း ကြာမြင့်မည်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ ကမ္ဘာ့ဘဏ် (IDA-18) ၏ ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် စုစုပေါင်း ချေးငွေသက်တမ်း နှစ် ၃၀ ကြာမြင့်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကလည်း ပြည်ထောင်စုလွှတ်တော်တွင် မနေ့က ရှင်းလင်းသည်။
ထိုချေးငွေကို အပြည့်အဝထုတ်ယူသုံးစွဲပြီးချိန်မှစ၍ ဆိုင်းငံ့ကာလတွင် တစ်နှစ်လျှင် အတိုး အမေရိကန်ဒေါ်လာ ၄ သန်း ခန့်နှင့် ပြန်ဆပ်ကာလအတွင်း တနှစ်လျှင် အရင်းနှင့်အတိုးပေါင်း အမေရိကန် ဒေါ်လာ ၁၀.၅၆ သန်းခန့် ကို ပြန်လည် ပေးဆပ်သွားရမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်အစည်းအဝေးတွင် ရှင်းပြသည်။

ဦးမောင်မောင်ဝင်းက“COVID-19 အလွန်ကာလမှာ စီးပွားရေး အလျင်အမြန် ပြန်လည်နလန်ထူနိုင်ဖို့ အခွင့်အလမ်း အကောင်းဆုံး ကဏ္ဍက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို နိုင်ငံဘဏ္ဍာရန်ပုံငွေ အပြင် ပြည်ပချေးငွေနဲ့လည်း ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်”ဟု လွှတ်တော် အစည်းအဝေး တွင် ပြောသည်။

အဆိုပါချေးငွေ၏ အတိုးနှုန်းမှာ တနှစ်လျှင် ၁.၂၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခ တနှစ်လျှင် ၀.၇၅ ရာခိုင်နှုန်းဖြစ်သောကြောင့် သက်သာသောချေးငွေ (Concessional Loan) အမျိုးအစားတွင် ပါဝင်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ လုပ်ဆောင်မှုများတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးဖြစ်သော စိုက်ပျိုးရေး နည်းပညာ ကြွယ်ဝမှု၊ရာသီဥတုအကူးအပြောင်းပေါ်လိုက်၍ ပြောင်းလဲစိုက်ပျိုးနိုင်မှု၊ မြေသြဇာစနစ်တကျအသုံးချတတ်မှု၊ မြေနှင့် ပတ်သက်၍ နားလည်သိကျွမ်းမှု၊ သစ်ပင်၏ သဘာဝကိုသိမှု စသည့် လူတွင်လိုအပ်သည့်အရည်အသွေးများကို အစိုးရက ဦးစွာ လုပ်ဆောင်ပေးသင့်ကြောင်း ကမ္ဘာ့ဦး သြဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းမှ လုပ်ငန်းရှင် ဦးနေဦးက ပြောသည်။

ဦးနေဦးက“စိုက်ပျိုးရေးကို တကယ်လုပ်နေတဲ့ လူထုက ယုံကြည်မှု အပြည့်နဲ့ လုပ်ရမယ်။ အဲဒီက ထွက်တဲ့ ကုန်ပစ္စည်းနဲ့ ဘဝကို တည်ဆောက်လို့ရတဲ့ အဆင့်ကို ရောက်အောင် ကုန်ပစ္စည်း ထုတ်လုပ်နိုင်တဲ့ စွမ်းရည် ရှိရမယ်။ အဲဒီလို မဟုတ်ဘဲ လူစွမ်းအား အရင်းအမြစ်ကို မတိုးမြှင့်ဘဲနဲ့ တခြားပံ့ပိုးရမယ့် လိုအပ်ချက်တွေကို လျှောက်ဖြည့်နေရုံနဲ့တော့ စိုက်ပျိုးရေး လုပ်ငန်းကြီးက တက်မလာဘူး။ ဈေးကွက်ကိုလည်း မဖောက်နိုင်ဘူး၊ နိုင်ငံခြားကိုလည်း မယှဉ်နိုင်ဘူး”ဟု ပြောသည်။

COVID-19 မတိုင်မှီကာလနှင့် ဖြစ်ပွားစဉ်ကာလတွင် မြန်မာပြည်၏ စိုက်ပျိုးထုတ်လုပ် ရောင်းချမှု ကဏ္ဍမှာ နိုင်ငံတကာ ကဲ့သို့ များစွာပြောင်းလည်းမှု မရှိကြောင်း၊ COVID-19 မတိုင်မီ ကာလကလည်း စိုက်ပျိုးမှု ထုတ်ကုန်များကို နိုင်ငံခြား သို့ ရောင်းချင်တိုင်း ရောင်းမရကြောင်း ၎င်းက သုံးသပ်သည်။

သို့သော် COVID-19 ကာလကို ကျော်လွန်ပါက နိုင်ငံတကာတွင် စားသောက်ကုန် လိုအပ်ချက်များရှိလာနိုင်သောကြောင့် နိုင်ငံရပ်ခြားမှ ယခုကာလအတွင်း ပြန်ဝင်လာကြသည့် ကျေးလက်နေ စိုက်ပျိုးကုန်ထုတ် စွမ်းအားစုများ ဖြစ်သည့် ပြည်တော်ပြန်များကို အပြည့်အ၀ အသုံးချနိုင်ရန် လိုအပ်ပြီး နိုင်ငံခြားပြန်မထွက်ဘဲ ပြည်တွင်း၌ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဦးနေဦးက အကြံပြုသည်။

ယခု အစိုးရ၏ စီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်း၊ ကုန်းမြင့်နှင့်တောင်တန်းဒေသများ၊ ဧရာဝတီမြစ်၀ ကျွန်းပေါ်၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကမ်းရိုးတန်းဒေသများရှိ မြို့နယ်ပေါင်း ၂၂၈ မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ထိုမြို့နယ်များမှာ နေပြည်တော်ကောင်စီတွင် ၇ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉ မြို့နယ်၊ ကယားပြည်နယ်တွင် ၅ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ချင်းပြည်နယ်တွင် ၈ မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၅ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၂ မြို့နယ်၊ ပဲခူးတိုင်းတွင် ၂၅ မြို့နယ်၊ မကွေးတိုင်းတွင် ၂၄ မြို့နယ်၊ မန္တလေးတိုင်းတွင် ၂၉ မြို့နယ်၊ မွန်ပြည်နယ်တွင် ၈ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၈ မြို့နယ်၊ ရန်ကုန်တိုင်းတွင် ၃၈ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၃၁ မြို့နယ်နှင့် ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၀ တို့ ဖြစ်သည်။

တောင်သူများ စိုက်ပျိုးရေးတွင် ယခုနှစ်ပိုင်းများအတွင်း နှစ်စဉ်နီးပါး အရှုံး ပေါ်များကြုံတွေ့နေရသောကြောင့် စား ဝတ်နေရေးအတွက် ခိုင်းနွားများနှင့် လယ်ယာတချို့ ပြန်လည်ရောင်းချခြင်း၊ ငွေတိုးချေးခြင်းများကို လုပ်ဆောင်ရပြီး အစိုးရက စိုက်ပျိုးရေးအတွက် မဟုတ်ဘဲ မွေးမြူရေးလုပ်ငန်းအတွက် ချေးငွေများ ချထားပေးလျှင် အဆင်ပြေ မည်ဖြစ်ကြောင်း မကွေးတိုင်း၊ ကံမမြို့နယ် ပယ်ကျကျေးရွာမှ ဒေသခံတောင်သူ ဦးအောင်လင်းက ပြောသည်။
ဦးအောင်လင်းက“မိုးလေဝသကလည်း မမှန်တော့ မနှစ်ကဆို စပါးတွေလည်း ပျက်တယ်။ စားဖို့တောင် အနိုင်နိုင် လုပ်နေရတယ်။ ဘယ်သူမှ အဆင်မပြေကြဘူး။ မွေးမြူရေးဘက်ကို လှည့်နိုင်ဖို့ ချေးငွေလိုဟာမျိုး ပေးနိုင်ရင်တော့ အဆင်ပြေမယ်”ဟု ပြောသည်။

တောင်သူလယ်သမားများ၏ လူမှုဘဝများ၊ စိုက်ပျိုရေး နည်းစနစ်များမှာ လက်ရှိအချိန်ထိ နောက်ကျကျန်နေပြီး လယ်ယာ ထွက်ကုန်များ တင်ပို့နိုင်မှု အပိုင်းတွင်လည်း ဈေးကွက်ရှာဖွေပေးနိုင်မှုများမရှိဘဲ လယ်ယာကဏ္ဍမှာ လည်း နောက်ကျနေ သေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး က ပြောသည်။

ဦးစိုင်းထွန်းအေးက“ဒီချေးငွေကြီး ချက်ချင်းယူလာပြီးတော့ တောင်သူလယ်သမားတွေကို ထိရောက်တဲ့ပံ့ပိုးမှုတွေ ထိရောက်တဲ့ ကူညီမှုတွေ သူတို့အပေါ်မှာ သက်ရောက်မယ်လို့ ကျနော်ကတော့ သိပ်ပြီးမှ မယုံကြည်ဘူးပေါ့ဗျာ။ ဘာလို့လဲဆို အစဉ်အဆက်လုပ်နေတဲ့ဟာတွေကလည်း လက်တွေ့ကျတဲ့ ရလဒ်တွေ သိပ်ထွက်ပေါ်လာတာ မတွေ့ရဘူး”ဟုပြောသည်။

ယခုကဲ့သို့ အကြပ်အတည်းကာလတွင် အစိုးရက တောင်သူများအတွက် ထောက်ပံ့များမည့် အစီအစဉ်များ ကို ထောက်ခံကြိုဆိုကြောင်း ပြည်သူ့လွှတ်တော် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

ဦးမောင်မောင်ဦးက“ဘာမှမရတာထက် စာလို့ရှိရင် ဒီဟာကို အစိုးရက အသိအမှတ်ပြုပြီးတော့ နားလည်လက်ခံပြီး ကူညီဖို့ စဉ်းစားပေးတယ် ဆိုတာတော့ ထူးခြားတဲ့ ဖြစ်စဉ်တခုပေါ့၊ ပြောင်းလဲမှုတခုပေါ့။ အဓိကတော့ တကယ်လယ်လုပ်တဲ့ လူတွေ လက်ထဲကို ရောက်စေချင်တယ်”ဟု ပြောသည်။

ထိုစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာနက ဦး စီး ဆောင်ရွက်မည်ဖြစ်ကာ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ သမဝါယမ ဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ ပူးပေါင်း အကောင်အထည်ဖော်မည်ဟု သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စာရင်းဇယားများအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စာချုပ်ချုပ်ဆိုပြီး ရယူထားသည့် ပြည်ပချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၂၄၆ ဘီလီယံရှိရာ အမေရိကန် ဒေါ်လာ ၁.၁၃၁ ဘီလီယံထိ ထုတ်ယူသုံးစွဲပြီးဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြွေးမြီ ပြန်လည် ပေးဆပ်ရန် လက်ကျန် အမေရိကန်ဒေါ်လာ ၉၀၃.၂၁၄ သန်းကျန်ရှိနေသေးကြောင်း သိရသည်။

ယခုချေးငွေကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုရမည်ဖြစ်ပြီး ဝန်ကြီးဌာနများဘက်က ဖွံ့ ဖြိုးရေး အကူအညီများ ညှိနှိုင်းရေးအဖွဲ့၊ စီးပွားရေးရာ ကော်မတီတို့မှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ ပြီး ပြည်ထောင် စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀) အရ ကြိုတင်ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ထိုချေးငွေကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များကို ယနေ့ မေလ ၂၇ ရက်နေ့နောက်ဆုံးထား စာရင်းပေးရန်နှင့် မေလ ၂၈ ရက်နေ့ တွင် ဆွေးနွေးမှုများ ပြုလုပ်သွားရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ကြေညာခဲ့သည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

You may also like these stories:

ဧရာဝတီတိုင်းအတွင်း ချေးငွေ ပြန်မဆပ်သည့် လယ်သမား ၁၄၀၀၀၀ ကျော်ရှိနေ

မြန်မာ့စီးပွားရေး ကုစားရန် အစိုးရချေးငွေ ဒုတိယအသုတ် ထပ်ချေးပေးမည်

 

Your Thoughts …
Tags: COVID-19ကန်ဒေါ်လာ သန်း ၂၀၀ကမ္ဘာ့ဘဏ်စိုက်ပျိုးရေးလွှတ်တော်
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.2k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
5.1k

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

Next Post
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတမျိုးပါ။

သွေးလွန်တုပ်ကွေးရောဂါကြောင့် လာအိုမှာ လူသေဆုံးမှုများဖြစ်ပွား

ဧပြီလ ၉ ရက် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ဒါရာဝီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိ မရှိ စမ်းသပ်ရန် အာခေါင်တို့ဖတ် ထုတ်ယူနေစဉ် / Reuters

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေပြီး အလုပ်လက်မဲ့ သန်း ၁၂၀ အထိရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate