• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားမဝင် ထပ်မံဝင်လာသည့် မွတ်စလင် ၁၃ ဦးကို ထောင် ၆ လစီ ချမှတ်

by မင်းအောင်ခိုင်
21 July 2020
in သတင်း
A A
တရားစွဲထားသော မွတ်စလင်များအား ဇူလိုင်လ ပထမပတ်က ရုံးထုတ်လာစဉ်  / DMG

တရားစွဲထားသော မွတ်စလင်များအား ဇူလိုင်လ ပထမပတ်က ရုံးထုတ်လာစဉ် / DMG

20.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းသို့ နှစ်နိုင်ငံတရားဝင်နယ်စပ်ပိတ်ထားစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ထပ်မံ ဝင်ရောက်လာသည့် မွတ်စလင် ၁၃ ဦးကို မောင်တောမြို့နယ် တရားရုံးနှင့် ဘူးသီးတောင် မြို့နယ် တရားရုံးတို့မှဇူလိုင်လ ၁၇ ရက်က ထောင်ဒဏ် ၆ လစီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံအတွင်း COVID 19 ရောဂါပိုး စတင်တွေ့ရှိသည့် မတ်လကစပြီး မောင်တောနယ်စပ်ကို ပိတ်ကာ ပြန်လည် လက်ခံရေးလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားသည့်အတွက် ယခုပြန်လည် ဝင်ရောက်လာသူများမှာ တရား မဝင် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း ဒေသအာဏာပိုင်များက ပြောဆိုထားသည်။

အဆိုပါ ဒုတိယအသုတ် ဝင်ရောက်ခဲ့သူ ၁၃ ဦးတွင် တရားမဝင် ဝင်ရောက်မှုဖြင့် ၁၀ ဦး၊ အားပေး ကူညီမှုဖြင့် ၃ ဦးတို့ကို လဝက ဥပဒေ ပုဒ်မ ၁၃ (၁)၊ ပုဒ်မ ၁၃ (၅) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထိုသို့ ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း မောင် တော ခရိုင် လဝက ရုံးမှ ဒု ညွှန်ကြားရေးမှူး ဦးထိန်လင်းက ပြောသည်။

ဒု ညွှန်မှူး ဦးထိန်လင်းက “ဒုတိယ အသုတ်အနေနဲ့ တရားစွဲတာက အမှု ၁၃ မှု (လူ ၁၃ ဦး) ပေါ့။ အဲဒီမှာ ခိုးဝင်မှုနဲ့ ၁၀ ဦး၊ အားပေးမှုနဲ့ ၃ ဦးကို တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အုပ်စုမှာ ယခုလ ဇူလိုင်လ ၁၇ ရက်က တဖက်နိုင်ငံမှ စုစုပေါင်း မွတ်စလင် ၁၈ ဦး တရားမဝင် ရောက်ရှိခြင်း ဖြစ် ကာ ထိုအထဲတွင် အသက် မပြည့်သည့် ကလေး ၅ ဦးပါဝင် လာသည့်အတွက် ၁၃ ဦးကိုသာ တရားစွဲဆိုခဲ့ပြီး ကျန်ကလေး များကို မိဘအုပ်ထိန်းသူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ အပ်နှံခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းပေးပို့ချက်အရ မေလမှ ယခုလအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်လာသူ ၇၆ ဦး ရှိပြီး ယင်း အထဲမှ ပထမအသုတ် အနေဖြင့် မွတ်စလင် ၄၄ ဦးကို လဝက ဥပဒေဖြင့် တရားစွဲဆိုခဲ့ရာ၂၃ ဦးကိုသာ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ပြီး ကျန်လူများကို အသက် မပြည့်သေးသည့် ကလေးများ ပါနေသဖြင့် အာမခံပေးကာ မိဘ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံပေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ တရားမဝင် ရောက်ရှိလာသူ မွတ်စလင် ၇၆ ဦးထဲတွင် ပထမ အသုတ်အနေဖြင့် မွတ်စလင် ၄၄ ဦး၊ ဒုတိယ အသုတ်အနေဖြင့် ၁၈ ဦး စုစုပေါင်း မွတ်စလင် ၆၂ ဦးကို လဝက ဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီ ဖြစ်သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
19
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
47

လက်ရှိအချိန်တွင် ကျန်မွတ်စလင် ၁၄ ဦးမှာ COVID 19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ကုသမှု ခံယူခြင်း၊ စောင့်ကြည့် အနေဖြင့် Quarantine ဝင်နေခြင်း စသည့်ဖြင့် ကျန်းမာရေး ကိစ္စများ ဆောင်ရွက်ထားရှိကာ ကျန်းမာရေး သတ်မှတ်ချက် များ ပြန်လည် ကောင်းမွန်လာပါက စိစစ်မှုများ ပြုလုပ်ကာ ထပ်မံ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဒု ညွှန်ကြားရေးမှူး ဦးထိန်လင်းက ရှင်းပြသည်။

လက်ရှိ နှစ်နိုင်ငံနယ်စပ်ပိတ်ထားစဉ် ခိုးဝင်ပြန်လာသူများမှာ ယခင်က ဒေသအတွင်း နေထိုင်ခဲ့သူများ ဖြစ်သည့်အတွက် ပြစ်ဒဏ်မှ လွတ်မြောက်လာလျှင် ၎င်းတို့ ဆန္ဒကို ခံယူကာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

၎င်းက “သူတို့က ဒီမှာနေခဲ့တဲ့ လူတွေ ဖြစ်လို့ ပြန်လာတာပေါ့။ ပြစ်ဒဏ်စေ့လို့ ပြန်လွတ်လာရင်တော့ သူတို့ သဘောပေါ့။ သူတို့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုး ရေး စီမံကိန်း (UEHRD) အစီအစဉ်အတိုင်း ဝင်ချင်တယ် ဆိုရင်တော့ လျှောက်ပေါ့။ အဲဒီလို လျှောက်ရင်တော့ ကျနော် တို့က ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးသွားမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ဘူးသီးတောင် မြို့နယ်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကတော့ တရားမဝင် ဝင်/ထွက်နေ သည့် ပြဿနာကို အစိုးရအနေဖြင့် မတားဆီးနိုင်သကဲ့သို့ ဖြစ်နေသည့်အတွက် ထပ်မံ၍ ပြဿနာများ မဖြစ်ပွားရန် တရားမဝင် ဝင်လာသူများအား ပြန်လည်လက်ခံပါက ပြည်မသို့ လွတ်လပ်စွာ သွားခွင့်ပြုသင့်ကြောင်း ထောက်ပြပြော ဆိုသည်။

ဦးအောင်သောင်းရွှေက “နယ်စပ်က ဝင်ချင်သလို ဝင်နေတာကို ပြောပေါင်းလည်း များပြီ။ အစိုးရက မတားဆီးဘူး။ အဲဒီလို ဖြစ်နေတော့ ကျနော်တို့ ပြောချင်တာ လူသားချင်း စာနာတဲ့အနေနဲ့ ဒီလူတွေ ထောင်က လွတ်လာရင်လည်း ရခိုင်တခု တည်းမှာ ပိတ်မထားဘဲ လွတ်လပ်စွာ သွားခွင့်ပြုလိုက်ပါ ”ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ နယ်စပ်လုံခြုံရေးကိစ္စမှာ လုံခြုံရေး တပ်ဖွဲ့နှင့်သက်ဆိုင်သည့်အတွက် နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားပေးရန် ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ကော်မတီမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့ စာထုတ်ပြန်ထားကြောင်း ပြောသည်။

လက်ရှိ အချိန်တွင် နယ်စပ်ပိတ်ထားစဉ်အတွင်း ခိုးပြီးပြန်ဝင်လာသူများကို ဥပဒေနှင့်အညီ ကိုင်တွယ်ကာ အရေးယူမှုများ လုပ်ဆောင်နေကြောင်းလည်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆက်လက် ပြောကြားသည်။

ပြီးခဲ့သော၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိသွားသူများ အနေဖြင့် မိမိဆန္ဒအလျှောက် ပြန်လည် ဝင်ရောက်ခဲ့လာရာတွင် သက်ဆိုင်ရာ ဌာဆိုင်ဆိုင်ရာများထံ တရားဝင် သတင်း ပို့ပြီး လျှောက်လွှာများတင်ကာ စိစစ် လက်ခံမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ဌာနများက ဒေသအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ မရှိ၊ အကြမ်းဖက် ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားခြင်း ဟုတ်မဟုတ်၊ အကြမ်းဖက် ဖြစ်စဉ်များတွင် ပါဝင်ခဲ့မှု ရှိမရှိ စသည့် အချက်အလက် များကို စိစစ်ပြီး ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသူ တဦး တယောက်မှ ပြန်လည် ဝင်ရောက်လာမှု မရှိသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိ ဆန္ဒအလျှောက် တရားဝင် သတင်းပို့ကာ ပြန်လည် ဝင်ရောက်လာသူ ၆၀၀ ကျော် ရှိကြောင်းလည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

တရားမဝင် မွတ်စလင် ၂၃ ဦးကို ထောင် ၆ လချမှတ်

မြောင်းမြသို့ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင်များ ဖမ်းမိ

Your Thoughts …
Tags: တရားမဝင်မောင်တောမွတ်စလင်လဝက ဥပဒေ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

by ဧရာဝတီ
12 December 2024
22.5k

အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု

by အေးချမ်းဆု
28 November 2024
7.1k

တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

by ဧရာဝတီ
8 August 2024
6.2k

အမှုနှင့် ဆက်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းနှင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

by ဧရာဝတီ
2 September 2023
5.1k

ARSA အဖွဲ့များ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် နယ်မြေ မတည်ငြိမ်မှုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ ကြနေကြောင်း ယင်းမြို့နယ်အတွင်း နေထိုင်သူများက ပြောဆိုသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

by ဧရာဝတီ
12 December 2024
4.6k

ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ကို အရေးယူဖို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ အာရက္ခတပ်တော် (AA) ကပြောပါတယ်။

Next Post
ဥပဒေနဲ့အညီ အလုပ်ထုတ်နစ်နာကြေးပေးဖို့ YBS ယာဉ်မောင်းတွေ တောင်းဆို (ရုပ်/သံ)

ဥပဒေနဲ့အညီ အလုပ်ထုတ်နစ်နာကြေးပေးဖို့ YBS ယာဉ်မောင်းတွေ တောင်းဆို (ရုပ်/သံ)

မလေးရှားတွင်  မြန်မာလုပ်သား အဆုံးစီရင်မှု (၁၁) ဦးထိ ရှိလာ (ရုပ်/သံ)

မလေးရှားတွင် မြန်မာလုပ်သား အဆုံးစီရင်မှု (၁၁) ဦးထိ ရှိလာ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved