မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါအခြေနေကြောင့် လုပ်ငန်းခွင်ရပ်နားခံရတာတွေ၊ အလုပ်ဖျက်သိမ်းခံရတာတွေ ရှိနေတဲ့အတွက် စားဝတ်နေရေး အခြေနေတွေ တနေ့ထက်တနေ့ ကျပ်တည်းလာပြီး ဇူလိုင်လ (၂၃) ရက်နေ့အထိ စာရင်းအရ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ မြန်မာအလုပ်သမား (၁၁) ဦးထိ ရှိလာနေပါတယ်။
အဆုံးစီရင်မှုတွေမှာ တရားဝင်လုပ်သားရော၊ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ သူတွေပါ ပါဝင်နေတယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ရဲ့ပြောဆိုချက်အရ သိရပါတယ်။
အင်တာဗျုး/တည်းဖြတ် – ဝေနှင်းထွဋ်











