• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD ပါတီမှ ရခိုင်အမတ်နှစ်ဦး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်မည်

by ထက်နိုင်ဇော်
7 August 2020
in သတင်း
A A
ရခိုင်အမတ် ၂ ဦး ဖြစ်သည့် ဦးတင်နုအောင် နှင့်  ဦးမြင့်ဝေ / ဧရာဝတီ

ရခိုင်အမတ် ၂ ဦး ဖြစ်သည့် ဦးတင်နုအောင် နှင့် ဦးမြင့်ဝေ / ဧရာဝတီ

11.2k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးတို့သည် လာ မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် ပြန်လည် အရွေးခံမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်တောင်ပိုင်းမှ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေနှင့် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးတင်နုအောင်တို့သည် လက်ရှိ ပြည်သူ့လွှတ်တော် နေရာများတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အဖြစ် ဝင်အရွေးခံမည် ဖြစ်ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။

၎င်းတို့ ၂ ဦးသည် NLD ပါတီသို့ နုတ်ထွက်ခွင့် တင်ပြထားရာ မနေ့က နုတ်ထွက်ခွင့်ပြုသည့်စာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ဦးမြင့်ဝေနှင့် ဦးတင်နုအောင်တို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ကြသူများ ဖြစ်သည်။

ယခုလို ပါတီမှ နုတ်ထွက်ရခြင်းမှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခံရာ၌ မြို့နယ်အဆင့်တွင် ပထမဦးစားပေး ရွေးချယ်ခံရသော်လည်း ပြည်နယ်အဆင့်တွင် ဖြုတ်ချခံခဲ့ရပြီး ယင်းရလဒ်ကို ပါတီ ဗဟိုကလည်း အတည်ပြုသဖြင့် ယခုလမ်းကြောင်းကို ရွေးချယ်ရခြင်းဟု ၎င်းတို့က ပြောသည်။

ဦးမြင့်ဝေက“မြို့ နယ်ပါတီကရော၊ ရပ်မိရပ်ဖရော၊ လူငယ်အဖွဲ့တွေကရော ညွှန်ကြားချက်အတိုင်း စနစ်တကျရွေးချယ်ထားရဲ့ သားနဲ့ ပြည်သူလည်း ထောက်ခံရဲ့ သားနဲ့ ပါတီမှာလည်း ဘာစည်းကမ်းမှ ဖောက်ဖျက်တာ မရှိဘဲနဲ့ ပါဝင်ခွင့် မရတဲ့အတွက် ကိုယ့်ကို မဲပေးခဲ့တဲ့သူတွေ ပြည်သူတွေကို အားကိုးပြီးတော့ မဲပုံးထောင်တဲ့ သဘောပဲ”ဟု ပြောသည်။

မဲပုံထောင်၍ ပြည်သူ့ အဆုံးအဖြတ်ကို ခံယူမည် ဖြစ်ကာ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက NLD ပါတီနှင့် လွှတ်တော်ထဲ တွင် အတူရပ်တည်သွားမည် ဖြစ်ကြောင်း၊ မဲမနိုင်ပါကလည်း လွှတ်တော်ပြင်ပမှ ဒေသအကျိုး ဆက်လက် ဆောင်ရွက်မည် ဟု ၎င်းက ပြောသည်။

“NLD နဲ့ အတူတူပဲ လွှတ်တော်ထဲမှာ ရပ်တည်မယ်။ ကိုယ့်ဒေသအကျိုးဆက်လုပ်ချင်လို့ ရွေးကောက်ပွဲကို ပြန်ဝင်မှာ။ ကိုယ်ဆောင်ရွက်ခဲ့တဲ့ ၅ နှစ် သမိုင်းကြောင်းအရပဲ ရပ်တည်ရမှာ”ဟု ဂွမြို့နယ် ပြည်သူ့လွှတ်တော် က်ိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။

အခြားကိုယ်စားလှယ်တဦး ဖြစ်သူ ဦးတင်နုအောင်ကလည်း လက်ရှိတွင် မာန်အောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်သို့ ဆင်း၍ ပါတီအတွင်း မာန်အောင်မဲဆန္ဒနယ် အမှတ် ၂ အတွက် ဝင်ရောက်အရွေးခံရာ ပထမဦးစားပေးအဖြစ် မြို့နယ်တွင် အရွေးခံခဲ့ရကြောင်း ပြောသည်။

“ပြည်နယ် ၂ ကို ဆင်းပြိုင်တော့ ဝန်ကြီးချုပ်က သိပ်မကြည်ဘူး။ ဦးစားပေး ၁ နဲ့ အရွေးခံရပေမယ့် ပြည်နယ်အဆင့်မှာ အ ဖယ်ခံရတယ်။ ပြည်နယ်က ဥက္ကဌ(ဦးညီပု)က ဖယ်လိုက်တဲ့သဘောပဲ”ဟု ဦးတင်နုအောင်က ပြောသည်။

၎င်းက ဆက်၍ “ပထမတော့ ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုပြီးနေတာ။ ဒါပေမယ့် မြို့မိမြို့ဖနဲ့ မြို့နယ် ပါတီ ဥက္ကဌ ကိုယ် တိုင် နေပြည်တော်အထိ လာခေါ်တယ်။ တသီးပုဂ္ဂလ ပြန်ဝင်ပေးပါလို့ မေတ္တာရပ်ခံလို့ ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တာ။ အဲဒါ ကြောင့် ဝင်ဖြစ်သွားတာ”ဟု ပြောသည်။

၎င်းသည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ တွင် NLD ပါတီ ပြန်လည် စတင်ထူထောင်ချိန်ကတည်းက ပါဝင်လှုပ်ရှားခဲ့သူတဦး ဖြစ်ပြီး ပါတီတွင် ဗဟိုကော်မတီဝင်နှင့် ဗဟို ညီလာခံ က်ိုယ်စားလှယ်လည်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
553
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ရခိုင်တောင်ပိုင်း မြို့နယ်များ ဖြစ်သည့် ဂွနှင့် မာန်အောင် မြို့နယ်များနည်းတူ သံတွဲမြို့နယ်တွင်လည်း NLD ပါတီဝင်တဦး ဖြစ်သူ ဦးရဲလင်းဦးက ပါတီမှ နုတ်ထွက်ပြီး သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလ ဝင်ရောက် ယှဉ် ပြိုင်မည်ဟု စုံစမ်းသိရှိရသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ ဧရာဝတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်လည်း ဖြစ်၊ ရခိုင်ပြည်နယ် NLD ဥက္ကဌလည်း ဖြစ်သူ ဦးညီပုကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

ရခိုင်ပြည်နယ် NLD ဒုတိယ ဥက္ကဌ ဦးစိုးလေးကလည်း အစည်းအဝေး ရှိနေသဖြင့် ဖုန်းမပြောနိုင်ကြောင်း ပြောသည်။ နောက်ပိုင်းတွင် ထပ်မံဆက်သွယ်သော်လည်း ဖုန်းမကိုင်တော့ပေ။

ပါတီဗဟို ပြောရေးဆိုခွင့်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ဘဲ ယခင် ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးမျိုးညွှန့်ကမူ ၎င်းမှာ ဧရာဝတီတိုင်းအတွက်သာ ပြောရေးဆိုခွင့်ရှိကြောင်း ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်တောင်ပိုင်း မြို့နယ်များ ဖြစ်သည့် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင် စသည့် မြို့နယ်များတွင် ပြည်နယ်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ (ANP) က နေရာအများဆုံး အနိုင်ရရှိခဲ့ပြီး ယခု အခါ တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား တိုက်ပွဲများကြောင့် တချို့ မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

Your Thoughts …
Tags: NLDရခိုင်ရွေးကောက်ပွဲ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

Next Post
တပတ်အတွင်းသတင်းဓာတ်ပုံ

တပတ်အတွင်းသတင်းဓာတ်ပုံ

မြန်မာ့အလင်း သတင်းစာတိုက် အလုပ်သမားများ အရေးတော်ပုံသို့ ပူးပေါင်းလာစဉ် / ထိန်ဝင်း

မှုန်ဝါးနေဆဲ ရှစ်လေးလုံး ရည်မှန်းချက်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved