• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD နှင့် SNLD ပါတီတို့ တောင်ကြီးမြို့တွင် တွေ့ဆုံရန်သဘောတူ

by နန်းလွင်နှင်းပွင့်
14 January 2021
in သတင်း
A A
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလံ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလံ

10.5k
VIEWS
Share on FacebookShare on Twitter

“အမျိုးသား ညီညွတ်ရေး အစိုးရ” ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုက စေလွှတ်ထားသည့် ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ တောင်ကြီးမြို့ NLD ရုံးတွင် ဇန်နဝါရီ ၁၅ ရက်နေ့မနက် တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲကို NLD ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ တက်မည်ဖြစ်သည်။

SNLD ပါတီကတော့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်၊ တွဲဖက် အတွင်းရေးမှူး (၂) ဦးစိုင်းဆမ်တို့ တတ်ရောက်မည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် လာမည့် အစိုးရသက်တမ်းအတွင်း အကောင်အထည်ဖော်မည့် အခင်းအကျင်းများအတွက် နို်င်ငံရေးသဘောတူညီမှု တခုရရန် ဆွေးနွေးမည်ဟု SNLD ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။

ဦးစိုင်းလိတ်က “အဓိက ကတော့ နိုင်ငံရေးဆိုင်ရာကိစ္စမှာ NLD နဲ့ SNLD ကြား ဘုံသဘောတူညီချက်လိုမျိုး နှစ်ဖက် လက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ပေါ်ပေါက်ဖို့အတွက် ဦးတည်ပြီး ဆွေးနွေးမှာပါ။ အစိုးရဖွဲ့ရေးဆိုတာ မဟုတ်ဘူး။ နိုင်ငံရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ပါ။ ငြိမ်းချမ်းရေးကိစ္စ၊ ဒီမိုကရေစီ ဖက်ဒရယ်ကိစ္စပဲ ဖြစ်ဖြစ် ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်ဆိုတာ မထားပဲ တစိုက်မတ်မတ် လုပ်မယ်၊ မဖြစ်မနေလုပ်မယ်ဆိုတဲ့ ကိစ္စတွေပေါ့နော်” ဟု ပြောသည်။

နိုင်ငံရေးသဘောတူညီမှု တစုံတရာ မချမှတ်နိုင်ပဲ အခြားကိစ္စရပ်များကို အဆင်ပြေပြေ ဆွေးနွေးနိုင်မည် မဟုတ်ဟု လည်း ဦးစိုင်းလိတ်က ပြောသည်။ SNLD ဆွေးနွေးလိုသည့် နိုင်ငံရေးသဘောတူညီမှုမှာ အမျိုးသားညီညွတ်ရေးကို ဦးတည်သည့် အကြောင်းအရာများ ဖြစ်သည်ဟု ဦးစိုင်းလိတ်က ဆိုသည်။

NLD ၏ ကိုယ်စားလှယ် ၃ ဦးသည် ဇန်နဝါရီ ၁၃ ရက်ကတည်းက တောင်ကြီးမြို့သို့ရောက်ရှိနေပြီး တအန်းအမျိုးသားပါတီ (TNP)၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးကာ ဇန်နဝါရီ ၁၄ ရက်တွင် ကယန်းအမျိုးသားပါတီ (KNP) နှင့်လည်း ဆွေးနွေးထားသည်။

NLD ၏ ခရီးစဉ်နှင့် ပတ်သတ်၍ ဒေါက်တာအောင်မိုးညိုက ပြည်ထောင်စုလွှတ်တော် မခေါ်မီ အချိန်ကာလအတွင်း ပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီများနှင့် လိုက်လံတွေ့ဆုံကာ တိုင်းရင်းသားပါတီများ၏ သဘောထား၊ အစိုးရသစ် ဖွဲ့စည်းမည့်အပေါ် တင်ပြလိုသည့် ကိစ္စရပ်များကို လိုက်လံစုစည်းခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

NLD ၏ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွှန့်ကလည်း “ရည်ရွယ်ချက် ၂ ခုရှိပါတယ်။ ပထမအချက်က အရေးအကြီး ဆုံးက ပြည်ထောင်စုသစ်အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့သဘောထားကို ယူမှာပါ။ ဒါက ရေရှည်အတွက် ပိုလည်း အရေးကြီးပါတယ်။ နောက်တခုက တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က မကြာခင် ဖွဲ့စည်းတော့မယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ သူတို့ ပါဝင်ချင်တဲ့ ဆန္ဒလည်း ရှိကောင်းရှိမှာပေါ့။ ရှိတယ်ဆိုလည်း သူတို့ ရဲ့ တင်ပြချက်ကို ကျနော်တို့က လက်ခံရယူပြီးတော့ လွှတ်တော်နဲ့အစိုးရဖွဲ့တဲ့အခါ ထည့်သွင်းစဉ်းစားစရာတခုအဖြစ် ကျနော်တို့ ရယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

NLD သည် ပြည်နယ်များသို့သွားကာ ဒေသခံတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသည့် ခရီးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်ခဲ့သည်။ ဇန်နဝါရီ ၂ ရက်တွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ဒေသခံ အနိုင်ရ ကချင်ပါတီများ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
296
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဇန်နဝါရီ ၄ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မွန်ညီညွတ်ရေးပါတီ (MUP) နှင့်တွေ့ဆုံရန် သွားသော်လည်း NLD ရုံးတွင် အစည်းအဝေးပြုလုပ်ရန် ချိန်းဆိုသဖြင့် MUP ကိုယ်စားလှယ်များ ရောက်မလာသဖြင့် ဆွေးနွေးမှုပျက်ခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် တွေ့ရန် ချိန်းဆိုရာ KySDP က ပါတီရုံးမဟုတ်သည့် နေရာတွင် တွေ့လိုသော်လည်း NLD က ၎င်းတို့ ရုံးတွင်သာ ချိန်းဆို သဖြင့် အစည်းအဝေး အထမမြောက်ခဲ့ပါ။

SNLD နှင့် NLD တို့ တွေ့ဆုံမည့် အစည်းအဝေးတွင်လည်း ထိုအကြောင်းအရာများကို ထည့်သွင်း ပြောမည်ဖြစ်ပြီး တိုင်းရင်းသားများနှင့် ရှေ့လျှောက် နိုင်ငံရေးအခင်းအကျင်းများတွင် မည်သို့ မည်ပုံ လက်တွဲမည်ကိုလည်း ဆွေးနွေး မည်ဟု သိရသည်။

SNLD နှင့် NLD ဇန်နဝါရီ ၇ ရက်က ရန်ကုန်မြို့တွင် တကြိမ်၊ ဇန်နဝါရီ ၁၄ ရက်က တောင်ကြီးမြို့တွင် တကြိမ် ကြိုတင် တွေ့ဆုံမှုများ ပြုလုပ်ထားသည်။

ဇန်နဝါရီ ၇ ရက်က NLD ၏ အဆင့်မြင့်ကိုယ်စားလှယ်က SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်တို့ကို လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်တွင် SNLD ဒုဥက္ကဋ္ဌ ဦးစိုင်းခမ်းပိုင်ဖ နှင့် တောင်ကြီးသို့ ရောက်ရှိနေသည့် NLD ကိုယ်စားလှယ် ၃ ဦးတို့က တွေ့ဆုံထားကြသည်။

NLD သည် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အစိုးရဖွဲ့စည်းရန် ပြင်ဆင်ချိန်ကလည်း SNLD ပါတီ၏ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံကာ ဒုတိယသမ္မတ တာဝန်ယူပေးရန် ကမ်းလှမ်းမှု၊ ညှိနှိုင်းမှုများရှိခဲ့သည်။

ထိုစဉ်က အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး မပြေလည်ခြင်းများကြောင့် ညှိနှိုင်းမှုများ ပျက်ပြယ်ပြီး SNLD သည်လည်း ပြည်ထောင်စု အစိုးရအဖွဲ့တွင် ပါဝင်ခြင်း မရှိခဲ့ပါ။

Your Thoughts …
Tags: NLDSNLDအမျိုးသားညီညွတ်ရေး အစိုးရ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ / ထက်ဝေ / ဧရာဝတီ

NLD ရပ်/ကျေး အလုပ်အမှုဆောင်တဦး ဥပဒေမဲ့ ဖမ်းဆီးခံရ

တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည့် KNP ပါတီခေါင်းဆောင်များ  / NLD Shan state/Facebook

NLD ကိုယ်စားလှယ်အဖွဲ့နှင့် ကယန်းအမျိုးသားပါတီ တွေ့ဆုံဆွေးနွေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved