• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၈ ဦး ဖမ်းဆီးခံရ

by ဧရာဝတီ
10 February 2021
in သတင်း
A A
ရခိုင်ပြည်နယ်ရှိ ပြည်သူများ ဆန္ဒဖော်ထုတ်ကြစဉ်

ရခိုင်ပြည်နယ်ရှိ ပြည်သူများ ဆန္ဒဖော်ထုတ်ကြစဉ်

16.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်၊ ဂွ စသည့် မြို့နယ်များတွင် ပြည်သူလူထုက စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး ယင်း ဆန္ဒပြပွဲများတွင် ပါဝင်သူ ဒေသခံ ၈ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် အမ်းမြို့ဒေသခံ ၆ ဦး၊ တောင်ကုတ်မြို့နယ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ် အလုပ်အမှုဆောင် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ ပါဝင်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

၎င်းတို့အားလုံးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဖမ်းဆီးခံရ သူများ၏ မိသားစုဝင်များထံမှ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

အမ်းမြို့နယ်အတွင်းက ဖမ်းဆီးခံရသူ ၆ ဦးတွင် ရခိုင်ပြည်နယ်အတွင်းရှိ ချင်း တက္ကသိုလ်ကျောင်းသူကျောင်းသားများ အဖွဲ့ (Chin University Students In Rakhine State) မှ မိုင်ရတနာအောင်၊ ဆလိုင်းမင်းထိုက်အောင်တို့နှင့်အတူ တခြား အမ်းဒေသခံများဖြစ်ကြသည့်  မိုင်တင်ချိုချိုထွေး၊ မောင်မျိုးအောင်၊ စိုးကလျာထွန်း၊ ဒေါ်မရီတို့ ဖြစ်ကြောင်း သိရသည်။

မိုင်ရတနာအောင်၏မိခင် ဒေါ်တင်တင်အောင်က “ အခု အမှုဖွင့်ပြီးတော့ ရုံးတင်တယ်။ ပုဒ်မကတော့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ ရုံးတင်တယ်လို့ သိခဲ့ရတယ်။ တနိုင်ငံလုံး ပြနေကြတာလေ။ မနေ့က ဆန္ဒပြတာလည်း လူ အများကြီးထဲကမှ ဒီလိုရွေးပြီး အမှုဖွင့်တော့ ဒါကတော့ လုံးဝမတရားဘူး” ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ကို ယမန်နေ့ညက တောင်ကုတ်မြို့မ ရဲစခန်း အချုပ်ခန်း မှ တောင်ကုတ်အခြေစိုက် အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည် ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိရာ မိသားစုဝင်များက စိုးရိမ်လျက် ရှိသည်။

၎င်းတို့နှစ်ဦးအား ပြန်လည် လွှတ်ပေးရေးအတွက် ဖေဖော်ဝါရီ ၉ ရက်၊ ညနေပိုင်းတွင် ဒေသခံများက တောင်ကုတ်မြို့မ ရဲ စခန်းရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ယနေ့လည်း လူအင်အား ၂၀၀ ခန့် ဆက်လက် တောင်းဆို ဆန္ဒပြလျက် ရှိကြောင်း သိ ရသည်။

မာန်အောင်မြို့ပေါ်တွင်လည်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည့်အတွက် NLD ပါတီမှ ဦးဘိုးနွဲ့၊ ဒေါ်ခင်ထိပ် ထားလှိုင်၊ ဦးဟန်မင်းစိုးတို့ကို ရဲစခန်းက ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ယင်းနေ့ည ၁၂ နာရီခန့် တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

တပ်မတော်က အာဏာ သိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ် ပေါ်နေပြီး စစ်တွေမြို့ပေါ်၌လည်း ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်နေရာ မြို့ပေါ်ရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ မှ ခေါင်းဆောင်တချို့ကို ခေါ်ယူမေးမြန်းမှုများ ရှိသလို မြို့ပေါ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ယာဉ်တန်း များဖြင့် လှည့်ပတ်ခဲ့သည့်အတွက် လူထုအတွင်း စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်။

You may also like these stories:

တောင်ကုတ် NLD ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ

Your Thoughts …
Tags: ဆန္ဒပြရဲတပ်ဖွဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

by ဧရာဝတီ
9 December 2025
3.9k

မန္တလေးမြို့လယ်ခေါင် ဈေးချိုတော်အနီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန် ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ကို စစ်ကော်မရှင်က ဆုကြေးထုတ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း၍ သတင်းပေးကြရန် စည်းရုံးနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.5k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

Next Post
မမြသွဲ့သွဲ့ခိုင် ပစ်ခတ်မှုကို ရန်ကုန်တွင် ဗီနိုင်း ပိုစတာကြီး ချိတ်ဆွဲဖော်ထုတ်ခဲ့သည် / ငြိမ်းအေးအိမ် / Facebook

မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်

Error အဖွဲ့မှ အဖွဲ့ဝင် Shake / နေပိုင် / ဧရာဝတီ

“အာဏာရှင်စနစ်က ကျနော်တို့ခေတ်မှာ နောက်ဆုံး ဖြစ်ပါစေ”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved