• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက နိုင်ငံတော် ပုန်ကန်မှုနှင့် အကြည်ညိုပျက်စေမှု ပုဒ်မများကို ပြင်ဆင်ပြဋ္ဌာန်း

by ဧရာဝတီ
15 February 2021
in သတင်း
A A
ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ NLD ရုံးချုပ်သို့ ဝင်ရောက်စီးနင်းနေသော စစ်တပ်ယာဉ်တန်းကို တွေ့ရစဉ် / ဧရာဝတီ

ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ NLD ရုံးချုပ်သို့ ဝင်ရောက်စီးနင်းနေသော စစ်တပ်ယာဉ်တန်းကို တွေ့ရစဉ် / ဧရာဝတီ

21.1k
VIEWS
Share on FacebookShare on Twitter

ရာဇသတ်ကြီး ဥပဒေ၏ နိုင်ငံတော် ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာပုဒ်မနှင့် ပုဒ်မခွဲများကို အာဏာ သိမ်း စစ်ကောင်စီ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြင်ဆင်လိုက်ကြောင်း ကို နိုင်ငံတော်ပိုင် သတင်းဌာနများမှတဆင့် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတော် ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာပုဒ်မများ ဖြစ်သည့် ပုဒ်မ ၁၂၁ ၊ ပုဒ်မ ၅၀၅ ပါ ပုဒ်မခွဲများ ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုလုပ်ခဲ့ပြီး အဓိက ပြင်ဆင် ဖြည့်စွက်သည့်အချက်များမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များကို အကာကွယ်ပေးသည့် အချက်များ ဖြစ်သည်။

ဥပဒေ အကြံပေး ဦးစိုင်းအောင်မြင့်ဦးက “ရာဇသတ်ကြီးကို ပြင်တယ်ဆိုတာက အင်မတန်မှ အန္တရာယ်များတယ်၊ ရာ ဇသတ်ကြီးဆိုတာ ကျနော်တို့ရဲ့ Mother Law (အခြေခံဥပဒေ) ကတောင် သူ့ကို မှီငြမ်းရတယ်။ သူအဲဒီလိုမျိုး ပြင်လို့ မရဘူး ခင်ဗျ။ ဒီဥပဒေက အတည်ပြုမလားဆိုတာကလည်း မဖြစ်နိုင်ဘူး။ သူ့အတွက် သုံးဖို့ပဲ။ အတည်ပြုဖို့ဆိုရင် ပြည် သူတွေ ထောက်ခံမှု အဆင်ပြေချောမွေ့မှုပေါ်မှာ မူတည်ပြီး လုပ်ရတာပါ။အခု သူ့ဟာသူ ရေးတယ်ဆိုတာ ဥပဒေ မဟုတ် ပါဘူး” ဟု ပြောသည်။

စစ်ကောင်စီမှ ရာဇသတ်ကြီးကို ပြင်ဆင်ကြောင်း ထုတ်ပြန်ချက်သည် အမိန့်သို့မဟုတ် ဥပဒေပြင်ဆင်ချက် ဆိုသည်ကို သဲ ကွဲပုံ မရကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဥပဒေတခု ပြင်ဆင်မည်ဆိုပါက အဆင့်ဆင့် လုပ်ဆောင်ရ မည်ကို ပြဋ္ဌာန်းထားသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လုပ်ဆောင်ချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်နေ သည့်ပုံ ဖြစ်နေသည်ဟု ဦးစိုင်းအောင်မြင့်ဦးက ဆိုသည်။

ဥပဒေတခုကို ပြင်ဆင်မည်ဆိုပါက ဥပဒေကြမ်း ဦးစွာရေးဆွဲခြင်း၊ လူထုမှ အမှန်တကယ် ကျင့်သုံးနိုင်မှု ရှိမရှိ ဆွေးနွေးခြင်း၊ ထို့နောက် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးခြင်း၊ လွှတ်တော်မှ ပြင်ဆင်မည်ဟု သဘောတူပြီးမှ သမ္မတက လက် မှတ်ရေးထိုး အတည်ပြုပေးခြင်းတို့ အဆင့်ဆင့် လုပ်ရမည်ဟု ဦးစိုင်းအောင်မြင့်ဦးက ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁၊ မူရင်းပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည် ထောင်စု အစိုးရအဖွ့ဲကို လက်နက်ဖြင့် ဖြစ်စေ၊ သောင်းကျန်းသောနည်းဖြင့် ဖြစ်စေ ဖြိုဖျက်ပါက သေဒဏ် ပြစ်ဒဏ်ရနိုင် သည့် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုမြောက်ကြောင်း ပြဋ္ဌာန်းထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မညီဘဲ လက်နက်ဖြင့် ဖြစ်စေ ဖြိုဖျက်ပါက သေဒဏ်ပြစ်ဒဏ်ရနိုင်သည့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုမြောက်ကြောင်း ပြင်ဆင်လိုက်ခြင်း ဖြစ် သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်ထောင်စု အစိုးရအဖွဲ့အား လက်နက်အားကိုးဖြင့် ဖြုတ်ချခြင်းကြောင့် နိုင်ငံတော် ပုန်ကန်မှုမြောက်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းကြားတွင် ပြောဆိုမှုများ ရှိနေပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုမှု ကော်မတီ (CRPH) က ထိုပုဒ်မ အပါအဝင် အခြားပုဒ်မများဖြင့် တရားစွဲဆိုရန် ပြင်ဆင်မှုများ လုပ်နေသည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မများကို ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ဦးစိုင်းအောင်မြင့်ဦးက “၂၀၀၈ ထဲမှာ ရေးထားတာက စစ်အစိုးရခေတ်အဆက်ဆက်က သူတို့ကို တရားမစွဲအောင် ရေး ထားတာ ရှိတယ်။ ဒီနောက်တက်မယ့် ကောင်စီပဲ ဖြစ်ဖြစ် အစိုးရပဲ ဖြစ်ဖြစ် တရားပြန်စွဲနိုင်တယ် ဆိုတာကို သူတို့ သတိ မထားမိဘူး။ ဘယ်လောက်ပဲပြင်ပြင်၊ ဘယ်ဟာပြင်ပြင်ပါ၊ ပြန်တရားစွဲလို့ ရပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ထို့ပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ ၊ ပုဒ်မခွဲ (က) တွင် မူရင်းပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို အမုန်း ထားအောင် မလေးစားအောင် ပြုလုပ် အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် အားထုတ်လျှင် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် ၃ နှစ် မှ စ၍ တသက်တကျွန်းဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်ပြင်ဆင်လိုက်သည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် တပ်မတော်၊ တပ်ဖွဲ့ ဝင်များကို အမုန်းထားအောင် မလေးစားအောင် ပြုလုပ်အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်အား ထုတ် လျှင် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် ၇ နှစ်မှ အနှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဖြစ်သည်။

ပုဒ်မ ၁၂၄ ၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့တွင်လည်း မူရင်း ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းအဖွဲ့ တခု ခုကို ဖြိုဖျက်ရန်၊ ဖျက်ဆီးစေရန် သင်ကြားခြင်း၊ နှိုးဆော်ခြင်း၊ အားပေးခြင်း ပြုလုပ်ခြင်း၊ ထိုသို့ ပြုလုပ်သည့် အသင်းအဖွဲ့၊ လူစုတွင် ပါဝင်ခြင်း၊ ဆက်သွယ်ခြင်းတို့ ပြုလုပ်ပါက ၃ နှစ်အောက် မနည်း၊ ၁၀ နှစ်ထက်မပိုသည့် ထောင်ဒဏ် တမျိုးတမျိုး ချမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟူ၍ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဒ်မ ၁၂၄ ၊ ပုဒ်မခွဲ(ဂ) တွင် နိုင်ငံတော် တည်ငြိမ်စေရေးကို တပ်မတော်နှင့် တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများက ထိန်းသိမ်းနေစဉ် ပျက်ပြားစေရန် တားဆီးခြင်း၊ နှောင့် ယှက်ခြင်း လုပ်ဆောင် ပါက ငွေဒဏ်နှင့်တကွ ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြင်ဆင် လိုက်သည်။

ပုဒ်မ ၁၂၄၊ ပုဒ်မခွဲ (ဃ) တွင်လည်း တပ်မတော်တပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများကို တာဝန်မထမ်းဆောင်နိုင်စေရန် နှောင့်ယှက် တားဆီးပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြင် ဆင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုင်ရာ ပုဒ်မ ၅၀၅ တွင်လည်း ပုဒ်မခွဲတခုကို ထပ်တိုးခဲ့ပြီး ကျန်ပုဒ်မခွဲ ၃ ခုကိုလည်း ပြင်ဆင် ဖြည့်စွက်ခြင်းများ ပြုလုပ်လိုက်သည်။

ပုဒ်မ ၅၀၅ သည် မည်သူမဆို တပ်မတော်၊ တပ်ဖွဲ့ဝင်များ၊ အစိုးရ ဝန်ထမ်းများကို လုပ်ငန်းစည်းကမ်း၊ ကျန်းမာရေး ၊ အလုပ် လုပ်ကိုင်လိုစိတ် ပျက်စီးအောင် ပိတ်ပင်ခြင်း တားဆီးခြင်း၊ ပျက်စီးအောင် လုပ်ခြင်းများ၊ စည်းကမ်း မလိုက်နာစေရန်နှင့် အမုန်းစကားများ ဖြန့်ပါက တရားစွဲဆိုနိုင်သည့် ပုဒ်မအဖြစ် ပြင်ဆင်လိုက်သည်ဟု ကြေညာထားသည်။

နိုင်ငံသားများကို ကြောက်ရွံ့အောင် လုပ်ဆောင်ခြင်း၊ အမုန်းစကားဖြန့်ခြင်း၊ လှုံ့ဆော်ခြင်း၊ သတင်းမှားများဖြန့်ခြင်း၊ အစိုးရ ဝန်ထမ်းများကိုလည်း အလုပ်မလုပ်နိုင်အောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ စည်းရုံးလှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း ပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေကျခံရမည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြင်ဆင်လိုက်သည်။

တပ်မတော်က အာဏာသိမ်းခြင်းကြောင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် အလုပ်မလုပ်နိုင်ကြောင်း သပိတ် မှောက်ကာ အလုပ်လုပ်ခြင်းများကို ရပ်နားထားသည့် လှုပ်ရှားမှု (Civil Disobedience Movement-CDM) ကို ပြည်နယ် နှင့် တိုင်းဒေသကြီးအနှံ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများက ပြုလုပ်နေကြသည်မှာ ရက်သတ္တပတ် နှစ်ပတ် ရှိပြီဖြစ်သည်။

CDM ပြုလုပ်နေသူများက စစ်ကောင်စီ၏ ယန္တရားရပ်တန့်ကာ အစိုးရအဖြစ် မရပ်တည်နိုင်ရေးကို ရည်ရွယ်သည့်အပြင် စစ် အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် ဆန္ဒပြလူငယ်များကလည်း အလုပ်ဆငက်ဆ်းနေသည့် ဝန်ထမ်းများကို CDM တွင် ပါဝင်ရန် စည်းရုံးပြောဆိုမှုများလည်း လုပ်ဆောင်လျက် ရှိသည်။

တရားလွှတ်တော် ရှေ့နေ ဦးအေးမင်းက “ဒါက ရှင်းပါတယ်။ သူတို့ အရေးပေါ် ကာလဖြစ်နေတာကို ထိန်းချင်တဲ့ သဘော ပဲ။ နည်းနည်းလေးပဲ အထိန်းအနေနဲ့ ဖြစ်မလားဆိုပြီး သူဒါကို ပြဋ္ဌာန်းတာပါ။ လုပ်လို့ ရနိုင်တာတွေ လိုက်လုပ်တာပေါ့၊ လူ ထုက သတိလည်း မထားပါဘူး။ သူတို့ကြေညာချက်ထုတ်၊ ထုတ်တာပဲလေ ” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ပြင်ဆင်လိုက်သည့် ဥပဒေပုဒ်မများကို ကြည့်ကာ လူထုအနေဖြင့်လည်း ကြောက်နေရန် မလိုအပ်ပါဟု ဦးအေးမင်းက ပြောသည်။

ဦးအေးမင်းက “အခု ညဘက်တွေ ဧည့်စာရင်း စစ်မယ့်ကိစ္စတွေ ဒီတချက်ပဲ သတိထားရမှာ။ အရင်က ဝရမ်းမပါဘဲ ဖမ်းမရ ဘူး၊ အနည်းဆုံး ဒုရဲအုပ် အရာရှိတယောက်ပါရမယ်၊ ရပ်ကွက်က လူကြီးတယောက်၊ အုပ်ချုပ်ရေး တယောက်ပါရမယ်၊ အဲဒါတွေ မလုပ်ချင်တဲ့ အတွက်ကြောင့် အချိန်မရွေး ဝင်ဖမ်းလို့ ရအောင် လုပ်လိုက်တယ်၊ ဒါကိုတော့ နည်းနည်း သတိထား ရမယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်လိုက်သည်ဟု ကြေညာလိုက်ပြီး ရပ်ကွက်များအတွင်း အိမ်ထောင်စုစာရင်း မရှိဘဲ နေထိုင်သူများ၊ ပြင်ပမှ လာသူ များက ဧည့်စာရင်းကို ၁၅ ရက် တကြိမ် တိုင်ရမည်ဖြစ်ကာ မတိုင်ပါက ငွေဒဏ် သို့မဟုတ် ၇ ရက်အထိ ထောင်ဒဏ် ပေး မည် ဟူ၍ ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီမှ အာဏာသိမ်းထားသည့် ကာလတွင်း လူ့အခွင့်အရေးဆိုင်ရာ ပုဒ်မများ ဖြစ်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပုဒ်မ ၃ ခုကိုလည်း ခေတ္တ ဆိုင်းငံ့ထား ကြောင်း ကြေညာထားသည်။

You may also like these stories:

နိုင်ငံတကာမှာပါ စစ်ကောင်စီအဖွဲ့ကို တရားစွဲဆိုပါမယ်

တပ်မတော် ဘာဆက်လုပ်မည်နည်း

Your Thoughts …
Tags: ပြင်ဆင်ရာဇသတ်ကြီးဥပဒေအကြည်ညိုပျက်စေမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ)  /  ဧရာဝတီ

ဦးဝီရသူ အမှု လာမည့် ရုံးချိန်း သက်သေများ အပြီး စစ်ဖွယ်ရှိ

by ထွန်းထွန်း
2 July 2019
13.9k

တရားစွဲဆိုခံရပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ)အား မျက်ကွယ် စစ်ဆေး မှု လာမည့် ဇူလိုင် ၉ ရက် ရုံးချိန်းတွင် အနောက်ပိုင်းခရိုင် တရားရုံးက သက်သေများကို အပြီးစစ်ဆေးဖွယ် ရှိနေသည်။

ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး  / မျိုးမင်းစိုး / ဧရာဝတီ

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ထောင်ဒဏ် ၁နှစ် ချမှတ်ခံရ

by ထွန်းထွန်း
29 August 2019
4.6k

တပ်မတော်က တရားစွဲထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တနှစ်ကျခံရန် အင်းစိန်မြို့နယ် တရားရုံးက ယနေ့ သြဂုတ် ၂၉ ရက်တွင် အမိန့်ချလိုက် သည်။

Next Post
အာဏာသိမ်းပြီးနောက် စစ်တွေ မြို့ပေါ် အခြေအနေ  / ဧရာဝတီ

ရခိုင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ငြိမ်သက်

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved