• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝီရသူ အမှု လာမည့် ရုံးချိန်း သက်သေများ အပြီး စစ်ဖွယ်ရှိ

by ထွန်းထွန်း
2 July 2019
in သတင်း
A A
ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ)  /  ဧရာဝတီ

ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) / ဧရာဝတီ

13.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ)အား မျက်ကွယ် စစ်ဆေးမှု လာမည့် ဇူလိုင် ၉ ရက် ရုံးချိန်းတွင် အနောက်ပိုင်းခရိုင် တရားရုံးက သက်သေများကို အပြီး စစ်ဆေးဖွယ် ရှိနေသည်။

အမှုတွင် တရားလိုပြသက်သေ ၉ ဦး တင်ပြထားပြီး ဇူလိုင်၂ ရက် အထိ ၆ ဦး စစ်ဆေးပြီး ဖြစ်သည့် အတွက် ၃ ဦးသာ ဆက်လက် စစ်ဆေးရန် ကျန်ရှိသည်။

မျက်ကွယ် အမှုစစ်ဆေးရာတွင် တရားလိုသက်သေ အားလုံး စစ်ဆေးပြီးပါက ဦးဝီရသူအား တရားခံပြေး အဖြစ် ကြေညာရန် သင့် မသင့်ကို တရားသူကြီးက ဆုံးဖြတ်ရမည် ဖြစ်ကြောင်း တရားရုံး ပြန်ကြားရေးဘက်က ပြောဆိုထား သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ယနေ့ ရုံးချိန်းတွင် ရန်ကုန်တိုင်း သာသနာရေး ဦးစီးအရာရှိ ဦးဝေနိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ် ၂ ရပ်ကွက် ရာ အိမ်မှူး ဦးတင်ဝင်းနှင့် ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် မောင်မောင်ချိုတို့ လာရောက် ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ထွက်ဆိုရာ၌ ဦးဝီရသူနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)၏ ဆုံးဖြတ်ချက်များနှင့် ဧပြီ ၂၉ ရက် က မြိတ်မြို့တွင် ဦးဝီရသူ ဟောပြောခဲ့သည့် ဗီဒီယိုဖိုင် အချက်အလက်များအား သာသနာရေး ဦးစီးအရာရှိ ဦးဝေနိုင် က သက်သေခံ အဖြစ် တင်ခဲ့သည့်အပြင် ဦးဝီရသူကို သံဃအဖွဲ့အစည်း ညွှန်ကြားလွှာ အမှတ် ၁၅ အရ ဆုံးဖြတ် ဆောင်ရွက်ရန်လည်း မဟနက ဆုံးဖြတ်ထားကြောင်း ထွက်ဆိုသည်။

ညွှန်ကြားလွှာ အမှတ် ၁၅၊ အပိုဒ်(က)တွင်“ပြစ်မှုဆိုင်ရာ ဥပဒေ တစုံတရာ ကျူးလွန်သော ရဟန်း သာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ အရ အပြစ်ဒဏ်ချမှတ်ခြင်း ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့တရားရုံး၏ ဆုံး ဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယက အဖွဲ့က ဝိနည်း တရားတော်နှင့် အညီ လိုအပ်သလို စစ်ဆေးဆုံး ဖြတ်ပေးရန်”ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးဝီရသူသည် မေလ ၅ ရက်က ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် မလေး မစား ဖြစ်အောင်၊ မေတ္တာပျက်အောင် လှုံ့ဆော် ဟောပြောသည်ဟု ဆိုကာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အရေးယူပေးရန် အနောက်ပိုင်း ခရိုင်၊ ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားရုံးသို့ ဦးတိုက် လျှောက်ကာ တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

ဦးဝီရသူအား ဖမ်းဆီးရမိရေး အတွက် တရားရုံးက ဖမ်းဝရမ်း ၂ ကြိမ်ထုတ်ဆင့်ခဲ့သော်လည်း ထွက်ပြေး တိမ်းရှောင်နေ သည့်အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က)/ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇဝတ် အထွေထွေမှု ဖွင့်ကာ ဆက်လက် စစ်ဆေးနေခြင်း ဖြစ်သည်။

You may also like these stories:

ဦးဝီရသူ မွေးနေ့ အထိမ်းအမှတ် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်တွင် စုပေါင်းသွေးလှူဒါန်း

ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်

ဦးဝီရသူအမှု တရားလိုပြ သက်သေများကို စတင် စစ်ဆေး

Your Thoughts …
Tags: တရားလိုပြသက်သေသာသနာရေး ဦးစီးအကြည်ညိုပျက်စေမှုဦးဝီရသူအမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဖေဖော်ဝါရီ ၁၅ ရက် ရန်ကုန်မြို့ NLD ရုံးချုပ်သို့ ဝင်ရောက်စီးနင်းနေသော စစ်တပ်ယာဉ်တန်းကို တွေ့ရစဉ် / ဧရာဝတီ

စစ်ကောင်စီက နိုင်ငံတော် ပုန်ကန်မှုနှင့် အကြည်ညိုပျက်စေမှု ပုဒ်မများကို ပြင်ဆင်ပြဋ္ဌာန်း

by ဧရာဝတီ
15 February 2021
21.1k

ပြန်လည်ပြင်ဆင်လိုက်သည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် တပ်မတော်၊ တပ်ဖွဲ့ဝင်များကို အမုန်း ထားအောင် မလေးစားအောင် ပြုလုပ်အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်အားထုတ်လျှင် ငွေဒဏ်နှင့် တကွ ထောင်ဒဏ် ၇ နှစ်မှ အနှစ် ၂၀...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ အဂတိ ၂ မှုမှ တရားလိုပြသက်သေကို အပြန်အလှန် စစ်မေး

by ဧရာဝတီ
26 November 2021
13.2k

နေပြည်တော် စည်ပင်ကော်မတီရဲ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ မြေငှားဂရမ် ထုတ်ပေးခဲ့တာပေါ့။ နောက်ပြီး သူတို့ တရားဝင် သတ်မှတ်ထားတဲ့ ၁ ဧက ကျပ်သိန်း ၅၀ နှုန်းထား ပေးသွင်းပြီး တရားဝင် မြေငှားဂရမ် ရရှိခဲ့တာဆိုတဲ့ အချက်တွေ ပေါ်ပေါက်ခဲ့တယ်

၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်သို့ လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာခဲ့စဉ် တွေ့ရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ဧရာဝတီ

ရခိုင်ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိအမှု တရားလိုပြသက်သေများ စစ်ဆေးတော့မည်

by ဧရာဝတီ
21 September 2021
14.6k

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ စသည့် ဥပဒေများ အပါအဝင်...

ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး  / မျိုးမင်းစိုး / ဧရာဝတီ

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ထောင်ဒဏ် ၁နှစ် ချမှတ်ခံရ

by ထွန်းထွန်း
29 August 2019
4.6k

တပ်မတော်က တရားစွဲထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တနှစ်ကျခံရန် အင်းစိန်မြို့နယ် တရားရုံးက ယနေ့ သြဂုတ် ၂၉ ရက်တွင် အမိန့်ချလိုက် သည်။

ရန်ကုန်တိုင်း တရား လွှတ်တော်တွင် ယနေ့ ရုံးထုတ်လာသည့် ရဲအုပ် ချစ်ကိုကို / မျိုးမင်းစိုး  / ဧရာဝတီ

ရဲအုပ် ချစ်ကိုကို၏ အဂတိအမှု တရားလိုပြသက်သေ ၇ ဦးစစ်ပြီးဟု ဆို

by ဇူးဇူး
9 October 2019
23.4k

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသူ ရွှေပေါက္ကံနယ်မြေ စခန်းမှူးဟောင်း (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို အမှု ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း တရားလိုပြသက်သေ ၇ ဦးသာ စစ်ဆေးပြီးကြောင်း

Next Post
ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းအား စစ်တွေမြို့မှ မြောက်ဦးသို့ သယ်ယူစဉ်  / မင်းအောင်ခိုင်

ဖမ်းဆီးခံရသည့် မြောက်ဦး ဒေသခံများထဲမှ ၁ ဦး ထပ်မံသေဆုံး

အိမ်အကူ မကရင်မအမှု သံသယတရားခံ တပ်မတော်အရာရှိကတော်ကို ရုံးထုတ်မြင်ကွင်း  / ထက်ဝေ

အိမ်အကူ မကရင်မ သေဆုံးမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို စတင် စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved