• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိအမှု တရားလိုပြသက်သေများ စစ်ဆေးတော့မည်

by ဧရာဝတီ
21 September 2021
in သတင်း
A A
၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်သို့ လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာခဲ့စဉ် တွေ့ရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ဧရာဝတီ

၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်သို့ လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာခဲ့စဉ် တွေ့ရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု / ဧရာဝတီ

14.6k
VIEWS
Share on FacebookShare on Twitter

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ယူခဲ့သော ဝန်ကြီးဟောင်း ၅ ဦး၏ အမှုမှ တရားလိုပြသက်သေများအား လာမည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၏ ရှေ့နေ ဦးအောင်စစ်မင်း (မင်းထီး Law Firm) က “ဒီနေ့ စစ်တွေအကျဉ်းထောင် ပရိဝုဏ်ထဲမှာ တရားရုံး ဖွင့်ပြီးတော့ အမှုကို ကြားနာပါတယ်။ လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ တရားလို သက်သေတွေကို စတင်စစ်ဆေးဖို့ ရုံးချိန်း ပေးလိုက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်သည်။

၎င်းတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က တရားလို ပြုလုပ်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်ကာ တရားလိုပြသက်သေ ၁၄ ဦးကို ရုံး တော်၌ တင်ပြထားကြောင်း ရှေ့နေများထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပြီး ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံမှာမူ ဇူလိုင်လကုန်ပိုင်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရ ကာ ဦးကျော်လွင်သည် သြဂုတ် ၁၂ ရက်နေ့က ၎င်းနေထိုင်ရာ ရမ်းဗြဲမြို့ပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
28
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
78

၎င်းတို့ တာဝန်ယူခဲ့စဉ်က ဂွမြို့ နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်းလျက် ရှိသော ဂုံးသောင်ပေါ် တန်ဖိုးနည်းမြေကွက် ဖော်ဆောင်ရာ၌ ညွန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်ကမ်းနှင့် မညီဘဲ ဆက်စပ်ကုမ္ပဏီ တခုအား စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ် ကာ ကုမ္ပဏီကို ငွေကြေးများ ပေးဆောင်ခြင်းများ ပြုလုပ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အဆိုပါ ဝန်ကြီးဟောင်းများသည် ဆက်စပ် ကုမ္ပဏီတခုအား အချက်အလက်များကို မစိ စစ်ဘဲ ဒေသခံများ အလုပ်ရရှိရန် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင်အဆောက်အအုံ ၃ လုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေခြင်း၊ အဆောက်အအုံ ပြုပြင်ရန် အကြောင်းပြချက်ဖြင့် အမှန်အကန် လုပ်ငန်း မလည်ပတ်ဘဲ ငွေကျပ် ၅၅ သန်းကို ထောက် ပံ့ငွေ ပေးအပ်ခဲ့ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ အစိုးရတာဝန်ယူခဲ့စဉ်က ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ ရန်ပုံငွေ ကျပ် ၈၆၅ သန်း ကို ဘဏ္ဍာရေး စည်းမျဉ်းနှင့် မညီဘဲ သုံးစွဲခဲ့ခြင်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ၎င်း တာဝန်ထမ်းဆောင်စဉ် က ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိ၊ လွှတ်တော်၏ ခွင့်ပြုချက်မရှိသော တောင်ကုတ် မြို့မဈေး အပါအ ဝင် ဈေး ၅ ဈေး ဆောက်လုပ်စေခြင်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီအား သဘောတူစာချုပ်ထက် ကျော်လွန်သည့် ငွေ ကြေးဖြင့် စာချုပ်ချုပ်ဆိုပြီး ဆောက်လုပ်စေခြင်း ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ စသည့် ဥပဒေများ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အဂတိမှုတွေ စစစ်တော့မည်

အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ဝန်ကြီးဟောင်း ၅ ဦးအမှု ပထမအကြိမ် ရုံးထုတ်

Your Thoughts …
Tags: တရားလိုပြသက်သေရခိုင်ဝန်ကြီးဟောင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

by Laurie Chen
23 October 2025
1k

ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

အဂတိမှုများ တိုက်ဖျက်သော်လည်း သိသိသာသာ မကျဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

by ထက်နိုင်ဇော်
29 April 2019
14.2k

အဂတိ လိုက်စားမှု သည် ၂၀၀၈ နှစ်ကုန်အထိ သိသိသာသာ ကျဆင်းသွားခြင်း မရှိဘဲ ယခင်အတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ငါးကြီးများကို ဖမ်းနိုင်ခဲ့ခြင်းအပေါ် ပြည်သူအများစုက ကျေနပ်ကြသည် / သရုပ်ဖော် - ကိုခေတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးတွေကို ထပ်ဖမ်းပြန်ပြီ

by ဧရာဝတီ
17 September 2018
267.3k

တိုင်းပြည်တွင် စွဲကပ်နေသည့် အကျင့်ပျက်ခြစားမှု ကင်ဆာကို ဖယ်ရှားကုသရာတွင် အရေးပါသော ကုထုံးကို စတင်နေပြီဟု ဆိုအပ်ပေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ အဂတိ ၂ မှုမှ တရားလိုပြသက်သေကို အပြန်အလှန် စစ်မေး

by ဧရာဝတီ
26 November 2021
13.2k

နေပြည်တော် စည်ပင်ကော်မတီရဲ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ မြေငှားဂရမ် ထုတ်ပေးခဲ့တာပေါ့။ နောက်ပြီး သူတို့ တရားဝင် သတ်မှတ်ထားတဲ့ ၁ ဧက ကျပ်သိန်း ၅၀ နှုန်းထား ပေးသွင်းပြီး တရားဝင် မြေငှားဂရမ် ရရှိခဲ့တာဆိုတဲ့ အချက်တွေ ပေါ်ပေါက်ခဲ့တယ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း  / ဧရာဝတီ

ဦးကျော်ဝင်းကိစ္စက အဂတိတိုက်ဖျက်ရေး အစိုးရ၏ လေးနက်မှုကို စမ်းသပ်နေ

by ကျော်ဖြိုးသာ
1 June 2018
13.4k

ရာထူးမှ နုတ်ထွက်စေခြင်းသည် အခြား အကျင့်ပျက် အရာရှိများ လာဘ်ယူပြီး ပြစ်ဒဏ်မခံရဘဲ ရာထူးမှ နုတ်ထွက်ခြင်းကို အားပေးသကဲ့သို့ ဖြစ်နေသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား အမှုကို စောင့်ကြည့်နေကြောင်း ပြောဆိုခြင်းဖြစ်သည် / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော် ဗစ်တိုးရီးယားအမှု အဂတိ ကော်မရှင်စောင့်ကြည့်နေ

by မိုးမိုး
21 September 2019
22.4k

ယနေ့ နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်သည့် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်ရုံး၊ စစ်ဆေးရေးမှူးချုပ်(တားဆီးကာကွယ်ရေးနှင့်စုံစမ်း စစ်ဆေးရေးဦးစီး ဌာန)မှ စစ်ဆေး ရေးမှူးချုပ် ဦးသန့်ဇာ် က သတင်းစာ ရှင်းလင်းပွဲတွင် သတင်း ထောက်များ၏...

Next Post
QR စနစ် မိုဘိုင်းလ်ငွေပေးချေမှု အသုံးပြုနေသည်ကို တွေ့ရစဉ်

QR စနစ်သုံး ငွေပေးချေမှု ဗဟိုဘဏ် ခွင့်ပြုသည့် ကုမ္ပဏီများ ငွေကြေးဝန်ဆောင်မှုကဏ္ဍမှ မဟုတ်

ကယားပြည်နယ်က ရွာတွေကို စစ်ကောင်စီတပ် အမြောက်နဲ့ပစ်ခတ် (ရုပ်/သံ)

ကယားပြည်နယ်က ရွာတွေကို စစ်ကောင်စီတပ် အမြောက်နဲ့ပစ်ခတ် (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved