• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အဂတိမှုတွေ စစစ်တော့မည်

by ဧရာဝတီ
17 September 2021
in သတင်း
A A
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / နိုင်ငံတော် အတိုင်ပင်ခံရုံး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် အတိုင်ပင်ခံရုံး

18.2k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စွပ်စွဲကာ တရားစွဲဆိုထားသည့်အမှုများအား အောက်တိုဘာ ၁ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးခင် မောင်ဇော်ကပြောသည်။

စတင်စစ်ဆေးမည့်အမှုများမှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းအပေါ် စွဲဆိုမှု ၂ မှုနှင့် အခြားသူများနှင့် ပူးတွဲစွဲဆိုမှု ၂ မှု၊ စုစုပေါင်း လေးမှုအား နေပြည်တော်ရှိ အထူးတရားရုံးတွင်ပင် စစ်ဆေးသွား မည်ဖြစ်သည်။

ရှေ့နေ ဦးခင်မောင်ဇော်က “တပတ်ခြား သောကြာနေ့တိုင်း ရုံးချိန်းချိန်မယ်လို့ပြောပါတယ်၊ အမှုတွဲတွေကတော့ ဒက္ခိဏခရိုင် တရားသူကြီးရဲ့ စီမံခန့်ခွဲမှု အောက်မှာ ထားမယ်လို့ပြောပါတယ်၊ အောက်တိုဘာ ၁ ရက်နေ့မှာ တရားလိုဘက်ကို စပြီးစစ်ပါ မယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗဟန်းမြို့နယ်ရဲစခန်းက တရားလိုပြုလုပ်ကာ အဂတိမှုဖြင့် တရားစွဲဆိုထားသည့် အမှုတမှုလည်းရှိနေပြီး ယင်းအမှုအား မည်သည့်အချိန်တွင် စတင်စစ်ဆေးမည်ကို မ သိရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စီးပွားရေးအကြံပေးဖြစ်သူ ဩစတေးလျနိုင်ငံသား စီးပွား ရေးပညာရှင် မစ္စတာရှောင်တာနယ်နှင့် ပူးတွဲ၍ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပ‌ဒေ ပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲထား သည့်အမှုကိုလည်း နေပြည်တော်တွင်သာ ပြောင်းရွေ့စစ်ဆေးရန်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စက်တင် ဘာ ၁၄ ရက်နေ့က အမိန့်ချမှတ်ထားသည်။

ပုံမှန်အားဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည့် အခြားအမှုများအား အပတ်စဉ်ပုံမှန် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးသီးသန့်တရားရုံးတွင်း ရုံးထုတ်စစ်ဆေးလျှက်ရှိသည်။

အမှုရုံးထုတ်စစ်ဆေးမှုများအား ပြီးခဲ့သည့် နှစ်လအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဟုဆိုကာ ရုံးချိန်းများရပ်နားထား ရာမှ ယခုအပတ်မှ စတင်ကာ ပြန်လည်စစ်ဆေးနေခြင်းဖြစ်ပြီး လာမည့် အင်္ဂါနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မ တဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်းတို့အပေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲ ထားသည့်အမှုအား စွဲချက်တင်/မတင် အမိန့်ချမည်ဖြစ်သည်။

လူထုရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအား ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုပေါင်း ၁၀ ကျော်အား ဆက်တိုက်တရားစွဲဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို လျှို့ ဝှက်ထိန်ချန်ထားဆဲဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ (တနင်္လာနေ့) ရုံးချိန်းအတွက် အထူးတရားရုံးသို့ လာရောက် ရာတွင် ကားစီးရသည့်ဒဏ်ကြောင့် မူးဝေနေခဲ့သည့်အတွက် ၎င်း၏အမှုများအား ကြားနာနိုင်ခြင်းမရှိခဲ့သော်လည် နောက်တနေ့ စက်တင်ဘာ ၁၄ ရက်နေ့ (အင်္ဂါနေ့) ရုံးချိန်းတွင် အနည်းငယ်ပြန်လည်သက်သာခဲ့သည့်အတွက် စစ်ဆေးကြားနာမှုပြုလုပ် နိုင်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

You may also like these stories:

ရွေးကောက်ပွဲကော်မရှင်ထံမှ အကြောင်းကြားစာ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

စစ်ကောင်စီနှင့် ဆွေးနွေးသည်ဆိုသည့်သတင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်သက်သာလာ၊ အမှု စွဲချက်တင်/မတင် ရှေ့တပတ်အမိန့်ချမည်

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အဂတိမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

Next Post
ကျပ်ငွေသည် အာဏာသိမ်းချိန်မှ စတင်ပြီး ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းသွားသည် / Nikkei Asia

ကျပ်ငွေတန်ဖိုး ကျပြီးရင်း ကျနေ

တောင်ကုတ်မြို့နယ် NLD ခေါင်းဆောင်များ ဖြစ်သော ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုး  / ဧရာဝတီ

တောင်ကုတ် NLD ခေါင်းဆောင်နှစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved