• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

တောင်ကုတ် NLD ခေါင်းဆောင်နှစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံရ

by ဧရာဝတီ
17 September 2021
in သတင်းတို
A A
တောင်ကုတ်မြို့နယ် NLD ခေါင်းဆောင်များ ဖြစ်သော ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုး  / ဧရာဝတီ

တောင်ကုတ်မြို့နယ် NLD ခေါင်းဆောင်များ ဖြစ်သော ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုး / ဧရာဝတီ

23.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ်အဆင့် ပါတီခေါင်းဆောင်များ ဖြစ်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ကို ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်လိုက်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးကို စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခဲ့မှုနှင့် ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲမှု (ဘေး/စီမံ) ဥပဒေပုဒ်မ ၂၅၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစု/စီ) ဥပဒေပုဒ်မ ၁၉ များဖြင့် တရားစွဲ ထားခြင်း ဖြစ်သည်။

RelatedPosts

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
722
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
289
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
376

ယနေ့ တရားသူကြီးက အမိန့်ချမှတ်ရာတွင် ဘေး/စီမံ ဥပဒေ ပုဒ်မ ၂၅ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ငြိမ်းစု/စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က “ဒီနေ့ သူတို့ကို ဘေးစီ/မံ ဥပ ဒေနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် ချပြီးတော့ ငြိမ်းစု/စီ ဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံစေလို့ အမိန့်ချမှတ်လိုက်တဲ့အတွက် အားလုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခံရမှုနှင့် ပတ်သက်၍ အမှုသည်များ၏ ဆန္ဒအရ အထက်တရားရုံးများထံ အယူခံတက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ဖြစ်သော ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးများကို စစ်ကောင်စီက အဂတိလိုက်စား မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြည်နယ်တရားလွှတ်တော်၌ တရားစွဲဆိုထားပြီး စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဦးမင်းအောင်ကိုလည်း ထည့်သွင်းတရားစွဲထားရာ ၎င်းအနေဖြင့် အဂတိမှုကို ဆက်လက် တရားရင်ဆိုင်ရအုံး မည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးသည့် နောက်ပိုင်း တခြား ပြည်နယ်နှင့် တိုင်းများကဲ့သို့ ရခိုင်ပြည် နယ်အတွင်းရှိ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ဂွ၊ မာန်အောင် စသည့် မြို့နယ်များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား မှုများ၊ ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့ကို အာဏာပိုင်များက ဖေဖော်ဝါရီ ၉ ရက်၌ နေအိမ်သို့ လာရောက် ဖမ်းဆီးသွားခဲ့ပြီးနောက် အဆိုပါ ပုဒ်မများနှင့် တရားစွဲဆိုခဲ့ရာ ၇ လကျော်အကြာတွင် အမိန့်ချခဲ့ ခြင်းလည်း ဖြစ်သည်။

You may also like these stories:

စစ်ဆန့်ကျင်ရေး ဆန္ဒပြ ရခိုင်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ

ရန်ကုန်မြေပြင် လုံခြုံရေးအရာရှိ ဗိုလ်မှူး သန်းကျော်ခိုင် အနီးကပ် ပစ်သတ်ခံရ

ကျယ်ပြန့်လာနေသော မြန်မာပြည်တွင်းစစ်ရဲ့ ဟိုချီမင်းလမ်းကြောင်းများ

Your Thoughts …
Tags: NLDတောင်ကုတ်ထောင်ဒဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

Next Post
စစ်အာဏာသိမ်းမှုအောက်က ချောက်ခြားစရာ ရန်ကုန်  / ဧရာဝတီ

မြန်မာ့မြေအောက်မှတ်စုများ

ရှေ့တန်းတွင် ရောက်ရှိနေသော KNDF တပ်ဖွဲ့ဝင်များ၏ ပုံရိပ်အချို့  / KNDF

ည ၆ နာရီကျော်ပါက အပြင်မထွက်ရန် KNDF သတိပေး

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.9k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate