• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

QR စနစ်သုံး ငွေပေးချေမှု ဗဟိုဘဏ် ခွင့်ပြုသည့် ကုမ္ပဏီများ ငွေကြေးဝန်ဆောင်မှုကဏ္ဍမှ မဟုတ်

by ဧရာဝတီ
21 September 2021
in စီးပွားရေး
A A
QR စနစ် မိုဘိုင်းလ်ငွေပေးချေမှု အသုံးပြုနေသည်ကို တွေ့ရစဉ်

QR စနစ် မိုဘိုင်းလ်ငွေပေးချေမှု အသုံးပြုနေသည်ကို တွေ့ရစဉ်

23.6k
VIEWS
Share on FacebookShare on Twitter

MMQR စနစ်သုံး မိုဘိုင်းလ် ငွေပေးချေမှုအတွက် ယာယီလုပ်ငန်း လုပ်ကိုင်ခွင့်ကို ငွေကြေးဝန်ဆောင်မှုကဏ္ဍမှ မဟုတ်သည့် ကုမ္ပဏီ၂ ခုအား ဗဟိုဘဏ်က လုပ်ကိုင်ခွင့်ပြုလိုက်သည်။

အဆိုပါ ကုမ္ပဏီများမှာ ယခင် နဝတ လက်ထက်ကတည်းက စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့် နီးစပ်ခဲ့သည့် အိုလံပစ် ဟို တယ်ပိုင်ရှင် ဦးကျော်စိန်၏ Trusty Family ကုမ္ပဏီနှင့် နေပြည်တော်တွင် အခြေစိုက်ပြီး ကုမ္ပဏီ ဒါရိုက်တာ နာမည်များ မသိရသေးသော Zego Pay ကုမ္ပဏီတို့ဖြစ်ပြီး ယာယီလုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုကို ပြည်တွင်း၌ MMQR အသုံးပြု၍ ရောင်းချသူ ကိုယ်စား ငွေကောက်ခံ ရှင်းလင်းခြင်း ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ပြီး ထိုကုမ္ပဏီများက Merchant Acquiring ဝန်ဆောင်မှု ဆောင်ရွက်ခြင်းဖြင့် အများ ပြည်သူတို့ အနေဖြင့် Digital Payment ကို ပိုမိုအသုံး ပြုနိုင်မည် ဖြစ်သောကြောင့် ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှုကို ကောင်းမွန်လာစေမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဆိုထားသည်။

သို့သော် ယခု ဗဟိုဘဏ်က ခွင့်ပြုပေးလိုက်သော ကုမ္ပဏီ နှစ်စလုံးသည် ပြည်တွင်းဒစ်ဂျစ်တယ်ငွေပေးချေမှု လုပ်ငန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများ မဟုတ်ကြောင်း ပြည်တွင်းပုဂ္ဂလိကနည်းပညာ ကုမ္ပဏီ အသိုင်းအဝိုင်းမှ သိရသည်။

Zego Pay ကုမ္ပဏီ သည် ZegoBird Online Shopping ကို ထူထောင်ထားသည်။ ကုမ္ပဏီ အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြထားခြင်း မရှိပါ။

အိုလံပစ်ဟို တယ်ပိုင်ရှင် ဦးကျော်စိန် ပိုင်ဆိုင်သော Trusty Family ကုမ္ပဏီကမူ ဟိုတယ်လုပ်ငန်း၊ အိမ်၊ ခြံ၊ မြေ လုပ်ငန်း အပါအဝင် ဆောက်လုပ်ရေး လုပ် ငန်းများကိုသာ အဓိက လုပ်ကိုင်သည့် ကုမ္ပဏီတခု ဖြစ်သည်။

ထို Trusty Family ကုမ္ပဏီသည် နိုင်ငံတကာငွေကြေး (ဥပမာ- အမေရိကန်ဒေါ်လာ၊ ယူရို) အတက်အကျ နှင့် ကမာ္ဘ့ရွှေဈေး၊ ငွေဈေးနှင့် ရေနံဈေး အတက်အကျများကို မိမိငွေကြေးအား အဖွဲ့ဝင်ကြေးအဖြစ် ပြောင်းလဲပြီး အရောင်း အဝယ်ပြုလုပ်သည့် Forex exchange app လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သေးသည်။

ထို့ပြင် ဦးကျော်စိန်သည် ကိုးကန့်တိုင်းရင်းသား တဦးဖြစ်ပြီး ယခင်ကာလများကတည်းမှ စစ်ဗိုလ်ချုပ်ကြီး(ငြိမ်း) များနှင့် ရင်းနှီး၍ လုပ်ငန်း လုပ်ပိုင်ခွင့်၊ ပရောဂျက်များနှင့် ပါမစ်များကို ရယူကာ တရုတ်နိုင်ငံမှ ငွေကြေးရင်းနှီးမြှုပ်နှံလိုသူများကို ပြန်လည် ရောင်းချ၍ အကျိုးအမြတ်ရှာဖွေသူ တဦး ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ထိုကုမ္ပဏီ နှစ်ခုစလုံးသည် ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု လုပ်ငန်းကဏ္ဍတွင် ဈေးကွက်ဦး ဆောင်သူ မဟုတ်သည့်အတွက် ၎င်းတို့၏ ကွန်ရက်ပေါ်သို့ တခြားဝန်ဆောင်မှု လုပ်ငန်းများကို ပြောင်းလဲလာစေဖို့ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုကြီးမားစွာရှိနိုင်ကြောင်း ပုဂ္ဂလိနည်းပညာ ကုမ္ပဏီတခုမှ ဒါရိုက်တာ တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “QR က တဦးတယောက်တည်း လုပ်လို့မှ အောင်မြင်တာမှ မဟုတ်တာ အဖွဲ့အစည်းနဲ့ လုပ်မှ အောင်မြင်တာ။ နောက်တခုက ဒီဈေးကွက်ထဲက Player မဟုတ်ရင် အဆင်မပြေနိုင်ဘူး။ ဥပမာ KBZ က လုပ်တယ်ဆိုရင် KBZ ရဲ့ Merchant တွေ အကုန်လုံးမှာ QR ဒီနေ့ ပြောင်းဆိုရင် ပြောင်းလို့ရတယ်။ ဥပမာ MPU နဲ့ လုပ်တယ်ဆိုရင်လည်း ရှိသမျှ ဘဏ်တွေက Wallet တွေကို QR ပြောင်းဆိုရင် ချက်ချင်း ထလုပ်လိုက်လို့ ရတယ်။ ဒီကုမ္ပဏီတခုကနေပြီး သူ့ဟာကို KBZ မှာ ပြောင်းပေးပါဆိုရင် သူ့မှာ ပါဝါမှ မရှိတာ” ဟု ဆိုသည်။

ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး ဒစ်ဂျစ်တယ် ငွေပေးချေမှုကို အများပြည်သူဘက်က ယုံကြည်မှု ကျဆင်းသွားခဲ့ပြီး ယခင်နှစ်များကဲ့သို့ ငွေသားကိုင်ဆောင်သည့် အခြေ အနေကို ပြန်လည်ရောက်ရှိနေခြင်းကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ ပြန်လည်အားကောင်းရန် အချိန်တခုလို အပ်မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အထက်ပါ နည်းပညာ ကုမ္ပဏီမှ ဒါရိုက်တာတဦးက “အခုလည်း အရင်တုန်းကလို ဖျာဝင်ဦးထားတယ်၊ ပါမစ်ဝင်ယူထားကြ တဲ့ သဘောပေါ့” ဟု ပြောဆိုသည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
248
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ကျပ်ငွေတန်ဖိုး ကျပြီးရင်း ကျနေ

တရုတ်ယွမ်နှင့် ထိုင်းဘတ် ငွေလဲနှုန်းများလည်း မြင့်တက်

စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား

Your Thoughts …
Tags: MMQRTrusty Familyဗဟိုဘဏ်မိုဘိုင်းလ်ငွေပေးချေမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post
ကယားပြည်နယ်က ရွာတွေကို စစ်ကောင်စီတပ် အမြောက်နဲ့ပစ်ခတ် (ရုပ်/သံ)

ကယားပြည်နယ်က ရွာတွေကို စစ်ကောင်စီတပ် အမြောက်နဲ့ပစ်ခတ် (ရုပ်/သံ)

ယခုနှစ် မတ်လက မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားထိပ်တွင် မြန်မာနိုင်ငံဘက်ကို ပြန်ရန် တန်းစီနေကြသည့် ရွှေ့ပြောင်းလုပ်သားများ / ကျော်ခ / ဧရာဝတီ

ပြည်တော်ပြန် မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ ဒုက္ခ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved