• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်ယွမ်နှင့် ထိုင်းဘတ် ငွေလဲနှုန်းများလည်း မြင့်တက်

by ဧရာဝတီ
20 September 2021
in စီးပွားရေး
A A
မြန်မာကျပ်ငွေတန်ဖိုးသည် နေ့စဉ် အကျဘက်သို့ ရောက်ရှိလျက်ရှိသည်

မြန်မာကျပ်ငွေတန်ဖိုးသည် နေ့စဉ် အကျဘက်သို့ ရောက်ရှိလျက်ရှိသည်

51.9k
VIEWS
Share on FacebookShare on Twitter

မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာ ကျပ် ၂၀၀၀ ကျော် အထိ မြင့်တက်သွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးတွင် အဓိကငွေပေးချေနေရသည့် တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေများ၏ လဲလှယ်နှုန်းများလည်း ဆက်တိုက်မြင့်တက်လာလျက် ရှိသည်။

တရုတ်ယွမ်ငွေ လဲလှယ်နှုန်းသည်လည်း ယခင်က ၁ ယွမ်ကို ကျပ် ၂၅၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုတွင် ကျပ် ၂၉၀ မှ ကျပ် ၃၀၀ ကျော် အထိမြင့်တက်လျက်ရှိပြီး ထိုင်းဘတ် လဲလှယ်နှုန်းသည်လည်း ယခင်က ၁ ဘတ်လျှင် ကျပ် ၄၅ မှ ကျပ် ၄၆ ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုတွင် ၁ ဘတ်လျှင် ကျပ် ၅၈ မှ ကျပ် ၆၀ ကျော်အထိ မြင့်တက်လာနေလျက်ရှိကြောင်း သိရသည်။

RelatedPosts

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
1.1k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.4k

ယခု စက်တင်ဘာလ အတွင်းမှာပင် တရုတ် ၁ ယွမ်ကို ကျပ် ၅၀ ဝန်းကျင်မြင့်တက်သွားပြီး ထိုင်း ၁ ဘတ်ကိုလည်း ကျပ် ၁၀ ကျော် မြင့်တက်သွားခြင်းလည်းဖြစ်သည်။

မြဝတီမြို့မှ ကုန်သည်တဦးက “အခုက မြန်မာဘက်က ပြောင်းတင်ပို့ရတဲ့ အချိန်လည်း ပြည့်သွားပြီဆိုတော့ ထိုင်းဘက်က အသွင်းများနေတဲ့အချိန်မှ ဘတ်ဈေးတက်တော့ သိပ်မကိုက်တဲ့ အခြေအနေတွေ ဖြစ်တာပေါ့” ဟု ပြောသည်။

လက်ရှိ မြဝတီကုန်သွယ်ရေးတွင် အောက်ဆီဂျင်နှင့် ဆေးဝါးများ တင်သွင်းမှု လျော့ကျသွားလျက်ရှိပြီး လူသုံးကုန်နှင့် စားသောက်ကုန်များသာ တင်သွင်းလျက်ရှိကာ ဘတ်ဈေးမြင့်နေခြင်းကြောင့် ထိုကုန်ပစ္စည်းများသည် ပုံမှန်ထက် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယင်းပြင် မြန်မာကျပ်ငွေတန်ဖိုးသည် နေ့စဉ် အကျဘက်သို့ ရောက်ရှိသွားခြင်းကြောင့် ကုန်သည် တချို့သည့် မြန်မာကျပ် ငွေအစား ဘတ်ကိုသာ ကိုင်ဆောင်ထားလျက်ရှိကြောင်း နယ်စပ်ငွေလွှဲလုပ်ကိုင်သူတဦးက ပြောသည်။

၎င်းက “ဒီနေ့ဈေးနဲ့ နောက်နေ့ဈေးက ထပ်ထပ်ကျသွားတာပဲဆိုတော့ မြန်မာငွေကို ဘယ်သူ့မှမကိုင် ထားချင်ကြတော့ဘူး” ဟု ဆိုသည်။

ယခင်က ကျပ်ငွေ ၁ သိန်းကို ဘတ် ၂၀၀၀ ဝန်းကျင်ရှိရာမှ ယခုတွင် ကျပ်ငွေ ၁ သိန်းကို ဘတ် ၁၆၇၀ မှ ဘတ် ၁၇၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

ပုံမှန်နယ်စပ်ကုန်သွယ်ရေးရှိနေချိန်တွင် ယခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်နေပါက ပို့ကုန်သမားအတွက် ဈေးကောင်းရမည်ဖြစ်သလို တောင်သူများအတွက်လည်း တွက်ချေကိုက်မည့် အခြေအနေရှိသော်လည်း လက်ရှိအချိန်တွင် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ယာယီပိတ်ထားခြင်းကြောင့် မည်သည့်အကျိုးရလဒ်မှ မရှိကြောင်း မန္တလေးမြို့မှ ကုန်သည်တဦးက ပြောသည်။

၎င်းက “ယွမ်ဈေးတက်ရင် အရင်ကဆိုရင် ပို့ကုန်သမားတွေအကြိုက်ပေါ့။ အခုက တရုတ်နယ်စပ်ကုန်သွယ်ရေးက ရပ်နေတာဆိုတော့ ကုန်သွယ်ရေးဘက်မှာ သိပ်တော့ သက်ရောက်မှု မရှိဘူး” ဟု ဆိုသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ဆက်တိုက်မြင့်တက်နေမှုကြောင့် ဗဟိုဘဏ်က ယခုလအတွင်း၌ အမေရိကန်ဒေါ်လာ ၃၈ သန်းအထိ လေလံတင်ထုတ်ရောင်းချပေးပြီး အမေရိကန်ဒေါ်လာလဲ လှယ်နှုန်း လျော့ကျအောင် လုပ်ဆောင် လျက်ရှိ နေသည်။

ဗဟိုဘဏ်သည် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ယခု ၈ လအတွင်း၌ အမေရိကန်ဒေါ်လာ သန်း ၁၆၀ နီးပါး ထုတ်ရောင်းချ လျက်ရှိသည်။

You may also like these stories:

ကျပ်ငွေတန်ဖိုး ကျပြီးရင်း ကျနေ

ဒေါ်လာဈေး ကျပ် ၂၀၀၀ ကျော်နှင့် ရွှေဈေး ၁၈ သိန်းကျော်ထိ စံချိန်တင် မြင့်တက်

ပို့ကုန်ရငွေ ဒေါ်လာ ၄ လအတွင်း ဘဏ်တွေဆီပြန်ရောင်းဖို့ ဗဟိုဘဏ် ထုတ်ပြန်

ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ

Your Thoughts …
Tags: တရုတ်ငွေဈေးထိုင်းဘတ်ငွေဒေါ်လာနယ်စပ်ကုန်သွယ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

Next Post
ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောတစီး ဆိုက်ကပ်ထားသည်ကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း တရုတ် ရှေ့ခြေတလှမ်းတိုး

စစ်ရေးလေ့ကျင့်နေကြသည့် CDF အဖွဲ့များ

စစ်အာဏာရှင်ကို အာခံတွန်းလှန်နေကြသည့် ချင်းတောင်တန်းပေါ်က လက်နက်ကိုင်တပ်များ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

1 day ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate