• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒေါ်လာဈေး ကျပ် ၂၀၀၀ ကျော်နှင့် ရွှေဈေး ၁၈ သိန်းကျော်ထိ စံချိန်တင် မြင့်တက်

by ဧရာဝတီ
10 September 2021
in စီးပွားရေး
A A
ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ငွေကျပ် ၂၀၂၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လျက်ရှိသည်

ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ငွေကျပ် ၂၀၂၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လျက်ရှိသည်

52.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာခြင်းကြောင့် ဝယ်လိုအား မြင့်တက်နေသော ပြည်တွင်းရွှေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများသည် စံချိန်တင် မြင့်တက်နေသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက်) တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ငွေကျပ် ၂၀၂၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ပြည်တွင်းရွှေ ဈေးနှုန်းသည်လည်း ၁ ကျပ်သားလျှင် ငွေကျပ် ၁၈ သိန်း ၄ သောင်းကျော်အထိ မြင့်တက် လျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ရန်ကုန်မှာ တို့အရေး၊ တို့အရေး အော်နေတုန်းက ရွှေဈေးက ဒီလောက်မရှိဘူး။ ဈေးကွက်ထဲမှာ ပစ္စည်းက ပေါတယ်လေ။ တက်ရင် တက်ပြီး ဝယ်မယ်ဆိုတဲ့ အဲဒီလူကို ဝိုင်းရောင်းလိုက်ရင် ဈေး ၁ နာရီအတွင်းမှာ ငြိမ်သွားတာပေါ့။ အခုက ပစ္စည်းကို မရှိတာ။ ပစ္စည်းပြတ်နေလို့ အခုဈေးနှုန်းလောက်အထိ တက်သွားတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီကို ပြောသည်။

လက်ရှိအချိန်တွင် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ရွှေပမာဏ အနည်းငယ်ကို ဈေးခေါ်နေမှုများ၊ အမေရိကန်ဒေါ်လာဈေးသည် ကျပ် ၂၀၀၀ အထိ မြင့်တက်နေခြင်းနှင့် ရွှေဆိုင်များ ပြန်မဖွင့်နိုင်သေးခြင်းကြောင့် ရွှေပြန်လည် ရောင်းချမည့်သူ မရှိသဖြင့် ကုန်ကြမ်းရှားပါးနေခြင်းကြောင့် ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်လာရခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ဆက်လက်၍ ၎င်းက “အားလုံးက မြန်မာငွေကို မကိုင်ကြတော့ဘူး။ ဒေါ်လာ ကိုင်ရင်ကိုင်၊ မကိုင်ရင် ရွှေကိုပဲ ကိုင်ထားနေ ကြတာ။ ပြီးတော့ သူတို့တွေကလည်း ဈေးကွက်ထဲကို ပြန်မရောင်းဘူး။ နောက် အဓိကပြဿနာက ကျနော်တို့ ရွှေဆိုင်တွေ ပြန်မဖွင့်ရသေးတာပေါ့။ အခုဈေးက လာပြန်ရောင်းကြမယ့်ဈေးလေ။ အခုက ဆိုင်တွေ ပိတ်ထားရတော့ ကုန်က ပြန်မဝင်ဘူးဖြစ်နေပြီး ဈေးမငြိမ်၊ ပစ္စည်းမငြိမ် ဖြစ်နေတာပေါ့” ဟု ပြောသည်။

ယခင်ကတည်းက ပြည်ပမှ တင်သွင်းရသည့် သွင်းကုန်အခြေအနေ များပြားခြင်းကြောင့် ဒေါ်လာ လိုအပ်ချက် ရှိနေသော မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ဆေးဝါးနှင့် အောက်ဆီဂျင် ပစ္စည်းများကို တင်သွင်းမှု မြင့်တက်ခဲ့ ရာ အမေရိကန်ဒေါ်လာ လိုအပ်မှု ထပ်မြင့်လာခြင်း စသည့် အကြောင်းအရာများ ပေါင်းစုံသွားခြင်းကြောင့် ဒေါ်လာဈေးနှုန်း မြင့်တက်သွားခြင်းကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်ပြောဆိုသည်။

၎င်းက “ ကိုဗစ်တတိယလှိုင်းမှာ ဆေးဝါးနဲ့ အောက်ဆီဂျင်တွေ တင်သွင်းရတာ များသွားတယ်။ ဒါက မမျှော်မှန်းထားဘဲနဲ့ ဒေါ်လာ လိုအပ်ချက် ပိုဖြစ်လာစေတာပေါ့။ ဗဟိုဘဏ်ဘက်ကလည်း အခုဆိုရင် ၂ ပတ်လောက် ရှိပြီထင်တယ်။ ဒေါ်လာ မရောင်းပေးတော့ဘူး။ အဲဒီတော့ ဈေးကွက်ထဲမှာ လိုအပ်ချက်က သွားဖြစ်တာပေါ့” ဟု ဆိုသည်။

ဗဟိုဘဏ်က ပြီးခဲ့သည့် သီတင်းပတ် ၂ ပတ်ခန့်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ မြင့်တက်မှုကြောင့် ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေ လဲလှယ်ရောင်းနေသူ ၅၀ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ အရောင်းအဝယ် ဈေးကွက်သည် မှောင်ခိုဈေးကွက်အသွင် ပြောင်းသွားကာ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။

ထို့ပြင် ပို့ကုန်ရငွေ ဒေါ်လာများအပြင် သင်္ဘောသားများနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်သူများက မိသားစုများထံ ပြန်လွှဲသော ငွေများကဲ့သို့ ပုဂ္ဂလိကဘဏ်များအတွင်းသို့ စီးဝင်နေသည့် အခြားသော နိုင်ငံခြားငွေများသည်လည်း ပြည်တွင်းဘဏ်လုပ်ငန်း အကျပ်အတည်းနှင့် ငွေသားအခက်အခဲများကြောင့် ပုဂ္ဂလိကဘဏ်များသို့ မရောက်ရှိတော့ဘဲ ပြင်ပဈေးကွက်သို့ စီးဝင်မှု ဖြစ်ပေါ်လျက်ရှိသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်မှုကြောင့် ပြည်ပမှ အဓိက တင်သွင်းနေရသော ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ အပါအဝင် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများသည် မြင့်တက်သွားမည်ဖြစ်ပြီး ထိုဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည် တွင်း၌ ထုတ်လုပ်သော ထုတ်ကုန်များသည်လည်း ထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာကာ ပြည်တွင်းကုန်ဈေးနှုန်းများလည်း မြင့်တက်လာမည် ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးကျုံ့သွားပြီး ကျပ်ငွေ တန်ဖိုးသည်လည်း ဆက်တိုက်ကျဆင်းနေသည့် အခြေအနေမှာပင် စစ်တပ်က ငွေစက္ကူအသစ်များ ရိုက်ထုတ်မှုကြောင့် ကျပ်ငွေတန်ဖိုးမှာ ထပ်မံကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်နေ သည့် စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

စစ်တပ်က အာဏာမသိမ်းမီ ကာလတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ကျပ် ၁၃၂၀ ဝန်းကျင် သာရှိခဲ့ပြီး အာဏာသိမ်းပြီး ၇ လအတွင်း၌ အမေရိကန်ဒေါ်လာဈေးသည် ၁ ဒေါ်လာလျှင် ကျပ် ၇၀၀ နီးပါးအထိ မြင့်တက်လာခြင်း ဖြစ်သည်။

You may also like these stories:

ဝင်ငွေနည်း၍ စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ

ပို့ကုန်ရငွေ ဒေါ်လာ ၄ လအတွင်း ဘဏ်တွေဆီပြန်ရောင်းဖို့ ဗဟိုဘဏ် ထုတ်ပြန်

လျှပ်စစ်စီမံကိန်း ၂ ခုမှ ဟောင်ကောင် VPower ပြန်ဆုတ်

ဈေးကွက်ပျက်၍ ရှမ်းပြည်က တောင်သူများ သီးနှံများကို လမ်းဘေးတွင် လွှင့်ပစ်နေရ

Your Thoughts …
Tags: စံချိန်တင် မြင့်တက်ဒေါ်လာဗဟိုဘဏ်ရွှေဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
ဘန်ကောက်မြို့ပေါ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ

ထိုင်းဆန္ဒပြပွဲတွင် နိုင်ငံခြားသားများပါဝင်လျှင် ပြည်နှင်ဒဏ်နှင့် အမည်ပျက်စာရင်းသွင်းမည်

ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved