• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးတွေကို ထပ်ဖမ်းပြန်ပြီ

by ဧရာဝတီ
17 September 2018
in အယ်ဒီတာ့အာဘော်
A A
ငါးကြီးများကို ဖမ်းနိုင်ခဲ့ခြင်းအပေါ် ပြည်သူအများစုက ကျေနပ်ကြသည် / သရုပ်ဖော် - ကိုခေတ်

ငါးကြီးများကို ဖမ်းနိုင်ခဲ့ခြင်းအပေါ် ပြည်သူအများစုက ကျေနပ်ကြသည် / သရုပ်ဖော် - ကိုခေတ်

267.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ဥပဒေ အရာရှိချုပ်နှင့် တာဝန်ရှိသူ ၅ ဦးကို လူသတ်မှုတခုတွင် အမှုရုပ်သိမ်းပေးရန် လာဘ်ငွေရယူခဲ့ခြင်းအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရန် ဆုံး ဖြတ်လိုက်ခြင်းက တရားစီရင်ရေး စနစ် အပါအဝင် အစိုးရ၏ ကဏ္ဍတိုင်းတွင် အကျင့်ပျက်ခြစားမှု ကာလရှည်ကြာစွာ ပျံ့နှံ့ စွဲ ကပ်နေသည့် နိုင်ငံတခုတွင် မှတ်တမ်းဝင် လုပ်ရပ်တခု ဖြစ်သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ အရေးယူခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့ဖြစ်ကြောင်း သိရသည်။

အကယ်၍ စွပ်စွဲခံရသူများက အပြစ်ရှိကြောင်းတွေ့ ရှိခဲ့မည်ဆိုလျှင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ် အထိ ကျခံရမည် ဖြစ်သည်။ ထိပ်တန်းအဆင့် တာဝန်ရှိသူများ ပါဝင်နေသည့် ယခုအမှုက လွန်ခဲ့သော ၂ နှစ်က စတင်ဖွဲ့စည်းခဲ့သည့် ကော်မရှင်က အမှုဖွင့်နိုင်ခဲ့သော အမှုများထဲတွင် လူသိအများဆုံး ဖြစ်စေခဲ့သည်။ FDA ညွှန်ချုပ်ပြီးလျှင် ယခု အကြိမ်သည် “ငါးကြီး”များ ထပ်မံဖမ်းမိခြင်းဟု ဆိုရမည်။

အကြီးတန်း ဥပဒေ အရာရှိများ လာဘ်ငွေယူသည့် အလေ့အထသည် ကာလရှည်ကြာစွာ လူတိုင်းသိသည့် လျှို့ဝှက်ချက် ဖြစ်သည့်အတွက် ယင်းအပေါ် ရွံရှာမုန်းတီးနေသော မြန်မာနိုင်ငံသားများကြား ကော်မရှင်၏ လုပ်ဆောင်ချက်က ထောက်ခံမှု အခိုင်အမာ ရရှိခဲ့သည်။

ငါးကြီးများကို ဖမ်းနိုင်ခဲ့ခြင်းအပေါ် ပြည်သူအများစုက ကျေနပ်ကြသည်။ အဆင့်မြင့် အရာရှိများ ရာထူးမှ ဖယ်ရှားခံရခြင်းကြောင့် မဟုတ်ပါ။ အဆင့်မြင့်အရာရှိများကို ပစ်မှတ်ထားခြင်းက အကျင့်ပျက်ခြစားခြင်းကို ရပ်တန့်စေမည့် အကောင်းဆုံး နည်းလမ်းများထဲမှ တခု ဖြစ်ကြောင်း ပြည်သူများ သိကြ၍ ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို အတည်ပြုခဲ့ သော်လည်း ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှုကို ထိရောက်စွာ မကိုင်တွယ်နိုင်ခဲ့ခြင်းကိုလည်း မမေ့ကြပါ။

ထို့ကြောင့် အပြင်တွင် လွတ်နေသေးသော ငါးကြီးများ ဆက်ဖမ်းရန် ကျန်နေသေးကြောင်း ကော်မရှင် အနေဖြင့် သတိရှိရန် လိုသည်။။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရေးက အမျိုးသားရေး တာဝန် ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားပါသည်။ တချိန်တည်းမှာပင် စွပ်စွဲခံရသူများကို ကော်မရှင်က မည်သည့် အတိုင်းအတာအထိ အရေးယူဆောင်ရွက်မည်ကို ကျနော်တို့ စောင့်ကြည့်ကြရမည် ဖြစ်သည်။

မေလအတွင်းတွင် စီမံ/ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်ဝင်းအပေါ်တိုင်ကြားမှုများ လက်ခံရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ခဲ့သည့်တိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ဖြင့် အရေးယူရန် လုံလောက်သည့် အထောက်အထား မရှိကြောင်း ပြောဆို၍ ဥပဒေကြောင်းအရ အရေးယူရန် ကော်မရှင်က ငြင်းပယ်ခဲ့သည်။ ယခု လူသတ်မှု တခုကို ရုပ်သိမ်းခဲ့သောကိစ္စတွင် တိုင်း ဥပဒေအရာရှိချုပ်နှင့် အခြားသူများပါဝင်နေခဲ့ခြင်းကို ကော်မရှင်က အမှုဖွင့်ခဲ့ခြင်းမှာ အများပြည်သူ၏ ကန့်ကွက်ပြောဆိုမှုများကြောင့် သမ္မတက ကြားဝင်လာရပြီး အမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ပြီးသည့်နောက်ပိုင်းမှသာ ဖြစ်သည်။

RelatedPosts

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k
ရွေးကောက်ပွဲနီးချိန် မန္တလေး၌ ပိုမိုတင်းကျပ် စစ်ဆေးလာ

ရွေးကောက်ပွဲနီးချိန် မန္တလေး၌ ပိုမိုတင်းကျပ် စစ်ဆေးလာ

26 December 2025
572
လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

25 December 2025
1.5k

အစိုးရက တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရန် ၎င်း၏ ကတိကို အလေးအနက်ထားကြောင်း သတင်းစကားပေးပို့လိုက်ပုံရသော ယခု လုပ်ရပ်က စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲများ၏ သက်ရောက်မှုများကို ရင်ဆိုင်နေရသော ပြည်သူများ၏ စိုးရိမ်မှုများကို လမ်းကြောင်းလွှဲမှုတခုလည်း ဖြစ်နိုင်သည်။

သို့သော်လည်း ယခုအချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ နှင့် သူ၏ အဖွဲ့တို့ ဂုဏ်သိက္ခာ တက်နေသည်။ ကော်မရှင်က သိသာမြင်သာသော ရလဒ်တခု ဖော်ဆောင်နိုင်၍ ဖြစ်သည်။ အကယ်၍ စုံစမ်းစစ်ဆေးစဉ် အတွင်းအထက်မှ တစုံတဦးထံမှ မည်သည့်ကြားဝင် စွက်ဖက်မှုမျိုး ရင်ဆိုင်ရသည်ဖြစ်စေ မည်သူကိုမဆို အရေးယူဆောင်ရွက်ရန် နှင့် သူ့ထံသို့ သတင်းပို့ တိုင်ကြားရန် သမ္မတ ဦးဝင်းမြင့်က အခွင့်အာဏာပေးထားခြင်းလည်း ရှိနေသည်။ တိုင်းပြည်တွင် စွဲကပ်နေသည့် အကျင့်ပျက်ခြစားမှု ကင်ဆာကို ဖယ်ရှားကုသရာတွင် အရေးပါသော ကုထုံးကို စတင်နေပြီဟု ဆိုအပ်ပေသည်။

(အင်္ဂလိပ်ဘာသာဖြင့် The Anti-Corruption Commission Lands Some Big Fish at Last တွင် ဖတ်ရှုပါ။)

Your Thoughts …
Tags: ငါးကြီးအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

by Laurie Chen
23 October 2025
1k

ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

အဂတိမှုများ တိုက်ဖျက်သော်လည်း သိသိသာသာ မကျဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

by ထက်နိုင်ဇော်
29 April 2019
14.2k

အဂတိ လိုက်စားမှု သည် ၂၀၀၈ နှစ်ကုန်အထိ သိသိသာသာ ကျဆင်းသွားခြင်း မရှိဘဲ ယခင်အတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း နေပြည်တော်သို့ လွှတ်တော်အစည်းအဝေး တက်ရန် ရောက်လာခဲ့စဉ် တွေ့ရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ဧရာဝတီ

ရခိုင်ဝန်ကြီးဟောင်း ၅ ဦး၏ အဂတိအမှု တရားလိုပြသက်သေများ စစ်ဆေးတော့မည်

by ဧရာဝတီ
21 September 2021
14.6k

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ စသည့် ဥပဒေများ အပါအဝင်...

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း  / ဧရာဝတီ

ဦးကျော်ဝင်းကိစ္စက အဂတိတိုက်ဖျက်ရေး အစိုးရ၏ လေးနက်မှုကို စမ်းသပ်နေ

by ကျော်ဖြိုးသာ
1 June 2018
13.4k

ရာထူးမှ နုတ်ထွက်စေခြင်းသည် အခြား အကျင့်ပျက် အရာရှိများ လာဘ်ယူပြီး ပြစ်ဒဏ်မခံရဘဲ ရာထူးမှ နုတ်ထွက်ခြင်းကို အားပေးသကဲ့သို့ ဖြစ်နေသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား အမှုကို စောင့်ကြည့်နေကြောင်း ပြောဆိုခြင်းဖြစ်သည် / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော် ဗစ်တိုးရီးယားအမှု အဂတိ ကော်မရှင်စောင့်ကြည့်နေ

by မိုးမိုး
21 September 2019
22.4k

ယနေ့ နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်သည့် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်ရုံး၊ စစ်ဆေးရေးမှူးချုပ်(တားဆီးကာကွယ်ရေးနှင့်စုံစမ်း စစ်ဆေးရေးဦးစီး ဌာန)မှ စစ်ဆေး ရေးမှူးချုပ် ဦးသန့်ဇာ် က သတင်းစာ ရှင်းလင်းပွဲတွင် သတင်း ထောက်များ၏...

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဆွေးနွေးပွဲတခုတွင် မြင်ရစဉ်  / The Global New Light of Myanmar

အဂတိလိုက်စားကြောင်းခိုင်လုံပါက ကျောသားရင်သားခွဲမည် မဟုတ်ဟုဆို

by မိုးမိုး
10 June 2018
9.9k

အဂတိလိုက်စားကြောင်းခိုင်လုံသည့် အထောက်အထားတွေ့ရှိပါက မည်သူ့ကိုမှ ငဲ့ညှာမည် မဟုတ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က

Next Post
တောရနံ့တွေဟာသင့်အတွက်မွှေးပျံ့နေတယ်လို့တွေးရင် သင်ဟာကျေးလက်ဒေသကို ကြိုက်နှစ်သက်သူပါ

ကျေးလက်ဒေသတွေမှာ သင်ဘာကြောင့်နေထိုင်သင့်လဲ

အဆိုတော်မိုးမိုး  / ယုဖြူဟန် / ဧရာဝတီ

“ စိုင်းစိုင်းခမ်းလှိုင်က ကျနော့်ထက် ၄နှစ်ကြီးတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved