• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးကျော်ဝင်းကိစ္စက အဂတိတိုက်ဖျက်ရေး အစိုးရ၏ လေးနက်မှုကို စမ်းသပ်နေ

by ကျော်ဖြိုးသာ
1 June 2018
in သတင်း
A A
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း  / ဧရာဝတီ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း / ဧရာဝတီ

13.4k
VIEWS
Share on FacebookShare on Twitter

သူ လုပ်ဆောင်မည့် ထိပ်တန်းဦးစားပေးများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် တခုအပါအဝင်ဖြစ်သည်ဟု ဦးဝင်းမြင့်က သူ၏ သမ္မတရာထူး လက်ခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားရာတွင် အစိုးရ အဆင့်အားလုံးနီးပါးမှ အကျင့်ပျက်ခြစားသည့် အရာရှိများကို မုန်းတီးနေသည့် နိုင်ငံသူနိုင်ငံသားများက သောင်သောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

၂ လကြာသောအခါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ပတ်သက်သော တိုင်စာများ ရရှိပြီးနောက် သူ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးနေသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသည် အဂတိလိုက်စားမှုကင်းသော အစိုးရဖြစ်သည်ဟု လွန်ခဲ့သောနှစ်က ဝါကြွားခဲ့သော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မျက်နှာပူ စရာဖြစ်ခဲ့သော်လည်း လူထုကတော့ သမ္မတသည် ပြောသည့်အတိုင်း လုပ်သူ ဖြစ်သည်ဟု ချီးကျူး ကျေနပ်ကြသည်။ ထိုဖြစ်ရပ်သည် NLD အစိုးရက ၎င်းတို့၏ ဝန်ကြီးများအနက် တဦးကို ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးခြင်းဖြစ်သောကြောင့် လူထုက ထိုအမှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

သို့သော် ထို အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသော ဝန်ကြီးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သမ္မတရုံးက ပြီးခဲ့သည့်အပတ်က ကြေညာသောအခါ ပြည်သူတို့စိတ်ပျက်ခဲ့ရသည်။ “ဒါပဲလား” ဟု အချို့က မေးခွန်းထုတ်ကြသည်။ အကျင့်ပျက်ခြစားသည် မှန်လျှင် ထို ဝန်ကြီး ကို ပြင်းပြင်းထန်ထန် အရေးယူစေလိုသည့် ပြင်းပြသော ဆန္ဒတခု လူထုအကြားတွင် ရှိနေသည်။ ရာထူးမှ နုတ်ထွက်စေခြင်းသည် အခြား အကျင့်ပျက် အရာရှိများ လာဘ်ယူပြီး ပြစ်ဒဏ်မခံရဘဲ ရာထူးမှ နုတ်ထွက်ခြင်းကို အားပေးသကဲ့သို့ ဖြစ်နေသည်။

၎င်းတို့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ယခုတိုင် နှုတ်ဆိတ်နေဆဲဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း စုံစမ်းစစ်ဆေး အစီရင်ခံစာကို သမ္မတထံ တင်ပြထားသည်ဟုသာ ဖော်ပြထားသည်။ ကော်မရှင်သည် လှို့ဝှက်ကိစ္စများမှ အပ ဦးကျော်ဝင်းအမှု စုံစမ်းစစ်ဆေးမှုရလဒ်များကို သင့်တော်သောအချိန်တွင် ထုတ်ပြန်သွားမည်ဟုလည်း ဆက်လက်ဖော်ပြသည်။ ထို ဝန်ကြီးသည် ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်း ရှိမရှိကို ဖော်ပြထားခြင်း မရှိပေ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ စွဲချက်တင်ခံရပါက သူသည် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။

ဖြစ်ရပ်တွင် ပြည်ထောင်စုဝန်ကြီးတဦး ပါဝင်ပတ်သက်နေသောကြောင့် ကော်မရှင်သည် ၎င်းတို့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို လူထုထံ အမြန်ဆုံးချပြသင့်သည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး အကဲဖြတ် ရန်မျိုးသိန်းကပြောသည်။

“တွေ့ရှိချက်တွေကို လူထုကို ချမပြရင် ကောလာဟလတွေ ဖြစ်လာလိမ့်မယ်။ ဒါဆိုရင်တော့ အစိုးရရဲ့ပုံရိပ်ကို ထိခိုက်တယ်” ဟု သူက ပြောသည်။ “အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရမ်း အလေးအနက်ထားတယ်ဆိုတာ လူထုကို အသိပေးဖို့အချိန်ရောက်နေပြီ” ဟုလည်း ပြောသည်။

ထိုဝန်ကြီးကို ရာထူးမှ နှုတ်ထွက်ခွင့်ပေးခြင်းသည် အဖြေမဟုတ်ကြောင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာ မြန်မာမဟာမိတ်များအဖွဲ့ – Myanmar Alliance for Transparency and Accountability (MATA) မှ မြန်မာနိုင်ငံဆိုင်ရာ ညှိုနှိုင်းရေးမှူး ဦးရဲလင်းမြင့်ကလည်း ဆိုသည်။

“ အစိုးရအနေနဲ့ သူ့ကို ရာထူးက နုတ်ထွက်စေတာလောက်နဲ့တင် ရပ်မနေသင့်ဘူး” ဟု သက ပြောkသည်။

အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေသည်မှာ ထိုသို့စွပ်စွဲခံရသော ဝန်ကြီး ဦးကျော်ဝင်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေခြင်းပင်ဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်များ နှင့် ပတ်သက်သော အမှုများတွင် ကော်မရှင်သည် ဥပဒေကြောင်းအရ ကန့်သတ်မှုများ ရှိကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင်ပြောခွင့်ရသူ ဦးဟန်ညွန့်က ဝန်ခံသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူခြင်းသည် ပိုကောင်းသည်ဟု ပြောသည်။

“ဥပဒေကြောင်းအရ အရေးယူမှုတချို့တော့ လုပ်လို့ရတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်က အရေးယူသင့်တယ်” ဟု ၎င်းက ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
80
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
94

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အရေးယူနိုင်သည့် ဥပဒေ မရှိကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းကလည်း ပြောသည်။ “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေက မည်သူ့ကိုမဆို အရေးယူနိုင်တယ်လို့ ဆိုပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ပြစ်မှုကျူးလွန်ရင်တောင်မှ ဒီလိုလုပ်လို့ မရဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းကို အရင် အကြောင်းကြားရမယ်” ဟု ပြောသည်။

ပြည်ထောင်စု ဝန်ကြီးများကို သမ္မတက ခန့်အပ်သောကြောင့် ယခုအမှုတွင် အလွန်ဆုံးဖြစ်နိုင်ခြေမှာ စွပ်စွဲခံရသူ၏ နိုင်ငံရေးရာထူးအဆင့်အရ ကော်မရှင်က တွေ့ရှိချက်များကို သမ္မတထံပေးပို့ပြီး အဆုံးအဖြတ်ခံခြင်းပင်။တွေ့ရှိချက်များကို လွှတ်ဥက္ကဌများထံသို့လည်း ပေးပို့တင်ပြထားသည်ဟု ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က လွန်ခဲ့သော အပတ်က ပြောသောကြောင့် လွှတ်တော်က မည်သို့တုန့်ပြန်မည်ကို စောင့်ကြည်ရမည်။

ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရပါက သမ္မတ ပင်ဖြစ်စေ အားလုံးသည် ဥပဒေအောက်တွင် တန်းတူညီတူရှိရမည်ဟု MATA မှ ဦးရဲလင်းမြင့်က ဆိုသည်။

“အစိုးရက ဘက်မလိုက်ပဲ တည်ဆဲဥပဒေတွေကို ဘယ်လောက်လိုက်နာတယ်ဆိုတာ ပြည်သူတွေက စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်” ဟု သူက ဆိုသည်။

ဦးကျော်ဝင်းအပါအဝင် ဝန်ကြီးများ လာဘ်မစားရန်နှင့် အဂတိ မလိုက်စားရန် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ်တွင် သတိပေးခဲ့သည်ကို ရည်ညွှန်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပါတီသည် ကတိ တည်မတည်ကို ဦးကျော်ဝင်းအမှုက စမ်းသပ်လိမ့်မည်ဟုပြောသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်က “လာဘ်စားရင်၊ အကျင့်ပျက်ခြစားရင် ထောင်ထဲသွားရမယ်။ ရဲဘော်ရဲဖက် အနေနဲ့ ထောင်ဝင်စာလာတွေ့မယ်” ဟုပြောခဲ့သည်။

“ကိုယ်မှားတာ လုပ်ရင်တော့ ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူရမှာပဲ” ဟု ဒေါ်ခင်စန်းလှိုင်က ပြောဆိုသည်။

( အင်္ဂလိပ်ဘာသာဖြင့် Myanmar Planning and Finance Minister’s Case a Test of Govt Seriousness on Corruption  တွင် ဖတ်ရှုပါ။)

Your Thoughts …
Tags: NLDအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဦးကျော်ဝင်း
ကျော်ဖြိုးသာ

ကျော်ဖြိုးသာ

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ကျောက်ဖြူကနေ ရန်ကုန်ကို ခရီးသွားရာလမ်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မလှဖြူ

မလှဖြူအတွက် တရားမျှတမှု ရှာဖွေခြင်း

တီကျစ် ကျောက်မီးသွေးစက်ရုံ / နန်းဆိုင်နွမ်

တီကျစ်ဒေသဖွံ့ဖြိုးမှုနောက်ကွယ်က မမြင်ရတဲ့အန္တရာယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved