• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော် ဗစ်တိုးရီးယားအမှု အဂတိ ကော်မရှင်စောင့်ကြည့်နေ

by မိုးမိုး
21 September 2019
in သတင်း
A A
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား အမှုကို စောင့်ကြည့်နေကြောင်း ပြောဆိုခြင်းဖြစ်သည် / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား အမှုကို စောင့်ကြည့်နေကြောင်း ပြောဆိုခြင်းဖြစ်သည် / ထက်နိုင်ဇော် / ဧရာဝတီ

22.4k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှု နှင့် ငြိစွန်း ခြင်း ရှိမရှိကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

ယနေ့ နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်သည့် အဂတိ လိုက် စားမှုတိုက် ဖျက်ရေး ကော်မရှင်ရုံး၊ စစ်ဆေးရေးမှူးချုပ်(တားဆီးကာကွယ်ရေးနှင့်စုံစမ်းစစ်ဆေး ရေး ဦးစီးဌာန)မှ စစ်ဆေး ရေးမှူးချုပ် ဦးသန့်ဇာ် က သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များ၏ မေးမြန်းမှုကို အထက်ပါအတိုင်းပြောသည်။

“ဒီဗစ်တိုးရီးယား အမှုလေးနဲ့ပတ်သက်ပြီးတော့ ကော်မရှင်အနေနဲ့ စာနာထောက်ထားမှု များစွာနဲ့ ကျနော်တို့ အဂတိလိုက်စားမှုမြောက်၊ မမြောက်၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ငြိစွန်းမှု ရှိ၊မရှိဆိုတာကို ကျနော်တို့ စောင့်ကြည့်ဆောင် ရွက် လျှက်ရှိပါ တယ်” ဟု သူကပြောသည်။

နစ်နာသူ ကလေးငယ်ဘက်မှ အမှုဖြစ်ပွားပြီး ၂ ပတ်ခန့် အကြာ တိုင်ကြားမှုများ ရှိလာသဖြင့် စုံစမ်း စစ်ဆေးလျက်ရှိပြီး ယခုအချိန်မှာ စောင့်ကြည့်နေသည့် ကာလ ဖြစ်ကြောင်း၊ ယင်းအမှုမှာ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက တရားရုံးကို တရားစွဲဆို တင်ပို့ပြီး ဖြစ်သည့်အတွက် တရားရုံးမှာဆက်ပြီး တရားစီရင်ဆောင်ရွက်နေခြင်း ဖြစ်သဖြင့် စောင့်ကြည့်နေ သည့် ကာလဟု ဆိုနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

ဦးသန့်ဇော်က “ ဒီတခုထဲ မဟုတ်ပါဘူး။ ဘယ်ဟာ မဆို အဂတိလိုက်စားမှု နဲ့ ပတ်သက်လာနိုင်တဲ့ အနေအထားမျိုး ရှိတယ်ဆိုရင် ကျနော်တို့က စောင့်ကြည့်တယ်။ လေ့လာရတယ်။ ဒါကတော့ ကျနော် တို့ရဲ့ လုပ်ငန်းတာဝန်ပဲလေ” ဟု ဆက်ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ထိုသို့ တိုင်ကြားမှုှနှင့် ပတ်သက်၍ တိုင်ကြားခံရသူမှာ လူပုဂ္ဂိုလ် တဦးတယောက် အပေါ်မှာ မူတည်ပြီး၍ တိုင်တန်းခြင်း မျိုးမဟုတ်ဘဲ၊ အဂတိနှင့် ငြိစွန်းမှု ရှိမရှိ တိုင်ကြားခြင်းသာ ဖြစ်သဖြင့်၊ တိုင်ကြားသူများ နှင့်တွေ့ဆုံ၍ ရှင်းလင်းမေးမြန်းမှု များ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ယင်းကော် မရှင်မှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ လူထုဘက်မှ အမှုမှန်ပေါ်ပေါက်ရေး အတွက် အင်တိုက်အားတိုက် တောင်း ဆို ဆန္ဒပြမှုများ ပြုလုပ်ခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် ဝင်ရောက် စစ်ဆေးသင့်သည့် ကာလ တခု ရောက်ပြီ ဖြစ်ကြောင်းလည်း ဥပဒေ ပိုင်းဆိုင်ရာ သုံးသပ်မှုအနေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်သလို ထောင်မှူးကြီးဟောင်းဖြစ်သည့် ဦးခင်မောင်မြင့်ကို ဧရာဝတီကို ပြောကြားထားသည်။

အဆိုပါ အမှုမှာ နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ်တဦးသည် မေ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်၍ အဆိုပါကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူကို သံသယ တရားခံဖြစ်သူ ကိုအောင်ကြီးကို ဇူလိုင် ၄ ရက်က တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထု ဘက်ကလည်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်လုပ်ကိုင်ပုံများ အပါ် ဝေဖန်ပြောဆိုမှုများ ပြု လုပ်ခဲ့ကြသလို စစ်မှန်သည် တရားခံ ဖမ်းဆီးနိုင်ဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့မှာ ပြုလုပ်ခဲ့ကြသည်။

သမ္မတ တိုက်ရိုက်အုပ်ချုပ်ရာ နေပြည်တော်ကဲ့သို့ နေရာမျိုးတွင် ကလေးငယ်တဦး မဖွယ်မရာ ပြုလုပ်ခံရပြီး အမှုမှန်လည်း မြန်မြန်ဆန်ဆန် ပေါ်ပေါက်ခြင်း မရှိခဲ့သဖြင့် မိခင် အများစုတွင် စိုးရိမ် မှုများဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်ရပ် အပေါ်တွင် ကျေနပ်မှု မရှိကြောင်းလည်း လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ကြ သည်။

ယင်းအမှု၏ ၇ ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာ ၂၄ ရက်သို့ ချိန်းဆိုထားပြီး အဆိုပါကျောင်းမှ ဝန်ထမ်း ၂ ဦး ကို စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

You may also like these stories:

အဂတိလိုက်စားမှုများကို မျက်နှာမလိုက်ဘဲ ဖော်ထုတ်ပေးရန် တပ်မတော် တောင်းဆို

ဗစ်တိုးရီးယားကို စစ်ဆေးရာတွင် Video ကွန်ဖရင့် ဖြင့် စစ်ဆေးသွားမည်ဟုဆို

ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်

Your Thoughts …
Tags: ဗစ်တိုးရီးယားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်
မိုးမိုး

မိုးမိုး

...

Similar Picks:

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

by Laurie Chen
23 October 2025
1k

ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။

ယနေ့ပြုလုပ်သည့် ၆ ကြိမ်မြောက် ရုံးချိန်း / ထက်နိုင်ဇော် / ဧရာဝတီ

လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို

by မိုးမိုး
11 September 2019
45.3k

ကလေးငယ်ကို မေးခွန်းများမေးသည့် အခါမှာ ဓာတ်ပုံများကို ဖြန့်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရားခံဟု စွပ်စွဲခံထားရသည့် ကိုအောင်ကြီး၏ ဓာတ်ပုံကို ပြသရာတွင် အောင်ကြီးကို မသိကြောင်း ကလေးက ထွက်ဆိုခဲ့သည်

ဗစ်တိုရီးယား အမှု တရားမျှတမှု ရရှိရေး လှုံ့ဆော်သည့်ပုံ

ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော

by မိုးမိုး
14 August 2019
41.8k

အဲဒီ အလုပ်ကို ကလေးအဖေက လုပ်သွားတာ တော်တော် စိတ်မကောင်းဘူး။ တော်တော်ကို ဒီကလေးအဖေဟာ မိဘ တယောက် အနေနဲ့ တာဝန်ကျေပါတယ်။ နားထောင်နေရတဲ့သူတွေ ကလေးအဖေရဲ့ ထွက်ချက်ကို ကြည့်ပြီးတော့ ကြက်သီးထရတယ်

ဗစ်တိုရီးယားပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သည့် အကောင့်

ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်

by မိုးမိုး
27 July 2019
40.4k

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏ ဓာတ်ပုံများကို ရှာ၍ အများသိအောင် ဖြန့်ဝေသွားမည်ဟု ခြိမ်းခြောက်သူကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လိုက်ပါ ဆောင်ရွက်နေသူ ဒေါက်တာ ဝင်းကိုကိုသိန်း (သက္ကမိုးညို) က ပြောသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရှင်းလင်းနေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ

by မိုးမိုး
20 December 2019
46.9k

ဗစ်တိုးရီးယား ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားပြီး စစ်ဆေးခဲ့သည့် DNA မှာ ဆေးရုံနှင့် မှုခင်းတပ်ဖွဲ့ (CID) တို့ကြား ကွဲလွဲမှုရှိနေကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲနိုင်ရေး သမ္မတထံ ခွင့်ပြုမိန့်တောင်းခံ

by မိုးမိုး
14 January 2020
13k

တရားစွဲ ခွင့်ပြုမိန့် ကျမှသာလျင် တရားစွဲဆိုခွင့်ရှိကြောင်း၊ ခွင့်ပြုမိန့် မတောင်းခံဘဲ တရားစွဲဆိုပါကလည်း တရားရုံးဘက်မှာ လက်ခံပြီး စစ်ဆေးပေးခြင်း မရှိကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

Next Post
“You are the Apple of My Eye” ဂျပန်ဗားရှင်း ဇာတ်ကား

ငယ်ချစ်ဦး ပုံရိပ်တွေကို ပြန်သတိရစေမယ့် “You are the Apple of My Eye” ဂျပန်ဗားရှင်း

အဂတိ ကော်မရှင်၏ စစ်ရေးရေးမှူးချုပ် ဦးသန့်ဇော်

အာဏာရှိသူထက် နိုင်ငံ့ဝန်ထမ်းကို ပိုပြီး အရေးယူမှုမျိုး မလုပ်ဟု အဂတိကော်မရှင်ပြော

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved