• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဂတိမှုများ တိုက်ဖျက်သော်လည်း သိသိသာသာ မကျဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

by ထက်နိုင်ဇော်
29 April 2019
in သတင်း
A A
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် / မျိုးမင်းစိုး / ဧရာဝတီ

14.2k
VIEWS
Share on FacebookShare on Twitter

အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရန် ဥပဒေများ ပြင်ဆင်၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော်လည်း အဂတိ လိုက်စားမှု သည် ၂၀၀၈ နှစ်ကုန်အထိ သိသိသာသာ ကျဆင်းသွားခြင်း မရှိဘဲ ယခင်အတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်း ဆောင်ရွက်မှု အစီရင် ခံစာကို ဖတ်ကြားစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုများကို အမြဲမပြတ် စောင့်ကြည်ရေးနှင့် သုံးသပ် အကဲဖြတ်နိုင်ရေးအတွက် ကော်မရှင်သည် တတိယ အဖွဲ့ အစည်း တခုကို လုပ်ငန်း အပ်နှံ၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ချင်းပြည်နယ်မှအပ မြန်မာနိုင်ငံ တဝန်းလုံးတွင် စစ်တမ်းတခုကို ကော်မရှင်က ကောက်ယူခဲ့သည်။

ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က “အဆိုပါ စစ်တမ်းအရ အဂတိ လိုက်စားမှုဟာ ၂၀၁၈ ခုနှစ် အကုန်အထိ သိသိ သာသာ ကျဆင်းသွားခြင်း မရှိသေးဘဲ အရင်အတိုင်းဘဲ ဆက်ရှိနေကြောင်း တွေ့ရပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

အထက်ပါ စစ်တမ်းအရ အဂတိ လိုက်စားမှု ဖြစ်စေသည့် အဓိက အကြောင်းရင်းမှာ အများအကျိုးထက် မိမိကိုယ်ကျိုးကို ဦးစားပေးသူ များနေခြင်း၊ မပြောင်းလဲသေးဘဲ အစဉ်အလာအတိုင်း ဆက်လက် လုပ်ဆောင် လိုကြခြင်း၊ ထိရောက်စွာ အရေးယူမှု အားနည်း ခြင်းနှင့် တချို့ နေရာများတွင် တရား ဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ပြည်သူများက ရှုမြင်သည်ဟု သိရသည်။

ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသည် ၂၀၁၃ ခုနှစ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သဖြင့် ယင်းမတိုင်မီ ကိစ္စများကို အရေး ယူ၍ မရခြင်း၊ ဝန်ကြီးဌာန အသီးသီး၏ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများသည် အဆင့်များစွာဖြင့် ခက်ခဲနေသမျှ အဂတိ လိုက်စားမှု ရှိနေဦးမည် ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်း က ပြောသည်။

ဦးနေမျိုးထွန်း က “မှတ်ပုံတင် သွားလုပ်ရင်လည်း Process တွေက မရှင်းလင်းဘူး။ အကြောက်တရားကြောင့်လည်း အဂတိမှုက ရှိတယ်။ အချက် အလက်တွေ တောင်းတာများတော့ ပြည်သူကလည်း အကုန်မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ပေးရ ကမ်းရတော့ အဂတိမှုက ဖြစ်စေတာ ပေါ့ဗျာ။ ဌာနဆိုင်ရာမှာ လွယ်ကူရှင်းလင်းတာတွေ မရှိသရွေ့ ဒါတွေက ဖြစ်နေဦးမှာ” ဟု သုံးသပ်သည်။

၂၀၁၈ ခုနှစ်တွင် ကော်မရှင်သည် တိုင်ကြားစာ ၁၀၅၄၃ စောင် လက်ခံရရှိရာ ယင်းတို့အထဲမှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစောင် ၄၆ စောင် ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူသင့်သည့် တိုင်ကြားစာ ၁၇၉၅ စောင်ကို အစိုးရဌာနများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အစိုးရဌာနများသို့ လွှဲပြောင်းပေးခဲ့သည့် တိုင်ကြားစာ ၁၇၉၅ စောင်တွင် အရေးယူခဲ့ကြောင်း ပြန်ကြားသည့် စာအရေအတွက်မှာ ၅၃၆ စောင် ဖြစ်ကြောင်း သိရသည်။

အစိုးရ၊ ပညာရေး ဝန်ကြီးဌာနက အဂတိလိုက်စားမှုများ လျော့ချလာစေရန် လာမည့် ပညာသင်နှစ်မှ စတင်ကာ အခြေခံ ပညာ ကဏ္ဍတွင် Complain လုပ်နိုင်သည့် နေရာများ ထားရှိပေးမည် ဖြစ်ကြောင်း၊ မကျေနပ်ချက်များ၊ တိုင်ကြားမှုများကို အဆင့်ဆင့် ဖြေရှင်းပေးမည် ဖြစ်ရာ အဂတိ လိုက်စားမှုနှင့် ဆက်စပ်မှုများ ပါဝင်လာပါက ချက်ချင်း အရေးယူပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောသည်။

ဦးကိုလေးဝင်း က “ဥပမာ အလုပ်ခန့်ပေးမယ်၊ အပြောင်းအရွေ့ လုပ်ပေးမယ် ဆိုပြီး ပိုက်ဆံတောင်းတယ်။ ပညာရေး ဝန်ကြီးဌာနနဲ့ ဆက်နွယ်တဲ့သူ တွေကနေ လုပ်နေတာတွေ ရှိတယ်။ ဆရာတို့လည်း လိုက်လို့ မရဘူး။ ပိုက်ဆံတောင်းရင် Wave Money နဲ့ တောင်းတာ။ အဲဒါမျိုးဆိုရင် ပြည်ထဲရေးကို လွှဲပေးပြီး စုံစမ်းခိုင်းရတယ်။ ဖမ်းမိရင် အဂတိ တိုက်ဖျက်ရေး ဥပဒေနဲ့တော့ မဟုတ်သေးဘူး။ တခြား ဥပဒေတွေနဲ့ တရားစွဲရတယ်”ဟု ရှင်းပြသည်။

ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများထဲမှ အဂတိမှုများနှင့် သက်ဆိုင်သော အမှုများ ရှိလာပါက ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ ဖြင့် ဦးစွာ စစ်ဆေးပြီး အရေးယူလျက်ရှိကြောင်း၊ နိုင်ငံဝန်ထမ်း ဥပဒေအရ ရာထူးလျော့ချခြင်း၊ နိုင်ငံ့ဘဏ္ဍာများ ပြန်လည်ပေးသွင်း စေခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း အထက်ပါ ပညာရေး အရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုမှာ အမြစ်တွယ်နေပြီဖြစ်ရာ တချို့မှာ လစာ မလုံလောက်ဟု အကြောင်းပြသလို တချို့မှာလည်း တရားဥပဒေ စိုးမိုးရေး မရှိသည်ကို အမျိုးမျိုး အကြောင်းပြလျက် ရှိကြောင်း ရန်ကုန်မြို့မှ စာရေးဆရာ ဇာနည်စိုးထွဋ် က ပြောသည်။

ဇာနည်စိုးထွဋ် က “ဒီအဂတိ လိုက်စားမှုကို လူမှု အသိုင်းအဝိုင်းထဲမှာ မကောင်းမှု၊ ရှက်စရာလို့ မမြင်သမျှတော့ မပျောက်နိုင်ဘူး။ အဂတိ လိုက်စား မှုကြောင့် ချမ်းသာလာတယ်။ ဒါကိုပဲ ဂုဏ်ယူစရာ ဖြစ်နေတယ်။ အဲဒီလို တိုင်းပြည်က ပျက်နေတာ။ မကောင်းတာကို ကောင်းတယ် လို့ အရသာတွေ့သွားရင် ထပ်လုပ်မှာပဲ။ ဒါက လူ့သဘာဝပဲ။ လုပ်ရင် ဘာဖြစ်မလဲ။ ဘာမှ မဖြစ်ဘူးဆိုရင်လည်း လုပ်မှာပဲ” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိက အတားအဆီးတခု ဖြစ်နေသည့် နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှု တခုလုံးကို ယို့ယွင်းထိခိုက်စေရသည့် အရင်းခံ အကြောင်း အရင်းတခု ဖြစ်သည့် အဂတိ လိုက်စားမှု စနစ်ဆိုးကို တိုက်ဖျက်ရေး လုပ်ငန်းသည် အချိန်တို တပွဲတိုး ဆောင်ရွက်ရမည့် လုပ်ငန်းမျိုး မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ဦးအောင်ကြည် က “နိုင်ငံတော်ရဲ့ ဖွဲ့ စည်းတည်ဆောက်ပုံ၊ အင်စတီကျူးရှင်းများရဲ့ ခိုင်မာတောင့်တင်းမှု၊ ယဉ်ကျေးမှု သမိုင်း အစဉ်အလာ၊ လူတို့ရဲ့ အပြုအမူ၊ ဓလေ့ ထုံးတမ်းများ အပါအဝင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေ အရပ်ရပ်ကို ဘက်စုံက စဉ်းစားပြီးတော့ မဟာဗျူဟာ စီမံကိန်း ချမှတ်ပြီး တစိုက်မတ်မတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ် ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြောင့် ကော်မရှင်သည် တံဆိုး လက်ဆောင် ယူသူကိုသာမက ပေးသူကိုပါ မည်သူကိုမဆို အရေးယူနိုင်ခြင်း၊ ပြည်သူ့ဘဏ္ဍာ ရံပုံငွေ ဆုံးရှုံးမှု အချို့ကို အကာအကွယ် ပေးလာ နိုင်ခြင်း၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများ တွင် အဂတိလိုက်စားမှုကို တားမြစ်ရန်အတွက် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် ချမှတ်ကျင့်သုံးနိုင်ရေးကို စတင် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းတို့ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးရေး လုပ်ငန်းများကို အခြေခံပညာ မူလတန်း အဆင့်မှ စတင် သင်ကြား နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း အစရှိသဖြင့် မြန်မာနိုင်ငံ တဝှမ်းလုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ရှေရှည် မဟာ ဗျူဟာ စီမံချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လမ်းပွင့်စေမည့် လုပ်ပိုင်ခွင့် တချို့ကို ရရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဦးအောင်ကြည်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးမှာ စောင့်ကြည့်ရမည့် လူ အပြောင်းအလဲ

by Laurie Chen
23 October 2025
1k

ဗဟိုကော်မတီ တင်းပြည့်နှင့် အလှည့်ကျ အဖွဲ့ဝင် ၃၀၀ ကျော်အနက် အနည်းဆုံး ၁၁ ဦးကို အလှည့်ကျ အဖွဲ့ဝင်များက အစားထိုးဖွယ်ရှိသည်ဟု လုပ်ထုံးလုပ်နည်းအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ / ဧရာဝတီ

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

by ပေါ်ထွန်း
5 May 2022
11.4k

စစ်ခေါင်းဆောင်အချို့နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အချို့သည် လွန်ခဲ့သည့် ခြောက်နှစ်က စီမံကိန်း တခုကို စတင်ခဲ့သည်

အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် / ထက်နိုင်ဇော် / ဧရာဝတီ

အဂတိမှုများကို အစိုးရ အရာရှိကြီးများ ကိုယ်တိုင် ဖုံးဖိပေးနေဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

by ထက်နိုင်ဇော်
20 May 2019
217.8k

အစိုးရ အရာရှိကြီးများသည် အောက်ခြေမှ အဂတိ လိုက်စားမှုများ ကျူးလွန်သည့်အခါ ဖြစ်ရပ်မှန်ကို စုံစမ်း စစ်ဆေး ဖော်ထုတ်ရ မည့်အစား ကျုးလွန်သော အပြစ်များကို ဖုံးဖိ ပြုပြင်ပေးပြီး ပေါ့လျော့အောင် ပြုလုပ်ပေးနေ၍ အရေးယူနေရကြောင်း အဂတိ လိုက်...

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

ဦးအောင်ကြည် နုတ်ထွက်မှု အစိုးရနှင့် ပြဿနာတက်၍ မဟုတ်ဟု သမ္မတရုံး ရှင်းလင်း

by ထက်နိုင်ဇော်
2 December 2020
13.1k

အစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ အကြား၊ အစိုးရနှင့် ကော်မရှင်တို့ကြားတွင် မည်သည့် ပြဿနာမျှ မရှိ ကြောင်း၊ ထို့ပြင် အခြားသော နိုင်ငံရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာများလည်း မရှိကြောင်း

ငါးကြီးများကို ဖမ်းနိုင်ခဲ့ခြင်းအပေါ် ပြည်သူအများစုက ကျေနပ်ကြသည် / သရုပ်ဖော် - ကိုခေတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ငါးကြီးတွေကို ထပ်ဖမ်းပြန်ပြီ

by ဧရာဝတီ
17 September 2018
267.3k

တိုင်းပြည်တွင် စွဲကပ်နေသည့် အကျင့်ပျက်ခြစားမှု ကင်ဆာကို ဖယ်ရှားကုသရာတွင် အရေးပါသော ကုထုံးကို စတင်နေပြီဟု ဆိုအပ်ပေသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ နည်းပညာသင်တန်း ဖွင့်ပွဲ  / မိုးမိုး / ဧရာဝတီ

အဂတိ အမှုဖြင့် အများဆုံး အတိုင်ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို ကော်မရှင်က သင်တန်းပေးမည်

by မိုးမိုး
6 February 2019
29k

အဂတိလိုက်စားမှုကြောင့် တိုင်ကြားစာ အများဆုံးပေးပို့ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) က နည်းပညာ သင်တန်းများ ပေးပို့သွားမည်ဟု သတင်းရရှိသည်။

Next Post
Fani မုန်တိုင်း လမ်းကြောင်း ခန့်မှန်းချက်ပြ မြေပုံ  / Tun Lwin facebook

“ဖန်နီ” မုန်တိုင်း အန္တရာယ် စောင့်ကြည့်ရမည့် အခြေအနေ ရှိနေ

ဂျပန်နိုင်ငံနှင့် ဖက်စပ်လုပ်ထားသည့် စူပါမားကက် တခု  / Aeonorange

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စိတ်မပူရန် ရန်ကုန် ဝန်ကြီးချုပ် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved