• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးအောင်ကြည် နုတ်ထွက်မှု အစိုးရနှင့် ပြဿနာတက်၍ မဟုတ်ဟု သမ္မတရုံး ရှင်းလင်း

by ထက်နိုင်ဇော်
2 December 2020
in သတင်း
A A
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်  / မျိုးမင်းစိုး / ဧရာဝတီ

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် / မျိုးမင်းစိုး / ဧရာဝတီ

13.1k
VIEWS
Share on FacebookShare on Twitter

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်၏ နုတ်ထွက်မှုသည် အစိုးရနှင့် ပြဿနာရှိ၍ မဟုတ် ဘဲ ဦးအောင်ကြည်၏ ပုဂ္ဂိုလ်ရေးဆန္ဒနှင့် လောကုတ္တရာသို့ ကူးပြောင်းရေးကိစ္စ သက်သက်သာ ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

သမ္မတအိမ်တော် သတင်းထောက်များဖြင့် ဖွဲ့ စည်းထားသည့် အိမ်တော် သတင်းထောက်များ ဂရု Facebook စာမျက်နှာ တွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့တွင် အထက်ပါအတိုင်း ရှင်းလင်းခြင်း ဖြစ်သည်။

“နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမျိုးမျိုး ပြောဆို ဝေဖန်နေတာတွေ တွေ့ရှိရပါတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး ပြောလိုတာကတော့ ဒီလို ဆန္ဒအလျောက် နှုတ်ထွက်တာဟာ ကော်မရှင်ဥက္ကဌရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ လောကုတ္တရာ ကူး ပြောင်းရေးကိစ္စ သက်သက်သာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

အစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ အကြား၊ အစိုးရနှင့် ကော်မရှင်တို့ကြားတွင် မည်သည့် ပြဿနာမျှ မရှိကြောင်း၊ ထို့ပြင် အခြားသော နိုင်ငံရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာများလည်း မရှိကြောင်း သမ္မတရုံးက ပြောသည်။

ယခု နုတ်ထွက်မှုတွင်လည်း ဦးအောင်ကြည်ကိုယ်တိုင်က လာမည့် ၂၀၂၁ ခုနှစ်က စတင်ပြီး လောကီကိစ္စများကို စွန့် လွှတ်ပြီး လောကုတ္တရာဘက်သို့ ဇောက်ချပြီး ပြင်းပြင်းထန်ထန် လုပ်လိုသည့် ရည်ရွယ်ချက်ကြောင့် သမ္မတနှင့် အတိုင် ပင်ခံပုဂ္ဂိုလ်တို့ထံ ကိုယ်တိုင် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ အမျိုးမျိုး ပြောဆို ဝေဖန်နေတာတွေ တွေ့ရှိရပါတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး ပြောလိုတာကတော့ ဒီလို ဆန္ဒအလျောက် နှုတ်ထွက်တာဟာ ကော်မရှင်ဥက္ကဌရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ လောကုတ္တရာ ကူး ပြောင်းရေးကိစ္စ သက်သက်သာ ဖြစ်ပါတယ်”

“အသက်အရွယ်အားဖြင့်လည်း ၇၅ နှစ်ထဲ ရောက်လာပြီး ကျန်းမာရေးအရလည်း ကောင်းမွန်နေချိန်မှာ လောကုတ္တရာ ဘက်ကို ကူးပြောင်း ကျင့်ကြံဖို့ ဆန္ဒ ထက်သန်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က သဘောတူ လက်ခံပြီး ဆန္ဒအလျောက် နှုတ်ထွက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ဦးအောင်ကြည်ကိုယ်တိုင် သုံးစွဲသည့် Ko Tuu အမည်ဖြင့် Facebook အကောင့်တွင်လည်း ၂၀၂၁ နှစ်ဦးပိုင်းမှ စတင်၍ “ဧကာယနော် မဂ္ဂေါ”တကြောင်းတည်းသောလမ်းကို ကိုယ်၊ နုတ် နှလုံး ၃ ပါး စလုံးကို စောင့်ရှောက်လျက် လျှောက်လှမ်း သွားနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို တနှစ်ကျော် အချိန်ယူ၍ အဘက်ဘက်မှ ပြင်ဆင်ခဲ့ရာ ယခုအခါ ပြင်ဆင်မှု အဆင့် အားလုံး၌ အဆင်ပြေ ချောမွေ့ စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါသည်ဟု ရေးသားထားသည်။

NLD အစိုးရ လက်ထက်တွင် ကော်မရှင်၏ စွမ်းဆောင်ရည်များထဲ၌ ဆေးဝါးစက်ရုံ (အင်းစိန်/BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော် အရေးယူခံရသည့် ဖြစ်စဉ်မှလွဲ၍ ကျန်ကိစ္စအားလုံးတွင် ကော်မရှင်၏ လုပ်ရပ်များမှာ မှန်ကန်ခဲ့ကြောင်း၊ သို့ သော် နောက်ပိုင်းတွင် အရေးယူမှုများ အားနည်းသွားခဲ့ကြောင်း ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းက ပြောသည်။

“နောက်ပိုင်းမှာ သူ (ဦးအောင်ကြည်) ဖြစ်ချင်တာ၊ သူအရေးယူချင်တာ ယူလို့မရဘူးဆိုတာ အရိပ်အမွတ်တော့ ပြောတယ်။ အဲလိုဆိုတော့ တကယ်တန်း ထိထိရောက်ရောက် လုပ်ချင်တဲ့သူကတော့ စိတ်ပျက်မှာပေါ့။ အစပိုင်းမှာတော့ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ရတယ်လို့ ထင်တာ။ နောက်ပိုင်းမှာ ဦးအောင်ကြည်က ခွင့်ပြုချက် မရရင် လုပ်မရဘူးဆိုတာ ထုတ် ပြောလာတယ်။ အဲဒါကို စိတ်ပျက်မှာပေါ့”ဟု ဦးရဲထွန်းက ပြောသည်။

ဦးအောင်ကြည်၏ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလက ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံချက်တွင် အဂတိ လိုက်စားမှု များကို တိုက်ဖျက်ရန် ဥပဒေများ ပြင်ဆင်၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော်လည်း သိသိသာသာ ကျဆင်း သွား ခြင်း မရှိဘဲ ယခင်အတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

အဂတိလိုက်စားမှုများကို အမြဲမပြတ် စောင့်ကြည်ရေးနှင့် သုံးသပ် အကဲဖြတ်နိုင်ရေးအတွက် ကော်မရှင်က တတိယ အဖွဲ့ အစည်းတခုကို လုပ်ငန်း အပ်နှံ၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ချင်းပြည်နယ်မှအပ မြန်မာနိုင်ငံ တဝန်းလုံးတွင် စစ်တမ်းတခုကို ကောက်ယူပြီးနောက် အထက်ပါအတိုင်း ကော်မရှင် ဥက္ကဌက ထုတ်ဖော်ခြင်း ဖြစ်သည်။

“ဥပဒေအရ အစိုးရဌာနများတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ကော်မရှင်မှာ ဒီထက်ပိုပြီး လုပ်ပိုင်ခွင့် မရှိတော့ပါဘူး”

ဦးအောင်ကြည်၏ ကော်မရှင် လက်ထက်တွင် ဝန်ကြီးဌာနများတွင် ဌာနတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (CPU) များ ဖွဲ့ စည်းပြီး လုပ်ထုံး လုပ်နည်းများ ရေးဆွဲကြရန်၊ အဂတိမှု အသေးစားများကို ဌာနတွင်းမှာပင် ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းနှင့် အရေးယူရန်၊ ကြီးမားသော ပြဿနာများကို ကော်မရှင်သို့ လွှဲပေးရန် အချက် ၃ ချက်ကို ညွှန်ကြားခဲ့သည်။

ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က“ဥပဒေအရ အစိုးရဌာနများတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ကော်မရှင်မှာ ဒီထက်ပိုပြီး လုပ်ပိုင်ခွင့် မရှိတော့ပါဘူး”ဟု ထိုစဉ်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

သို့သော် ကော်မရှင်၏ လမ်းညွှန်ချက်ဖြင့် ဝန်ကြီးဌာနတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ များကို ဖွဲ့ စည်းခဲ့ကြ သော်လည်း ယင်းအဖွဲ့ က ထုတ်ဖော်လိုက်သဖြင့် ပေါ်ပေါက်လာသည့် အဂတိ လိုက်စားမှုမျိုး တမှုမှ ထွက်ပေါ်လာခြင်း မရှိပါ။

ထို့ပြင် အစိုးရ အရာရှိကြီးများသည် အောက်ခြေမှ အဂတိ လိုက်စားမှုများ ကျူးလွန်သည့်အခါ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရ မည့်အစား ကျုးလွန်သော အပြစ်များကို ဖုံးဖိ ပြုပြင်ပေးပြီး ပေါ့လျော့အောင် ပြုလုပ်ပေးနေ၍ အရေးယူနေရ သည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းစဉ် ပြောဆိုခဲ့သည်။

အဂတိလိုက်စားမှုတွေ မကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ ရုံးတွင်းဌာနများတွင် အရိုးစွဲနေသည့် ဌာနတွင်း အ ဂတိ လိုက်စားမှု (Internal Cooruption) များကြောင့် ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ထို့ပြင် ဦးအောင်ကြည်၏ ကော်မရှင်သည် အစိုးရ ဝန်ထမ်းများနှင့် ပတ်သက်၍ အဂတိ လိုက်စားမှုများကို ဖော်ထုတ် အ ရေးယူသော်လည်း အာဏာရ NLD ပါတီနှင့် ပတ်သက်သည့် အမှု ကိစ္စများ၊ အာဏာရပါတီမှ နိုင်ငံရေးရာထူး ရယူထား သူများနှင့် ပတ်သက်သည့် ကိစ္စများတွင်မူ အရေးယူနိုင်ခြင်း မရှိကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက“ဒီလို အနေအထားတစ်ရပ်ကို ရောက်ရှိလာအောင် ဆောင်ရွက်ခဲ့တဲ့အတွက်လည်း အစိုးရအနေနဲ့ အသိအမှတ်ပြု၊ ချီးကျူးဂုဏ်ပြုရသလို နိုင်ငံအတွက်လည်း ကျေးဇူ အထူးတင်ရှိပါတယ်”ဟု ပြောသည်။

ဦးအောင်ကြည် ယခုလို နုတ်ထွက်သွားသော်လည်း ကော်မရှင်၏ လုပ်ငန်းများကို ထိခိုက်မှု မရှိကြောင်း၊ အဂတိ လိုက်စား မှု တိုက်ဖျက်ရေး အမျိုးသားအဆင့် မဟာဗျူဟာမှာလည်း အခြေခံဆွေးနွေးရမည့် Zero Draft ကို ရေးသားပြုစုခဲ့ပြီး ဖြစ်၍ ကျန်ရှိသည့် လုပ်ငန်းကော်မတီများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန်သာ ရှိတော့ကြောင်း သိရသည်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက“ဒီလို အနေအထားတစ်ရပ်ကို ရောက်ရှိလာအောင် ဆောင်ရွက်ခဲ့တဲ့အတွက်လည်း အစိုးရအနေနဲ့ အသိအမှတ်ပြု၊ ချီးကျူးဂုဏ်ပြုရသလို နိုင်ငံအတွက်လည်း ကျေးဇူ အထူးတင်ရှိပါတယ်”ဟု ပြောသည်။

ဦးအောင်ကြည်သည် တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်တဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုဆက်သွယ်ရန် ဆက်ဆံရေး ဝန်ကြီးအဖြစ် တာဝန်ပေးခံခဲ့ရသူလည်း ဖြစ်သည်။

တပ်မတော်တွင် ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ၂၀၀၇ ခုနှစ်တွင် အလုပ်သမား ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၂၀၁၆ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်သို့ ရောက်သည့်အခါ NLD အာဏာ စတင် ရ ယူသည့် အချိန်တွင် နေပြည်တော်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးအောင်ကြည်ကို အစိုးရဘက်မှ ကိုယ်စားလှယ် အဖြစ် တွေ့ မြင်ခဲ့ရဖူးပြီး နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဖြစ်လာခဲ့သည်။

Your Thoughts …
Tags: ကော်မရှင်သမ္မတရုံးအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဦးအောင်ကြည်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

ရွေး/ကော်ဥက္ကဋ္ဌ က မင်းအောင်လှိုင်ရဲ့ ဝှက်ဖဲလား (ရုပ်/သံ)

ရွေး/ကော်ဥက္ကဋ္ဌ က မင်းအောင်လှိုင်ရဲ့ ဝှက်ဖဲလား (ရုပ်/သံ)

by ဧရာဝတီ
1 October 2025
349

အာဏာသိမ်း စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဥပဒေတွေ၊ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေကို ချမှတ်တဲ့နေရာမှာ အခရာကျတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ဟောင်း ဦးသန်းစိုးက ရထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တွင် သူ့မိဘများနေထိုင်ခဲ့သည့် အိမ်တလုံးသာ ရှိသည်။ သမ္မတ ဦးဝင်းမြင့်ထံတွင် ကိုယ်ပိုင်အိမ်ပင် မရှိပေ / ဧရာဝတီ

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

by ပေါ်ထွန်း
5 May 2022
11.4k

စစ်ခေါင်းဆောင်အချို့နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အချို့သည် လွန်ခဲ့သည့် ခြောက်နှစ်က စီမံကိန်း တခုကို စတင်ခဲ့သည်

အမြင့်ဆုံးအာဏာတွေကို စစ်ခေါင်းဆောင် လက်မလွှတ်ရဲ (ရုပ်/သံ)

အမြင့်ဆုံးအာဏာတွေကို စစ်ခေါင်းဆောင် လက်မလွှတ်ရဲ (ရုပ်/သံ)

by ဧရာဝတီ
31 July 2025
174

စစ်ကောင်စီက အကြိမ်ကြိမ်သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီကို ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိတဲ့ ရာထူးတွေကိုတော့စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ဆက်ယူထားပါတယ်။

နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ကုန်းဘောင် စာဆိုရှင် မယ်ခွေ ၏ “လက်ဆောင်” ကဗျာ ကိစ္စ သမ္မတရုံး ဝင်ပါနေရ

by မိုးမိုး
8 June 2019
23.3k

ယင်းကဗျာတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ ပါသည်ဆိုကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ အမျိုးသမီး ဆရာဝန်ကြီး တဦးက ထိုကဗျာ ကြောင့် ကလေးများ ဆေးလိပ် ၊...

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

Next Post
၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမြင်ကွင်း  / ဧရာဝတီ

ရွေးကောက်ပွဲ အချက်အလက်များ ခွင့်ပြုချက်မရဘဲ မပေးဖို့ UEC ညွှန်ကြား

WORLDS AIDS Day 2020 အခမ်းအနားတွင် တွေ့ရသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး / MOHS

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရမှု ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved