• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရမှု ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ

by ဇူးဇူး
2 December 2020
in သတင်း
A A
WORLDS AIDS Day 2020 အခမ်းအနားတွင် တွေ့ရသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး / MOHS

WORLDS AIDS Day 2020 အခမ်းအနားတွင် တွေ့ရသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး / MOHS

6.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် HIV ရောဂါပိုး အသစ်ကူးစက်ခံရမှုများသည် ၂၀၁၀ နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သော၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့(World AIDS Day) အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ တွင် မြန်မာနိုင်ငံအတွင်း HIV ကူးစက်ခံနေရသူ ဦးရေ ၂၄၀,၀၀၀ ခန့်၊ ရောဂါဖြစ်ပွားမှုနှုန်းမှာ ဝ.၅၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉,၉၀၀ ကျော် ရှိခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ၌ HIV ဖြစ်ပွားမှုနှုန်း သည်လည်း ၂၀၁၁ တွင် ဝ.၈၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ တွင် ဝ.၅၀ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ကျဆင်းလာကြောင်း သိရသည်။

ထိုကဲ့သို့ အောင်မြင်မှုများရရှိရန် ဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့် လုပ်ငန်းပါဝင် ဆောင်ရွက်နေသူများ အားလုံးကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ထွေးက ပြောကြားသည်။

ခန့်မှန်းတွက်ချက်မှုများအရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီး လိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျနေသူများနှင့် ရွှေ့ပြောင်းလုပ်သားများ စသည့် HIV ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စု များတွင် အဖြစ်များနေပြီး၊ ဝန်းကြီးဌာန၏ အမျိုးသားခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် အနေဖြင့် အဆိုပါ ဦး တည်အုပ်စုများကို အထူးဂရုပြုကာ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံ၏ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများသည် အောင်မြင်မှုများ ရရှိနေသော်လည်း ဝေးလံခက်ခဲသော နေရာဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများ၌ ယင်းလုပ်ငန်းများ လုပ် ဆောင်ရန် အခက်အခဲများ ရှိနေကြောင်း၊ HIV ကူးစက်ခံရသူ အားလုံး အေအာတီ (ART) ဆေးဝါးရရှိရေး၊ ယင်းလူနာများ အား စဉ်ဆက်မပြတ် ပြုစုကုသ စောင့်ရှောက်မှုပေးရေး၊ HIV ပိုး ရှိသူများအား ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းများ လုံးဝပျောက် ရန် ဆောင်ရွက်ရေးတို့မှာ စိန်ခေါ်မှုများစွာ ရှိနေသေးသည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ ART ဆေးပေးရာဌာန (ဓာတ်ပုံ- unaids)

HIV/ AIDS တိုက်ဖျက်ရေး စီမံချက်လုပ်ငန်းများကို Global Fund (ကမ္ဘာ့ရန်ပုံငွေအဖွဲ့) မှ ဘဏ္ဍာငွေ၊ UNAIDS နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် အခြားကိစ္စရပ်များ ပံ့ပိုးပေးလျက်ရှိသလို နိုင်ငံတော်အစိုးရအနေဖြင့် လည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၄ သန်းကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေး လုပ်ငန်းများအတွက် အသုံးပြုလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် HIV ကူးစက်မှုနှုန်း ကျဆင်းလာသည်ကို တကယ့်မြေပြင် အခြေအနေ၌လည်း မြင်နေရပြီး ယခင်က တနှစ် လျှင် အသစ်ကူးစက်မှု ၁၅,၀၀၀၊ အများဆုံးအဖြစ် ၁၆,၀၀၀ အထိ ကူးစက်ဖူးကြောင်း၊ အားမရမှုများ၊ ထပ်မံလုပ်ဆောင် ရန်များ ကျန်ရှိနေသေးသော်လည်း ယခုလို ကျဆင်းလာမှုအပေါ် ချီးမွမ်းရမည် ဖြစ်ကြောင်း Maire Stopes International ၏ မြန် မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောသည်။

HIV ကူးစက်မှု ကျဆင်းလာရသည့် အဓိက အကြောင်းရင်းများထဲတွင် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ ငွေကြေး ထောက်ပံ့မှုသာမက နည်းပညာပိုင်း၊ ပေါင်းစပ်ညှိနှိုင်းရေးပိုင်းဆိုင်ရာ ထောက်ပံ့မှုများ၊ ကမ္ဘာတဝှမ်း အောင်မြင်နေသည့် ဗျူဟာများ သုံးဖြစ်စေ ရန် တိုက်တွန်းဆောင်မှုများက အထောက်အပံ့တခု ဖြစ်စေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် ပြည်တွင်း၌လည်း ဦးဆောင်မှုအပိုင်းက HIV တိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ အလေးထားကာ တွန်းတွန်း တိုက်တိုက် ဦးစားပေးဆောင်ရွက်ခြင်း၊ လုပ်ငန်းအဆင့် ဦးစီးဆောင်ရွက်သူများ၏ မှန်ကန်သည့် လမ်းကြောင်းအောက်မှ အဖွဲ့အားလုံး ပူးပေါင်းလုပ်ဆောင်ခြင်းတို့ကြောင့် ထိုသို့သော ရလဒ်မျိုး ထွက်လာခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။

ဒေါက်တာစစ်နိုင်က “ဒီနှစ်မှာ မိုးလင်းက မိုးချုပ် ကိုဗစ် ကိုဗစ်ဖြစ်နေတော့ ဒါတခုတည်းပဲ ဘဝမှာ ရှိသလို ဖြစ်လာတယ်။ အဲဒီလောက်ထိ ကြောက်ဖို့ မကောင်းသော်လည်းပဲ အန္တရာယ်ရှိနေသေးတဲ့၊ လူ့ဘောင် အသိုင်းအဝိုင်းထဲမှာ ရှိနေသေးတဲ့ HIV ကိုလည်း မေ့ထား ပေါ့ထားလို့ မရဘူး။ ကျန်းမာရေးဆိုင်ရာ အခြေခံ သတိထားစရာလေးတွေ၊ ဆင်ခြင်စရာလေးတွေ၊ ကာကွယ်စရာလေးတွေ၊ လုပ်စရာလေးတွေ ရှိပါတယ်။ အဲဒါလေးတွေ ဆက်ပြီးလုပ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက လွန်ခဲ့သော ၁၀ နှစ်ဖြင့် နှိုင်းယှဉ်ပြောမည်ဆိုပါက HIV နှင့် ပတ်သက်၍ အသိပညာ တိုးတက်မှု ရှိ လာသော်လည်း ရွံရှာမုန်းတီး၊ ခွဲခြားနှိမ့်ချ၊ မတရားပြုမူ ဆက်ဆံခြင်းများ ရှိနေဆဲဖြစ်ပြီး ယင်းအတွက်ကြောင့် ကုသမှု မရ လိုက်ဘဲ အသက်ဆုံးရှုံးမှုများကလည်း ရှိနေသေးရာ လူထုဘက်က အမြင်ပြောင်းရမည်ဖြစ်သလို သက်ဆိုင်ရာ တာဝန်ရှိသူ များဘက်ကလည်း ဥပဒေပိုင်း၊ မူဝါဒပိုင်းဆိုင်ရာ ပိုမိုတိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲရန် လိုအပ်နေသေးသည်ဟု လည်း ထောက်ပြသည်။

HIV ပိုးကူးစက်ခံရခြင်းမှ တဆင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို ကိုင်တွယ်ထိန်းချုပ်ရာ၌ သိသာထင်ရှားသည့် အောင်မြင်မှုများ ရှိနေသော်လည်း ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁.၇ သန်းခန့်သည် HIV ပိုး ဆက်လက် ကူးစက်ခံနေရပြီး ထိုရောဂါပိုးကြောင့် သေဆုံးသူဦးရေမှာ ၆၉၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။

ပထမဆုံး အဖြစ် ကမ္ဘာ့ AIDS နေ့ကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့ပြီး ယခု၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခုခံအားကျ ဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့၏ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “အားလုံးညီညွတ် ပေါင်းစည်းလို့ တာဝန်ကိုယ်စီ မျှယူစို့ (Global Solidarity, Shared Responsibility)” ဟူ၍ ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

You may also like these stories:

ရှာတာက ကျောက်စိမ်း တွေ့တာက မူးယစ်ဆေး

Your Thoughts …
Tags: HIVWorld AIDS Dayကျဆင်းကျန်းမာရေးရောဂါကူးစက်မှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.4k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
6.6k

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

by ယဉ်မွန်
2 September 2024
4.5k

ရွှေညဝါ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် အရှင်ပညာသီဟဟာ ဩဂုတ်လတွင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေရပြီး ဆေးဝါးကုသမှု ခံယူနေပေမယ့်၊ ကျန်းမာရေးကတော့ ကောင်းမွန်စပြုလာပြီလို့ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။

Next Post
Pfizer နဲ့ BioNTech ပူးပေါင်းထုတ်မယ့် ကိုဗစ် ကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ပထမဆုံး ခွင့်ပြုလိုက်တဲ့ ယူကေ

စစ်တွေမြို့ပေါ်မှ စစ်ဘေးရှောင် စခန်း တခု / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ အနွေးထည်နှင့် စောင်များ လိုအပ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved