အာဏာသိမ်း စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ဥပဒေတွေ၊ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေကို ချမှတ်တဲ့နေရာမှာ အခရာကျတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဋ္ဌ ရာထူးကို ဗိုလ်ချုပ်ဟောင်း ဦးသန်းစိုးက ရထားပါတယ်။
ဦးသန်းစိုးဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းစထဲက စတင်ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်မှာအဖွဲ့ဝင်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဥက္ကဋ္ဌ ဖြစ်လာဖို့ စစ်ခေါင်းဆောင်ရဲ့ ဝှက်ဖဲလို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
စစ်တပ်ကို ဩဇာခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတဦးက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတရပ်ကို ဘယ်လိုဖော်ဆောင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ဦးသန်းစိုး #မင်းအောင်လှိုင် #ရွေးကောက်ပွဲကော်မရှင် #WhathappensInMyanmar













