• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ကေဇဝင်း အပါအဝင် ၄ ဦးကို ယနေ့သဂြိုဟ်

by ဧရာဝတီ
4 March 2021
in သတင်း
A A
မုံရွာ သပိတ်စစ်ကြောင်းကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲသဖြင့် သေဆုံးသွားသည့် ၅ ဦး၏ ဈာပန  / မင်းခန့်ဝေ

မုံရွာ သပိတ်စစ်ကြောင်းကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲသဖြင့် သေဆုံးသွားသည့် ၅ ဦး၏ ဈာပန / မင်းခန့်ဝေ

35.8k
VIEWS
Share on FacebookShare on Twitter

မုံရွာမြို့တွင် မတ်လ ၃ ရက်က ဘုရားနီ အနီး သပိတ်စစ်ကြောင်းကို ပစ်ခတ်နှိမ်နင်းရာတွင် ကျဆုံးသူများ ရှိခဲ့ပြီး တချို့ရုပ် အလောင်းများကို ယနေ့တွင် ပြန်လည်ထုတ်ပေးကာ နေ့ချင်းသဂြိုဟ်ရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရသည်။

“အလောင်းက ပြန်ရလာပါပြီ။ ဘယ်အချိန် ဆုံးတယ်ဆိုတာ ကျနော်တို့ သေသေချာချာ မသိဘူး။ ပစ်ခံရလို့ မှန်သွားတာကို ကားပေါ်ကို ဆွဲတင်သွားတာ။ ပစ်ခံရတဲ့ နေရာမှာ ဆုံးသွားတဲ့ သဘောရှိပါတယ်။ အခုကတော့ မုံရွာမြို့ ဆားကျင်း သုဿာန်မှာ ရောက်နေပါပြီ။ မုံရွာမှာ ကျဆုံးတဲ့ အလောင်းတွေကို ဒီနေ့ ချရမယ်လို့ အာဏာပိုင်တွေက ပြောလိုက်တာ ရှိ တာကြောင့်ပါ” ဟု ကဗျာဆရာ ကေဇဝင်း၏ မိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
44
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.1k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
907

ကဗျာ ကေဇဝင်းနှင့် ရှေ့ဆုံးမှ ဒိုင်းကာခဲ့သည့် ကျောင်းသားတဦး၏ ရုပ်အလောင်းကို ယနေ့ မနက် ၁၀ နာရီခန့်တွင် ပြန် ထုတ်ခွင့်ရလာပြီး ဆားကျင်း သုဿာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက် Facebook ပေါ်တွင် ပစ်ခတ်ခံရသူ၂ ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက တရွတ်တိုက် ဆွဲသွား၍ ကားပေါ် တင်သွားသည့် ဗီဒီယိုဖိုင်များ ပျံ့နှံ့လျက်ရှိသည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် ဒရွတ်ဆွဲသွားသည့် သူတဦးမှာ ကဗျာဆရာ ကေဇဝင်း ဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြု ပြောဆိုသည်။

ကဗျာဆရာ ကေဇဝင်း၏ အစ်ကိုဝမ်းကွဲ ဖြစ်သူက “သူ့ကိုထိတဲ့ ဒဏ်ရာကို ကြည့်ရတာကတော့ နားအနောက်ဘက် ဦး ခေါင်းကို ကျည်ထိတာ။ ကျနော့်ညီလိုပဲ ဘယ်သူမှ ဒီလို မဖြစ်စေချင်ဘူး။ အကြမ်းဖက်တာတွေ ရပ်တန့်စေချင်ပါပြီ” ဟု ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်သူ မုံရွာ မြို့နေ ကဗျာဆရာ ကိုကေဇဝင်း ၏ အမည်အရင်းမှာ ချမ်းသာဆွေ ဖြစ်ပြီး စစ်ကိုင်းတိုင်း ဆားလင်းကြီး လက်ပံတောင်းရွာ ဇာတိက ဖြစ်သည်။ ၎င်းသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကဗျာရေးသားခြင်း၊ ကလောင်ခွဲများဖြင့် နိုင်ငံရေးဆောင်းပါးများ ရေးသားခြင်းတို့အပြင် ကျောင်းသားလှုပ်ရှားမှုများနှင့် လက်ပံတောင်းအရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် အမှုဖွင့် ဖမ်း ဆီးခြင်းခံခဲ့ရသူလည်း ဖြစ်သည်။

မုံရွာမြို့တွင် မတ်လ ၃ ရက်က ဘုရားနီ အနီး သပိတ်စစ်ကြောင်းကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင်း သေဆုံးသူ ၉ ဦး ရှိပြီး ၎င်းတို့မှာ မောင်ဇင်မျိုးမောင် (၁၈ နှစ်)၊ မောင်မင်းခန့်ကျော်(ခ) မောင်ဖိုးသဲ (အသက် ၁၇ နှစ်)၊ ကိုဇော်သိန်းအောင် (၂၀ နှစ်)၊ မကျော့နန္ဒာအောင် (၂၅ နှစ်)၊ ကိုမိုးအောင် (၂၃ နှစ်)၊ ကိုဝေယံ (ခ)ကိုကံချွန် (၂၅ နှစ်)၊ ဆရာမ ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာမ ကြည်လင်အေး (၃၆ နှစ်)၊ ကိုနိုင်ဝင်း (၄၅ နှစ်)၊ ကဗျာဆရာ ကေဇဝင်း (၃၉ နှစ်) တို့ ဖြစ်သည်။

မုံရွာ သပိတ်စစ်ကြောင်းကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲသဖြင့် သေဆုံးသွားသည့် ၅ ဦး၏ ဈာပန /မင်းခန့်ဝေ

ယနေ့ မတ်လ ၄ ရက်တွင် နေ့လယ် ၂ နာရီက စ၍ နာရီဝက် တဦးစီဖြင့် ၅ ဦးကို သဂြိုဟ်ခဲ့ပြီး မတ် ၅ ရက်တွင် ကျန်သည့် သူများကို ဆက်လက် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ကျဆုံးသွားသူများ၏ ဈာပနအခမ်းအနားကို မုံရွာမြို့နေပြည်သူလူထုနှင့်အတူ တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မုံရွာမြို့နယ်လုံးဆိုင်ရာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က ထုတ်ပြန်ထားသည်။

ယနေ့တွင် မုံရွာမြို့၌ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူထုက ဆက်လက် ဆန္ဒပြနေကြကြောင်းနှင့် ယခုအချိန်ထိ ပစ်ခတ်ဖြိုခွင်းမှု မရှိသေးကြောင်း မုံရွာမြို့နယ်လုံးဆိုင်ရာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် တဦးက ပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို စစ်တပ်နှင့်ရဲက အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သဖြင့် တနိုင်ငံလုံးအနေဖြင့် ယနေ့ချိန်ထိ သေဆုံးသူ ၅၀ ကျော် ရှိလာပြီဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများအတွက် စုံစမ်းစစ်ဆေးခြင်းမျိုး မပြု လုပ်ဘဲ သေမှုသေခင်းနှင့်ပင် အမှုဖွင့်ထားကြောင်း သိရသည်။

You may also like these stories:

မုံရွာသပိတ် ပစ်ခတ်ဖြိုခွင်းမှု ၅ ဦး သေဆုံး

စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ

Your Thoughts …
Tags: ကဗျာဆရာ ကေဇဝင်းဖြိုခွဲမှုမုံရွာသပိတ်စစ်ကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘုရားနီအနီးတွင် မုံရွာသပိတ်စစ်ကြောင်းကို လူစုကွဲစေရန် ဖြိုခွင်းနေစဉ် / Tuntunaung / Facebook

မုံရွာသပိတ် ပစ်ခတ်ဖြိုခွင်းမှု ၅ ဦး သေဆုံး

by ဧရာဝတီ
3 March 2021
9.6k

မုံရွာမြို့ရှိ လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ ပို့ဆောင် ကုသပေး နေပြီး ပြည်သူများကလည်း အရေးပေါ် သွေးလိုမှုကို ဝိုင်းကူလှူဒါန်းလျက် ရှိကြောင်း၊ အရေးပေါ် အခြေအနေဖြင့် ကုသမှု ခံယူနေရသူများလည်းရှိရာ သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိ

Next Post
စစ်မှုထမ်းမည်ဟု ကတိပြုခဲ့သည့် အနုပညာရှင်များ

ပြည်သူ့တပ် ဖွဲ့စည်းပါက စစ်မှုထမ်းမည်ဟု အနုပညာရှင်များ ကတိပြု

ဆန္ဒပြ စာတန်းတခု ဘေးတွင် အကာအကွယ် ယူနေသည့် အိန်ဂျယ် / Facebook

ကြယ်စင်ကြွေသွားသည့်တိုင်

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

22 hours ago
8.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate