• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောတွင် ARSA တိုက်ခိုက်မှု ဒုအရာခံဗိုလ်တဦး အပါအဝင် ၃ ဦး သေဆုံး

by ဧရာဝတီ
6 March 2021
in သတင်း
A A
--

--

33.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က နယ်စပ်ခြံစည်းရိုး ကာရံရန် ပစ္စည်းများ တင်ဆောင်နေသည့် ကားတစီးအား တိုက်ခိုက်သည့်အတွက် ဒုအရာခံ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်စပ် မိုင်တိုင်အမှတ် ၄၅ အနီးတွင် ခြံစည်းရိုးကာရံနေကြသည့် အမှတ် ၉၄၂ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းမှ ဒုအရာခံဗိုလ် သက်ထွန်းအောင်နှင့် အရပ်သား အလုပ်သားများဖြစ်သည့် ကိုဌေးဝင်း၊ ကိုစံရန်းတို့ ၃ ဦးသည် အနီးဝန်းကျင်ရှိ အောင်ဇံကျေးရွာသို့ သဲယူရန် ကားဖြင့် သွားရောက်စဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသအာဏာပိုင် များက ပြောသည်။

မောင်တောခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က “သူတို့ မိုင်တိုင် ၄၅ အနီးမှာ ခြံစည်းရိုးကာနေတာ။ အဲဒီမှာ သဲ ကုန်သွားတော့ ကားနဲ့ သဲသွားတိုက်တဲ့အချိန် မိုင်တိုင် ၄၅ နဲ့ အောင်ဇံရွာကြားမှာ ကားကို ဝိုင်းပစ်တာ။ အရာခံဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးတယ်။  အဲဒီဘက်မှာ AA လှုပ်ရှားတာလည်း မရှိဘူး။ အရင်ကတည်းက ARSA လှုပ်ရှားတဲ့နေရာ ဆိုတော့ ARSA လုပ်တါပဲ ဖြစ်ပါမယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ တိုက်ခိုက်ပစ်ခတ် ခံရမှုကြောင့် ၎င်းတို့ ၃ ဦးလုံး အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ကတည်းက လိုက်လံကာ နယ်မြေရှင်းလင်းရေး လုပ်ဆောက်လျက် ရှိကြောင်း၊ သေဆုံးသွားသူ အလုပ် သမား ကိုဌေးဝင်း (၁၈ နှစ်) သည် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှဖြစ်ပြီး ကိုစံရန်း (၁၇ နှစ်) သည် ဘောင်းကျေးရွာ မှဖြစ်ကာ နှစ်ဦးစလုံး မြိုတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဟု အမည်ပေးထား သော ARSA အဖွဲ့ဝင်များသည်  မောင်တောမြို့နယ်အတွင်း ရှိ ခမောင်းဆိပ်၊ ဝေလာတောင်နှင့် တမန်းသားအထက်တို့တွင် ဝင်ရောက်လှုပ်ရှားလေ့ရှိပြီး မေယုတောင်ကြော၌လည်း သင် တန်းများဖွင့်ကာ တပ်ဖွဲ့ဝင်များ စုဆောင်ခြင်း၊ တချို့ မွတ်စလင် ကျေးရွာများသို့ ဝင်ရောက်ကာ အဓမ္မ ဆက်ကြေး  ကောက်ခံမှုများ ရှိကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာ ၉ ရက်တုန်းကလည်း မောင်တောမြို့နယ် မင်္ဂလာညွန့် ကျေးရွာသား ၁ ဦးမှာ ယင်းကျေးရွာ အနီး ဝေလာတောင် ကျေးရွာသို့  ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ARSA အဖွဲ့နှင့်တွေ့၍ ထွက်ပြေးလာခဲ့ရပြီး ၎င်း၏ ဆိုင် ကယ်မှာ မီးရှို့ခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။

၂၀၂၀ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မောင်တောမြို့ နယ် ခရေမြိုင် ကျေးရွာသားများသည် ယင်းမြို့နယ် အတွင်း ရှိ သာယာကုန်းကျေးရွာတွင် ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်စဉ် ARSA အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက်မှု ကြောင့် ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ARSA အဖွဲ့သည် ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့တွင် အမှတ် ၁ နယ်ခြားစောင့်ဌာနချုပ် (ကျီးကန်းပြင်) နှင့် ကိုး တန်းကောက် ရဲစခန်း၊ ငါးခူရ ရဲစခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး လက်နက် မျိုးစုံ ၄၈ လက်နှင့် ကျည်မျိုးစုံ ၆၆၂၄ တောင့် ဆုံးရှုံးခဲ့ကြောင်း အစိုးရက အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း သတင်း ထုတ် ပြန်ခဲ့သည်။

၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ကလည်း  ARSA အဖွဲ့သည် ကိုဖီအာနန် အကြံပေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာ ထွက် ပေါ်လာသည်နှင့် တပြိုက်နက် နယ်ခြားစောင့်တပ်စခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစူးစိုက်မှု ကို အချိန်ကိုက် ရယူခဲ့သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
25
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

You may also like these stories:

မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို

Your Thoughts …
Tags: ARSAတိုက်ခိုက်မောင်တောသေဆုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

by ဧရာဝတီ
12 December 2024
22.5k

အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု

by အေးချမ်းဆု
28 November 2024
7.1k

တိုက်ပွဲကြီး အားလုံးတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူ အလွန်အကျွံ သုံးနေသော်လည်း တောင့်ခံနိုင်ခြင်းမရှိဘဲ တောက်လျှောက် ဆုတ်ခွာနေရသည်။

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

by ဧရာဝတီ
21 July 2023
6.7k

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများ တွင် ဆက်နွယ်မှုရှိသည်

Next Post
အာဏာရှင် စံနစ်ကို အမြစ်ဖြတ် တွန်းလှန် တိုက်ဖျက်ဖို့လိုတယ် (ရုပ်/သံ)

အာဏာရှင် စံနစ်ကို အမြစ်ဖြတ် တွန်းလှန် တိုက်ဖျက်ဖို့လိုတယ် (ရုပ်/သံ)

ရဲတပ်ဖွဲ့ကို လက်ငှားပြီး အသုံးချနေတဲ့ အတွက် CDM လှုပ်ရှားဖြစ်တာပါ (ရုပ်/သံ)

ရဲတပ်ဖွဲ့ကို လက်ငှားပြီး အသုံးချနေတဲ့ အတွက် CDM လှုပ်ရှားဖြစ်တာပါ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved