• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို

by ခိုင်ရိုးလ
22 January 2021
in သတင်း
A A
မောင်တော ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အောင်သုခကျေးရွာသား၂ ဦး / ဒေသခံတဦး

မောင်တော ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အောင်သုခကျေးရွာသား၂ ဦး / ဒေသခံတဦး

18.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စုမှ အောင်သုခကျေးရွာသား ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့မှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ရိုက်နှက်ခံရသူများမှာ ဦးကျော်ဇောအောင် အသက် ၅၃ နှစ်နှင့် ကိုမင်းသန်းထွန်း အသက် ၃၆ နှစ်တို့ဖြစ်ပြီး ယခုလ ၂၁ ရက်နေ့က နေအိမ် ခြံစည်းရိုးကာရန် မေယုတောင်ကြောတွင် ဝါးသွားခုတ်နေကြစဉ် အဆိုပါလက်နက်ကိုင် အဖွဲ့နှင့် တွေ့ပြီး ဖမ်းဆီးရိုက်နှက်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။

ကိုမင်းသန်းထွန်းက “သူတို့ လူ ၅ ယောက်က ဝိုင်းရိုက်ကြတာ။ ခင်ဗျားတို့ကို သေအောင် သတ်ပြီး ငါတို့ ဘင်္ဂလားကို ပြေး သွားရင် လွတ်ပြီလို့ ပြောကြတယ်။ သတ်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်ကြတာ။ သူတို့ အချင်းချင်း မွတ်စလင် စကားပြောနေကြတာ။ ကျနော်တို့ ဆီကိုတော့ ဗမာစကားနဲ့ ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။

၎င်းတို့ ၂ ဦးအား နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီခန့်အထိ မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်ကာ သေနတ်၊ ဝါးချွန်အပြင် ခြေလက်တို့ဖြင့် ထုထောင်း၊ ထိုးနှက်မှုများရှိခဲ့ကြောင်း ထို့နောက် ၃ နာရီခန့်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ တဦးထံမှ ဖုန်းဆက်လာမှုကြောင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ကိုမင်းသန်းထွန်းက ရှင်းပြသည်။

ကိုမင်းသန်းထွန်း က “သူတို့ပြောတာက မင်းတို့က အိုးအိမ်တွေနဲ့ နေရတယ်။ ငါတို့က အိုးအိမ်တွေနဲ့ မနေရလို့ ပြောပြီး၊ ဘာလို့ တောနက်ထဲကို လာကြတာလဲလို့ ပြောတယ်။ အစက သူ့ဆရာက သေအောင် သတ်ခိုင်းရင် သတ်မယ်လို့ ပြော ကြတာ နောက်မှ သူတို့ဆီကို ဖုန်းခေါ်လာတော့ သွားတော့ ဆိုပြီး ပြန်လွှတ်လိုက်တာ” ဟု ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
74
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
89

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ကိုမင်းသန်းထွန်းတွင် နံရိုးများ ကျိုးသွားခြင်း၊ ဘယ်ဘက်ခြေထောက်တွင် ဝါးချွန်ဖြင့် ထိုးခံရ သည့်ဒဏ်ရာအပြင် ဘယ်လက်ကျိုးသွားခဲ့သလို၊ ဦးကျော်ဇောအောင်တွင်လည်း ရင်ဘတ်နှင့် ခန္ဓာကိုယ်အပြင် နံရိုးများ ကျိုးခြင်း စသည့် ဒဏ်ရာများ ပြင်းထန်သည့်အတွက် လက်ရှိတွင် အသက်ရှုကျပ်နေပြီး အောက်စီဂျင်သွင်းပေးကာ ဆေး ကုမှု ခံယူနေကြရသည်။

ရိုက်နှက်ခံရသူတို့မှာ မိမိကျေးရွာအတွင်း မည်သည့် အဖွဲ့အစည်းနှင့်မှ ဆက်သွယ်မှုမရှိဘဲ အေးချမ်းစွာ ကြုံရာကျပန်း လုပ် ကိုင်စားသောက်နေသူများ ဖြစ်ပြီး အပြစ် တစုံတရာ မရှိကြောင်း ဒေသခံများက ပြောသည်။

ကိုမင်းသန်းထွန်း ယောက္ခမ ဦးမောင်စိန်နုက “အဲဒီဘက်မှာ အရင်တုန်းကလည်း မွတ်ဆလင် လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်လို့တော့ ကြားတယ်။ အာဆာအဖွဲ့လို့လည်း သတ်မှတ်လို့ ရတယ်။ သူတို့ မဟုတ်ရင် ရခိုင်ကို ရခိုင်အဖွဲ့တွေ ဘာမှ အပြစ် မရှိဘဲ မရိုက်လောက်ဘူး။ ဗမာတွေလည်း မရိုက်ဘူး။ ဒါကြောင့် အာဆာပဲ ဖြစ်တယ်။ အရင်တုန်းကလည်း ရွာသားတွေကို ဖမ်းပြီး တောထဲကို မလာနဲ့ ဆိုပြီး ပြောတာတွေရှိတယ်” ဟု ပြောသည်။

ယင်းသို့ တောထဲဝင်ကာ ဟင်းရှာ၊ သစ်ခုတ်သည့် ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီး ရိုက်နှက်ခြင်းများ ထပ်မံဖြစ်လာမည်ကို ရွာသူ၊ ရွာသားများက စိုးရိမ် ကြောက်လန့်မှုများ ရှိနေကြောင်းလည်း သိရသည်။

သို့သော်လည်း လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ရှိ ကျေးရွာတို့တွင် တည်ငြိမ်လျက်ရှိပြီး တောတောင်များတွင်သာ ယင်းကဲ့သို့ဖြစ်စဉ် အချို့ ရှိနေခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်မှာ ARSA ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်းလည်း ဒေသ အုပ်ချုပ်းရေးအဖွဲ့ဝင် များကလည်း ထင်မြင်ချက်ပေးကြသည်။

မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “အဲဒီဘက်မှာ မွတ်ဆလင် လက်နက်ကိုင်ဆိုတော့ ARSA ဖြစ်မှာပေါ့။ အဲဒီ နေရာ မောင်တောတောင်ပိုင်း အင်းဒင်နား မေယုတောင်ကြောတွေမှာ အရင်တုန်းကလည်း ရှိခဲ့တယ်။ ကတုတ်ကျင်းတွေ တူးပြီး၊ ဂူတွေတူးထားတာတွေ ရှိခဲ့တယ်လေ။ ဒီမှာတော့ မြို့တို့ရွာတို့မှာကျတော့ ဒေသအခြေအနေတွေ အေးချမ်းပါတယ်။ တောထဲတောင်ထဲ ဆိုတော့ ပြောမရဘူးပေါ့” ဟု ဆိုသည်။

အောင်သုခ ကျေးရွာသား ၂ ဦးကို ရိုက်နှက် နှိပ်စက်ခဲ့သူတို့မှာ အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံများက ထင်မြင်နေကြသော်လည်း ယင်းအဖွဲ့အစည်းအား မည်သူမည်ဝါ ဖြစ်သည်ကို ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပေ။

သို့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်ကလည်း မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာသား ၁ ဦးမှာ ကျေးရွာ အနီး ဝေလာတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အာဆာအဖွဲ့နှင့် တွေ့၍ ထွက်ပြေးလာခဲ့ရပြီး ဆိုင်ကယ်မှာ မီးရှို့ခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။

ယင်းပြင် နိုဝင်ဘာလ ၁၇ ရက်ကလည်း မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာသားများသည် သာယာကုန်းကျေးရွာတွင် ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားကာ ကလေးငယ် တဦး အပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အပြင် ဘူးသီးတောင်၊ ရသေ့ တောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် ARSA အဖွဲ့ဝင်များသည် လူအင်အား၊ လက်နက်အင်အားဖြင့် မကြာခဏ ဆိုသလို ချောင်းမြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်လျက် ရှိသည်ကို တွေ့နေရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

You may also like these stories:

မောင်တောတွင် မိုင်းပေါက်ကွဲ ၃ ဦးသေ၊ ၆ ဦး ဒဏ်ရာပြင်းထန်

သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်

Your Thoughts …
Tags: ARSAမောင်တောရခိုင်ပြည်နယ်
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

by ဧရာဝတီ
12 December 2024
22.5k

အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

Next Post
ဇန်နဝါရီ ၁၂ ရက် ပအိုဝ်းတိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ တောင်ကြီးရှိ NLD ရုံးသို့ သွားရောက်တွေ့ဆုံခဲ့စဉ် / National League for Democracy - Shan State

NLD နဲ့ တိုင်းရင်းသားပါတီများကြားက ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေး

ထိုင်ဝမ်ရဲ့ နာမည်ကျော် ပြည်တွင်းထုတ်ကုန်များ

ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော် ပြည်တွင်းထုတ်ကုန်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved