ဆောင်းပါး

NLD နဲ့ တိုင်းရင်းသားပါတီများကြားက ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေး

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာအစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ရွှေ့ဆိုင်းရတိုင်း ထိုညှိနှိုင်းမှုအတွက် ကြန့်ကြာစေသောအချက်တခုတွင် နေရာရွေးချယ်မှု သို့မဟုတ် အစည်းအဝေးကျင်းပမည့်နေရာအတွက် အငြင်းပွားမှုသည် အတားအဆီးတခု ဖြစ်လေ့ရှိသည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ စေ့စပ်ညှိနှိုင်းသူများက ကြားခံ တတိယ နေရာတွင် ဆွေးနွေးရန် ပို လိုလားကြသည်။ ဥပမာ ၂၀၁၉ ခုနှစ်က အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် နေရာရွေးချယ်မှုအပေါ် အငြင်းပွားပြီး နှောင့်နှေးခဲ့ရဖူးသည်။

ထိုအငြင်းပွားမှုသည် အရှိန်ရနေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ထိခိုက်ခဲ့သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေးကို သာမက ဆယ်စုနှစ် ၇ ခုကြာ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် နိုင်ငံရေးအဖြေရှာနေရန် ကြိုးစားနေသည့် တိုင်းပြည်၏ နောက်ဆက်တွဲ နိုင်ငံရေးဆွေးနွေးပွဲများပါ တုံ့ဆိုင်းစေခဲ့သည်။

ဆွေးနွေးပွဲနေရာရွေးချယ်ခြင်းသည် ယနေ့တိုင် အတားအဆီး ဖြစ်နေသေးသည်။ သို့သော် ယခုတကြိမ် အငြင်းပွားမှုမှာ နိုင်ငံရေးပါတီများအကြား အတိအကျဆိုရပါက အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် တိုင်းရင်းသား အုပ်စုအမျိုးမျိုးကို ကိုယ်စားပြုသော နိုင်ငံရေးပါတီများအကြားတွင် ဖြစ်သည်။

NLD သည် တိုင်းရင်းပါတီများနှင့် ဆွေးနွေးပွဲများ ကျင်းပရန် ပါတီထိပ်တန်းခေါင်းဆောင်များမှ သုံးဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပါတီ၏ တိုင်းရင်းသားရေးရာ ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ဦးအင်ထုံးခါးနော်ဆမ် တို့ပါဝင်သော အဖွဲတဖွဲ့ကို ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီးနောက် ရက်အနည်းငယ်အကြာ နိုဝင်ဘာလ ၁၂ ရက်တွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို ပိုမို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် အာဏာရပါတီနှင့် ပူးပေါင်းလုပ်ဆောင်ပါရန် တိုင်းရင်းသားပါတီ ၄၈ ခုသို့ NLD က အဆိုပြု ကမ်းလှမ်းခဲ့သည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှု ရရှိရေးသည် NLD ၏ ဒုတိယသက်တမ်းအတွင်း အရေးပါသော ရည်မှန်းချက်များ ဖြစ်သည်။ ဇန်နဝါရီ ၁၄ ရက်နေ့အထိ တိုင်းရင်းသားပါတီ ၂၂ ခုက ထိုကမ်းလှမ်းမှုကို တုံ့ပြန်ထားသည်။

NLD သည် တိုင်းရင်းပါတီများနှင့် ဆွေးနွေးပွဲများ ကျင်းပရန် ပါတီထိပ်တန်းခေါင်းဆောင်များမှ သုံးဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပါတီ၏ တိုင်းရင်းသားရေးရာ ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ဦးအင်ထုံးခါးနော်ဆမ် တို့ပါဝင်သော အဖွဲတဖွဲ့ကို ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သည်။

အာဏာရပါတီ၏ ဆက်သားများ

၎င်းတို့၏ တခုတည်းသောတာဝန်မှာ တိုင်းရင်းသားပါတီများ၏ အမြင်သဘောထားကို နားထောင်ရန်နှင့် ဆွေးနွေးချက်များကို NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) သို့ တင်ပြရန်သာဖြစ်ပြီး ထို CEC ကော်မတီကသာ ဆုံးဖြတ်ချက်များ ချမှတ်မည် ဖြစ်သည်။ သို့သော် ပါတီများ၏ အသံများ နားထောင်ခြင်းသည်ပင် အမျိုးသားညီညွတ်ရေး အစိုးရတရပ်ဖွဲ့စည်းရေးတွင် အရေးပါသော ခြေလှမ်းတခုဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရဟူသော အယူအဆကို လက်ရှိအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမတိုင်မီက စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက် တောင်ကြီးရှိ NLD ရုံးတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ NLD အဖွဲ့နှင့် ဦးစိုင်းလိတ် ဦးဆောင်သော SNLD အဖွဲ့ တွေ့ဆုံစဉ်/ National League for Democracy-Shan / Facebook

NLD ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသစ် တည်ဆောက်ရေးနှင့် ပတ်သက်သည့် တိုင်းရင်းသားပါတီများ၏ အမြင်များကို စုဆောင်းပြီး လာမည့်အစိုးရနှင့် လွှတ်တော်ဖွဲ့စည်းမှုတွင် ၎င်းတို့ထံမှ အကြံပြုချက်များကို နားထောင်မည်ဟု NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဧရာဝတီ သတင်းဌာနသို့ ပြောကြားထားသည်။

ဒေါက်တာမျိုးညွန့်က ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်ထောင်စုသစ်တည်ဆောက်ရေးတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏အမြင်ကို ထင်ဟပ်သင့်သောကြောင့် ၎င်းတို့၏ သဘောထားရယူခြင်းသည် တွေ့ဆုံရခြင်း၏ အရေးကြီးဆုံးအချက် ဖြစ်သည်ဟု ဆိုသည်။ ဒီမိုကရေစီမူများနှင့် ဖက်ဒရယ်အခြေခံ မူများကို အခြေခံသော အနာဂတ်ပြည်ထောင်စု ထူထောင်ခြင်းသည် NLD အစိုးရ၏ နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများ၏ ဗဟိုချက်ဖြစ်သည်။

ထို့အပြင် ဒေါက်တာမျိုးညွန့်က ပါတီများနှင့်တွေ့ဆုံရသည့် အချက်တွင် “တိုင်းရင်းသား နိုင်ငံရေးပါတီတချို့က မကြာခင် ဖွဲ့စည်းတော့မယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ သူတို့ ပါဝင်ချင်တဲ့ ဆန္ဒလည်း ရှိကောင်း ရှိမှာပေါ့။ အဲ့လို ရှိတယ်ဆိုလည်း သူတို့ရဲ့ တင်ပြချက်ကို ကျနော်တို့က လက်ခံရယူပြီးတော့ လွှတ်တော်နဲ့ အစိုးရဖွဲ့တဲ့အခါ ထည့်သွင်းစဉ်းစားစရာ တခုအဖြစ် ကျနော်တို့ ရယူသွားမှာဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

၂၀၁၅ မှ သင်ခန်းစာများယူခြင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော NLD သည် ထိုနှစ်က ယခုကဲ့သို့ နိုင်ငံရေးကမ်းလှမ်းမှုများကို လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ထိုသို့မလုပ်သောကြောင့် NLD နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများအကြား အကွဲအပြဲ ဖြစ်စေခဲ့သည်။ ထိုသင်ခန်းစာအရ ယခုအကြိမ်တွင် NLD သည် ဧပြီလ အစိုးရသစ် မစတင်မီ တိုင်းရင်းသားပါတီများ ပါဝင်နိုင်အောင် လုပ်ဆောင်နေသည်။

NLD ၏ အမြင်အရ ဖိတ်ကြားခံဧည့်သည်ဖြစ်သော ဒေသခံပါတီများကို NLD က အိမ်ရှင်အဖြစ် ပါတီရုံးခန်းကို လာရောက်ရန် ဖိတ်ကြားခြင်း ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

တွေ့ဆုံပြောဆိုမှုလုပ်ရန် စိတ်ထက်သန်မှုရှိသော်လည်း NLD က ထိုတွေ့ဆုံမှုများကို ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်အခြေစိုက် ပါတီရုံးခွဲများတွင်သာ ပြုလုပ်ရန် တင်းခံနေဆဲ ဖြစ်သည်။

NLD ၏ အမြင်အရ ဖိတ်ကြားခံဧည့်သည်ဖြစ်သော ဒေသခံပါတီများကို NLD က အိမ်ရှင်အဖြစ် ပါတီရုံးခန်းကို လာရောက်ရန် ဖိတ်ကြားခြင်း ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့သည် ဒေသခံပါတီများနှင့် တွေ့ဆုံရန် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ ယခုလအစောပိုင်းကတည်းက စတင် သွားရောက်ခဲ့သည်။ ထိုပါတီများအားလုံးသည် သက်ဆိုင်ရာ လူမျိုးစု အသိုင်းအဝန်းတွင် ခိုင်မာသော ထောက်ခံမှုရရှိထားသည့် ပါတီများ ဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက် တောင်ကြီးရှိ NLD ရုံးတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ NLD အဖွဲ့နှင့် ဝ၊ လားဟူနှင့် ရှမ်း ၃ ပါတီကိုယ်စားလှယ်များ တွေ့ဆုံစဉ်/ National League for Democracy-Shan / Facebook

ဇန်နဝါရီ ၁၅ ရက်နေ့အထိ NLD ကိုယ်စားလှယ်အဖွဲ့သည် ကချင်၊ လီဆူး၊ ရှမ်း၊ လားဟူ၊ ဝ၊ ပအိုဝ်း၊ တအန်းနှင့် ကယန်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် ပါတီ ၁၀ ခုနှင့် သီးခြားစီတွေ့ဆုံပြီး ဖြစ်သည်။ ထိုတွေ့ဆုံမှုတိုင်းကို NLD ၏ ပြည်နယ်အခြေစိုက်ရုံးများတွင် ပြုလုပ်သည်။

မအောင်မြင်သော တွေ့ဆုံမှုများ

သို့သော် NLD ရုံးများတွင်သာ တွေ့ဆုံဆွေးနွေးသည့် မူဝါဒသည် အချို့ တိုင်းရင်သားပါတီများကို စိတ်ပျက်စေသည်။

NLD က ရွေးချယ်သောနေရာကို လက်မခံနိုင်သောကြောင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် စီစဉ်ထားသည့် NLD နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့အကြား တွေ့ဆုံမှုနှင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စီစဉ်ထားသည့် NLD နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့အကြား တွေ့ဆုံပွဲများကို မကျင်းပဖြစ်ပေ။

၎င်းတို့၏ မဲဆန္ဒနယ်များတွင် လူထုထောက်ခံမှု အခိုင်အမာရရှိကြသော MUP နှင့် KySDP တို့က ကြားနေရာတခုခုတွင် ဆွေးနွေးခြင်းသည် ပိုမိုလွတ်လပ်မည်ဟု ပြောသည်။ ထို့အပြင် ပါတီတခုချင်းဆီမှ ရွေးကောက်ပွဲအနိုင်ရသည့် ကိုယ်စားလှယ်များကိုသာ NLD က တွေ့ဆုံမည်ဆိုသော အချက်ကိုလည်း ထိုပါတီ နှစ်ခုက လက်မခံပေ။

ထိုသို့ အပေးအယူ အလျှော့အတင်း မရှိခြင်းအတွက် NLD နှင့် တိုင်းရင်းသာပါတီ နှစ်ခုစလုံး ဝေဖန်ပြစ်တင်ခံကြရသည်။

ထိုသို့သော ဝေဖန်မှုများအကြားတွင် MUP အထွေထွေအတွင်းရေးမှူး နိုင်စံတင်က ၎င်းတို့ပါတီသည် ကြားနေရာတခုတွင် နှစ်ပါတီတွေ့ဆုံရေးမူကို ဆုပ်ကိုင်ထားကြောင်းနှင့် ပါတီတခုခု၏ ရုံးတွင် တွေ့ဆုံခြင်းသည် မသင့်တော်ဟု ပြောဆိုခဲ့သည်။

အကြောင်းပြချက်တွင် NLD သည် တိုင်းရင်းသားပါတီများကို လက်အောက်ခံဖြစ်စေလိုပြီး ပူးပေါင်းဆောင်ရွက်ရမည့်အစား တောင်းဆိုမှုများသာ လုပ်နေသည်ဟု ဆိုကာ အနိုင်ရပါတီအနေဖြင့် အသာစီးရရန် ကြိုးစားနေသည်ဟု စွပ်စွဲသည်။

MUP နှင့် မပြေလည်သကဲ့သို့ပင် နောက် ရက်သတ္တပတ် တပတ်ကျော်အကြာတွင် KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကလည်း ၎င်းတို့ပါတီသည် NLD နှင့် တတိယနေရာတခုတွင်သာ တွေ့မည်ဟု ဆိုသည်။

အကြောင်းပြချက်တွင် NLD သည် တိုင်းရင်းသားပါတီများကို လက်အောက်ခံဖြစ်စေလိုပြီး ပူးပေါင်းဆောင်ရွက်ရမည့်အစား တောင်းဆိုမှုများသာ လုပ်နေသည်ဟု ဆိုကာ အနိုင်ရပါတီအနေဖြင့် အသာစီးရရန် ကြိုးစားနေသည်ဟု စွပ်စွဲသည်။

ထိုသို့သော ပြောဆိုချက်ကို ဒေါက်တာအောင်မိုးညိုက ပယ်ချပြီး NLD ၏ ရည်မှန်းချက်မှာ လွှမ်းမိုးရန် မဟုတ်ဘဲ ဒေသခံပါတီများ ပြောကြားလိုသည်များကို ဂရုတစိုက် နားထောင်လိုသဖြင့် ပါတီများနှင့် တွေ့ဆုံလိုခြင်းဟု တုံ့ပြန်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စတင်မည့် လွှတ်တော်သစ်မခေါ်မီ မွန်ပြည်နယ်သို့ ပြန်သွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

အက်ရာများနှင့် ဆက်ဆံရေး

ထိုသို့ နှစ်ဖက် မလိုက်လျောနိုင်မှုသည် မကြာသေးခင်နှစ်များက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များမှ အရင်းခံလာခြင်း ဖြစ်ပုံရသည်။

NLD ၊ မွန်နှင့် ကရင်နီ တိုင်းရင်းသားလူများစုများအကြား ဆက်ဆံရေးသည် NLD ဥက္ကဌနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အမွေအနှစ်ကို မြှင့်တင်ရေး NLD ၏ ကြိုးပမ်းမှုများကြောင့် လွန်စွာ ထိခိုက်ခဲ့ရသည်။

ဇန်နဝါရီ ၁ ရက် မြစ်ကြီးနားရှိ NLD ရုံးတွင် ကချင်နှင့် လီဆူ ပါတီကိုယ်စားလှယ်များနှင့် NLD ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်/ National League for Democracy-Kachin / Facebook

၂၀၁၇ ခုနှစ်တွင် ဒေသခံ မွန်တိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ မော်လမြိုင်နှင့် ချောင်းဆုံကို ဆက်သွယ်သည့် ၁.၅ ကီလိုမီတာရှည်သော သံလွင်မြစ်ကူးတံတားကို NLD က ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားတည်ကြည်မှုကို ဂုဏ်ပြုရန်၊ သူ၏ အမွေအနှစ်ကို သတိရစေရန်နှင့် သူစတင်ခဲ့သော ပြည်ထောင်စုစိတ်ဓါတ်ကို အထိမ်းအမှတ်ပြုရန် ဟု NLD က ရည်ရွယ်သည်။

တိုင်းရင်းသား လူနည်းစု ဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုမှုသည် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သော်လည်း အာဏာရ NLD သည် သင်ခန်းစာယူခြင်း မရှိပေ။ ကယားပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်တွင် ဒေသခံများ၏ ဆန္ဒကို ဆန့်ကျင်ကာ လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စိုက်ထူပြန်သည်။

ထိုလုပ်ရပ်က ကယားပြည်နယ်အစိုးရနှင့် ဒေသခံလူငယ်များအကြားတွင် နိုင်ငံရေးတင်းမာမှုများကို ဖြစ်စေသည်။ ထိုရုပ်တု စိုက်ထူခြင်းကို ဆန့်ကျင်သူများအား ပြည်နယ်အစိုးရက ဖြိုခွင်းမှုဖြင့် တုံ့ပြန်ကာ ဖမ်းဆီးထောင်ချသည်။ ထိုသို့ နိုင်ငံရေးတွက်ချက်မှု အမှားအယွင်းသည် ၂၀၁၅ ခုနှစ်က NLD ကို ထောက်ခံသည့် လူငယ်အများအပြားကို စိတ်ပျက်စေပြီး၊ ၂၀၂၀ တွင် ၎င်းတို့ ရပ်တည်ချက်ပြောင်းကာ ဒေသခံ KySDP ပါတီကို ထောက်ခံကြသည်။

သို့သော် ၎င်းက KySDP သည် နိုင်ငံရေး ပါးနပ်မှု ကင်းမဲ့သည်ဟု ရှုမြင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တွေ့ဆုံမှုမရှိခြင်းက NLD က အဆိုပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ၎င်းတို့ ရပ်တည်ချက်ကို ပြောရန်နှင့် အဓိက တိုင်းရင်းသားရေးရာ ပြဿနာများကို ပြောဆိုခွင့် ဆုံးရှုံးသည်ဟု ဆိုသည်။

လတ်တလော တွေ့ဆုံမှုပျက်ခဲ့ရသည့်အပေါ် NLD တွင် ရည်ရွယ်ချက်ကောင်း စိတ်စေတနာကောင်း ရှိသော်လည်း တိုင်းရင်းသားများ၏ ထောက်ခံမှုကို ရရှိအောင်ကြိုးစားရာတွင် အားနည်းချက်များရှိသည်ဟု ကယားပြည်နယ်မှ ပါတီများနှင့်နီးစပ်သည့် အမည်မဖေါ်လိုသော သတင်းရင်းမြစ်တခုက ဆိုသည်။

သို့သော် ၎င်းက KySDP သည် နိုင်ငံရေး ပါးနပ်မှု ကင်းမဲ့သည်ဟု ရှုမြင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တွေ့ဆုံမှုမရှိခြင်းက NLD က အဆိုပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ၎င်းတို့ ရပ်တည်ချက်ကို ပြောရန်နှင့် အဓိက တိုင်းရင်းသားရေးရာ ပြဿနာများကို ပြောဆိုခွင့် ဆုံးရှုံးသည်ဟု ဆိုသည်။

နိုင်ငံရေးပါတီများအကြား တွေ့ဆုံပြောဆိုရေးအတွက် စိန်ခေါ်ချက်သည် ဆွေးနွေးမည့်နေရာ မသတ်မှတ်နိုင်ဘဲ ပျက်ခဲ့ရသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတချို့နှင့် ပုံစံတူလာကြောင်း ၎င်းက ဆိုသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဒေသခံပါတီများအကြား ဆက်သွယ်ပေးရသည့် ဒေါက်တာ အောင်မိုးညို ဦးဆောင်သောအဖွဲ့ကို ဒေသခံပါတီများနှင့် တွေ့ဆုံရေးရည်မှန်းချက် အောင်မြင်ရေးအတွက် လုပ်သာကိုင်သာ လုပ်ပိုင်ခွင့် အခွင့်အာဏာပေးအပ်ခဲ့သင့်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

လတ်တလော မပြေလည်မှုများက NLD သည် ၎င်းတို့ကိုယ်စားလှယ်အဖွဲ့အား အဓိကနှင့် သာမည အချက်များ ခွဲခြား သတ်မှတ်ပေးကာ တွေ့ဆုံမည့်နေရာကဲ့သို့ သာမည အချက်များကို ညှိနှိုင်းပြင်ဆင်ခွင့်ရှိသည့် မူဝါဒ ချမှတ်ထားခြင်း မရှိကြောင်းကို ပြသနေသည်ဟု နိုင်ငံရေးသုတေသီ ဦရဲထွန်းက သုံးသပ်သည်။ ထိုအစား NLD သည် ဆွေးနွေးရန် သတ်မှတ်ထားသည့် နေရာကိုသာ အသေဆုပ်ကိုင်နေသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ၉ နှစ်ကြာ အတွေ့အကြုံရှိသော ဦးမျိုးဝင်းက ဆွေးနွေးမည့် တွေ့ဆုံဆွေးနွေးမှုတိုင်းတွင် ပြောဆိုညှိနှိုင်းမည့် အကြောင်းအရာသည် ဆွေးနွေးမည့်နေရာထက် ပိုမိုအရေးကြီးပြီး၊ ယခု NLD အနေဖြင့်လည်း သတ်မှတ်နေရာတွင်သာ တွေ့ဆုံလိုခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူများကိုသာ တွေ့ဆုံမည်ဆိုသော ကြိုတင်သတ်မှတ်ချက်များ မရှိသင့်ဟု ဆိုသည်။

သူတို့ ဘာကြောင့် တွေ့ကြသလဲ

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာက “နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးက နေရာထက်ပို အရေးကြီးတယ်” ဟု ပြောဆိုသည်။

အစည်းအဝေးကျင်းပမည့်နေရာ သတ်မှတ်ချက်နှင့် ပတ်သက်သည့် NLD ၏ တင်းမာသော သဘောထားကို မနှစ်မြို့ကြသော်လည်း ထိုသို့တွေ့ဆုံခြင်းသည် ဖက်ဒရယ်စနစ်နှင့် တိုင်းရင်းသားအရေးကို ဆွေးနွေးရန် တိုင်းရင်းသားပါတီများအတွက် အခွင့်အလမ်း ဖန်တီးပေးသောကြောင့် တွေ့ဆုံရေးသည် အရေးကြီးသည်ဟု နိုင်ငံရေးသမား အများစုက ယူဆသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာက “နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးက နေရာထက်ပို အရေးကြီးတယ်” ဟု ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုတွင် KSPP က ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် NLD ၏ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေးတို့နှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားများကို ပြောခဲ့သည်။ KSPP ပါတီသည် မြစ်ကြီးနားတွင် NLD နှင့် ပထမဆုံးတွေ့ဆုံသည့် ပါတီ ၃ ခုအနက်တခု ဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက်က ရှမ်းပြည်နယ်တွင် NLD နှင့် တွေ့ဆုံသည့် တအန်းနှင့် ပအိုဝ်းတိုင်းရင်းသားပါတီ ကိုယ်စားလှယ်များက ပြည်ထောင်စုရေးရာများကို ဦးစားပေးသည့်အတွက် NLD ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ဇန်နဝါရီ ၁၄ ရက် တောင်ကြီးရှိ NLD ရုံးတွင် ကယန်းအမျိုးသားပါတီ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံအပြီး/ National League for Democracy-Shan / Facebook

အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ၎င်းတို့သည် NLD နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောခွင့်ရသူနှင့် အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်က ဇန်နဝါရီ ၁၅ ရက်က NLD နှင့် တွေ့ဆုံမှု အပြီးတွင် ပြောဆိုခဲ့သည်။ SNLD သည် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး တနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၂ နေရာနိုင်ပြီး တနိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရပါတီ ဖြစ်သည်။ သောကြာနေ့ တွေ့ဆုံမှုမတိုင်မီကလည်း NLD နှင့် ဇန်နဝါရီလ ၇ ရက်နေ့တွင်တကြိမ်၊ ၁၄ ရက်နေ့တွင်တကြိမ် စုစုပေါင်း ၂ ကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်နှင့် ကယားပြည်နယ်တွင် တွေ့ဆုံမှု မဖြစ်ခဲ့သည့်အတွက် ထိုသို့မဖြစ်လိုကြောင်းနှင့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်သည့် ၎င်းတို့ပါတီ၏သဘောထားကို ပြောကြားခဲ့ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ ထို့အပြင် SNLD က မွန်နှင့် ကယားပါတီများနှင့် NLD အကြား တွေ့ဆုံနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးရန်လည်း ကမ်းလှမ်းခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း NLD ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်နယ်မှ ပါတီများအကြား တွေ့ဆုံမှုများ အောင်အောင်မြင်မြင် ဖြစ်ခဲ့ခြင်းသည် NLD ၏ အမျိုးသားညီညွတ်ရေး အစိုးရသစ်တွင် ရွေးကောက်ပွဲအနိုင်ရ ပါတီများမှ တိုင်းရင်းသားနိုင်ငံရေးသမားများ ပိုမိုပါဝင်လာမည့် လက္ခဏာဖြစ်နိုင်သည်။

သို့သော် NLD သည် မွန်နှင့်ကယားပါတီများကဲ့သို့သော လူမျိုးစု အခြေပြု နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ကိုယ်စားပြုမှု စုံလင်အောင် ဆောင်ယူနိုင်မည်လားဆိုသည့် မေးခွန်းမှာ ဆက်လက် ကျန်ရှိနေဆဲပင် ဖြစ်သည်။

(Nyein Nyein ၏ Venue Squabbles Complicate NLD’s Outreach Efforts to Myanmar’s Ethnic Parties ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဝန်ကြီးချုပ်များကို NLD ပါတီတွင်းမှ ခန့်အပ်ဖို့ များဟု ဒေါက်တာ ဇော်မြင့်မောင်ပြော

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်

အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး SNLD ဆွေးနွေး

‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading