• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး SNLD ဆွေးနွေး

by နန်းလွင်နှင်းပွင့်
15 January 2021
in သတင်း
A A
ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် SNLD နှင့် NLD ကိုယ်စားလှယ်များ / Shan-NLD

ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် SNLD နှင့် NLD ကိုယ်စားလှယ်များ / Shan-NLD

19.1k
VIEWS
Share on FacebookShare on Twitter

အစိုးရသစ်ဖွဲ့စည်းရာ၌ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သည့် နေရာများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အသိပညာရှင်၊ အတတ်ပညာရှင်များကို နေရာပေး စေချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

NLD သည် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် ဟူသည့် ခေါင်းစဉ်ဖြင့် ပြည်နယ်များရှိ ဒေသခံ တိုင်းရင်းသား ပါတီများကို လိုက်လံတွေ့ဆုံနေရာ ယနေ့မနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ SNLD ၏ ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

NLD ဘက်မှ ကိုယ်စားလှယ်တဦးဖြစ်သည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လုပ်ပိုင်ခွင့် ရှိမှ လုပ်လို့ ရမှာ လုပ်ပိုင်ခွင့်ရှိတဲ့ သြဇာအာဏာရှိမှ လုပ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုမှာပဲ ဖြစ်ဖြစ် ပြည်နယ်မှာပဲ ဖြစ်ဖြစ် ပြည်နယ်ဆိုတာက ပြည်နယ်အစိုးရတို့ ပြည်နယ် လွှတ်တော်တို့ပေါ့။ အဲ့တာမှလည်း သူတို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသိပညာရှင်၊ အတတ်ပညာရှင် တွေကို နေရာပေးစေချင်ပါတယ်တဲ့” ဟု ပြောသည်။

ဒေါက်တာအောင်မိုးညိုက တောင်ကြီးခရီးစဉ်အတွင်း တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့သည့် အကြောင်းကို သတင်းရှင်းလင်းပွဲပြုလုပ်ပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

ယနေ့ အစည်းအဝေးတွင် NLD ဘက်မှ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် မြစ်ကြီးနား မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့ ပါဝင်တတ်ရောက်ခဲ့သည်။

SNLD ဘက်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်၊ တွဲဖက်အတွင်းရေးမှူး (၂) ဦး စိုင်းဆမ်ဖွဏ်ဆိုင်တို့ တက်ရောက်ကြသည်။

SNLD က ၎င်းတို့သည် ၁၉၉၀ ခုနှစ်ကတည်းက ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ပြီး ယခုအခါလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် နေရာအများအပြား အနိုင်ရထားသည့် ပါတီကြီး တခုဖြစ်သဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရာ၌ အစိုးရတာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် တာဝန်ယူရသည်ဖြစ်စေ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သည့် နေရာကို ပေးရန် ပြောဆိုခြင်း ဖြစ်သည်ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

NLD အနေဖြင့် အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်များ လုပ်ရာတွင် တိုင်းရင်းသားအင်အားစုအားလုံးနှင့် လက်တွဲပူးပေါင်း ပါက အောင်မြင်လိမ့်မည်ဟုလည်း SNLD က အစည်းအဝေးတွင် ပြောကြောင်း ဒေါက်တာအောင်မိုးညိုက ဆိုသည်။

ဒေါက်တာအောင်မိုးညိုက “သူတို့ ခံစားရတာ လက်ရှိ အာဏာရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တပ်မတော်ကို အချိန်ပိုပေးရတဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားထဲမှာ ထိတွေ့ဆက်ဆံမှုက နည်းနည်း နည်းသွားတယ်လို့ ထင်ပါတယ်တဲ့။ သူတို့ခံစားချက် သူတို့ ပြောတာပေါ့။ ဒါ့ကြောင့် ပြန်လည်သင့်မြတ်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းရင်းသားတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးတာကို ဆောင်ရွက်ပေးစေချင်ပါတယ်တဲ့” ဟုလည်း ဆိုသည်။

SNLD သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ကိုယ်စားလှယ် ၁၅ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၂၇ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

SNLD ၏ ကိုယ်စားလှယ် တဦးဖြစ်သည့် တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွှန့်က “ယေဘုယျ ဆန်ဆန် ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်တော့ ဒီတိုင်းတော့ ပူးပေါင်း ဆောင်ရွက်လို့ ရမှာ မဟုတ်ဘူး။ တာဝန်တချို့ကို ခွဲဝေပေးတာတို့ဆိုရင် ဒါမှလည်း ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေမှာ ဖြစ်ပါတယ်။ ပိုပြီးတော့ အလုပ်လုပ်တဲ့ အချိန်မှာ အင်နဲ့အားနဲ့ လုပ်နိုင်တဲ့ တာဝန်တွေပေးမှရပါမယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ်တွင် NLD က ပူးပေါင်းရန် ကမ်းလှမ်းခဲ့သော်လည်း SNLD က ပါတီတည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင် နေရသဖြင့် NLD ကို မကူနိုင်ခဲ့ပါဟုလည်း ဦးစိုင်းကျော်ညွှန့်က ဆိုသည်။

ဦးစိုင်းကျော်ညွှန့်က “ဒီတခေါက်ကတော့ သူတို့လိုအပ်လာမယ်ဆိုရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်”ဟု လည်း ပြောသည်။

NLD အနေဖြင့် အစိုးရတာဝန်ကို ယူ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ပြိုင်တူ အကောင် အထည်ဖော်ရန်လည်း SNLD ဘက်မှ ပြောဆိုခဲ့သည်ဟု သိရသည်။

NLD နှင့် SNLD သည် ၁၉၉၀ ခုနှစ်ကတည်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ပြိုင်တူ အကောင်အထည် ဖော်ရန်၊ ဒီမိုကရေစီကို ဦးစွာ တည်ဆောက်ပြီး ဖက်ဒရယ်ကို နောက်ချန်ခဲ့ခြင်း မပြုရန် သဘောတူထားသည်ကိုလည်း SNLD ဘက်မှ ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် အစိုးရသစ်ဖွဲ့စည်းရာတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများအပြင် တိုင်းရင်သားများနှင့် NLD ကြား ယုံကြည်မှုပြန်လည် တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား အင်အားစုများတွင် နိုင်ငံရေးပါတီများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား အခွင့်အရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း NLD ကို တွေ့ဆုံဆွေးနွေးရန် အကြံပြုပြီး လိုအပ်ပါက SNLD က ကူညီပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

SNLD ဘက်မှ ပြောဆိုဆွေးနွေးသည့် အချက်များကို ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့ ပြန်လည် တင်ပြမည်ဖြစ်သည်။

ဖေဖော်ဝါရီအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ခေါ်တော့မည်ဖြစ်ကာ ထိုအစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၀ အရ သမ္မတရွေးချယ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းမည်ဖြစ်သည်။

သမ္မတရွေးချယ်ရေးကော်မတီမှ သမ္မတနှင့် ဒုသမ္မတများကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်က တဆင့် တင်မြှောက် ပြီးပါက အစိုးရဖွဲ့စည်းရေးများကို စတင်တော့မည်ဖြစ်သည်။

ထိုအစီအစဉ်များ မစတင်ခင် NLD က အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ရန်နှင့် တိုင်းရင်းသားပါတီများ၏ သဘောထား ကောက်ခံရန် လိုက်လံတွေ့ဆုံမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

NLD နှင့် SNLD သည် ၁၉၉၀ ခုနှစ်ကတည်းက မဟာမိတ်အဖြစ် လက်တွဲလာသည့် နိုင်ငံရေးပါတီများ ဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
458
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
167
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲပြီးသည့် ကာလ ကလည်း သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် NLD သည်အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်ရာ၌ SNLD ၏ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကို ဒုသမ္မတ အဖြစ် တာဝန်ယူပေးရန် ကမ်းလှမ်း ခဲ့ဖူးသည်။

You may also like these stories:

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

NLD နှင့် SNLD ပါတီတို့ တောင်ကြီးမြို့တွင် တွေ့ဆုံရန်သဘောတူ

ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို

Your Thoughts …
Tags: NLDSNLDအမျိုးသားညီညွတ်ရေးအစိုးရ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် မီဒီယာများကိုဖြေကြားနေစဉ် / သီဟလွင် / ဧရာဝတီ

ကိုအောင်ကြီးအမှု ညှိနှိုင်းမည် မဟုတ်ဟု ရဲတပ်ဖွဲ့ပြော

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် စမွတ်စခွန်ရှိ ပင်လယ်စာဈေးတွင် ကိုဗစ်စစ်ဆေးရန် မြန်မာအလုပ်သမားများ တန်းစီနေစဉ် / Office of the Myanmar Labor Attaché / Facebook

မြန်မာအလုပ်သမားများအား ကိုဗစ်စစ်ဆေးမှု ထိုင်း တိုးလုပ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved