• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာအလုပ်သမားများအား ကိုဗစ်စစ်ဆေးမှု ထိုင်း တိုးလုပ်မည်

by ဧရာဝတီ
15 January 2021
in သတင်း
A A
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် စမွတ်စခွန်ရှိ ပင်လယ်စာဈေးတွင် ကိုဗစ်စစ်ဆေးရန် မြန်မာအလုပ်သမားများ တန်းစီနေစဉ် / Office of the Myanmar Labor Attaché / Facebook

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် စမွတ်စခွန်ရှိ ပင်လယ်စာဈေးတွင် ကိုဗစ်စစ်ဆေးရန် မြန်မာအလုပ်သမားများ တန်းစီနေစဉ် / Office of the Myanmar Labor Attaché / Facebook

26.1k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ ဘန်ကောက်အနီး စမွတ်စခွန်ရှိ မြန်မာအလုပ်သမားများအတွက် COVID-19 စစ်ဆေးမှုကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း ထိုင်း ကျန်းမာရေး အာဏာပိုင်များက ကြေညာခဲ့သည်။ ဘန်ကောက်မြို့ အနီးမှ စမွတ်စခွန် ခရိုင်ရှိ စက်ရုံ ၄၀၀ တွင် လုပ်ကိုင်နေသူ ၃၅၀၀၀ ကျော်ကို ဇန်နဝါရီ ၂၄ ရက် မတိုင်မီ စမ်းသပ်စစ်ဆေးသွားရန် သူတို့က မျှော်လင့်ထားသည်။

စမွတ်စခွန်သည် စက်ရုံများနှင့် ရွှေ့ပြောင်း အလုပ်သမား အမြောက်အမြား နေထိုင်ရာ ဒေသဖြစ်ပြီး အများစုက မြန်မာနိုင်ငံမှဖြစ်သည်။ ဒီဇင်ဘာလတွင် စတင်ခဲ့သော နောက်ဆုံးဖြစ်ပွားမှု၏ ဗဟိုအချက်အချာဖြစ်သည့် အဆိုပါ ပင်လယ်စာ လက်ကားဈေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်နေကြသည်။ ထိုင်းနိုင်ငံရှိ ပင်လယ်စာ ဈေးများနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား ၃၀၀၀၀၀ မှ ၄၀၀၀၀၀ ခန့် ရှိသည်။

ခရိုင် ပြည်သူ့ ကျန်းမာရေးဌာနအကြီးအကဲ Naretrit Khatthasima က ကျန်းမာရေးအရာရှိများအနေဖြင့် ရောဂါဖြစ်ပွားမှုကို စစ်ဆေးခြင်းနှင့် ဖြစ်ပွားမှုများ ရှာဖွေခြင်းများကို ပိုမို၍ ပြင်းပြင်းထန်ထန် ပြုလုပ်နေပြီး ထိုသို့ ဆောင်ရွက်ခြင်းက ရောဂါဖြစ်ပွားမှုကို တားဆီးထိန်းချုပ်ရာတွင် အောင်မြင်မှု ရရှိသည်ဟု ပြောကြားခဲ့ကြောင်း Bangkok Post သတင်းစာက ဆိုသည်။ ပြီးခဲ့သည့်လက ထိုင်းနိုင်ငံရှိ ခရိုင် ၅၀ ကျော်မှ ကူးစက်မှုများက ထိုအချိန်မှစ၍ ပိတ်ထားခဲ့ရသည့် စမွတ်စခွန် ပင်လယ်စာဈေးကို အရင်းအမြစ်အဖြစ် ညွှန်ပြခဲ့ကြသည်။ ခရိုင်တွင်းမှ COVID-19 လူနာများကို ကုသပေးရန် ထိုင်းအာဏာပိုင်များက ယာယီ ဆေးရုံများ ဖွင့်လှစ်ပေးခဲ့ပြီး လူနာအများစုမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်သည်။ အဆိုပါ ဆေးရုံများတွင် အပျော့စား ရောဂါ လက္ခဏာရှိသည့် လူနာ အများအပြားကို ကုသပေးခဲ့ပြီး ဖြစ်သည်။ ခရိုင်၏ စတုတ္ထမြောက် COVID-19 ယာယီ ဆေးရုံကို ယခုအပတ်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည်။

စမွတ်စခွန်ရှိ အားကစားကွင်းတခုတွင် တည်ဆောက်ထားသော ယာယီဆေးရုံမှ ဇန်နဝါရီလ ၁၀ ရက် နေ့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉၂ ဦး ပြန်ဆင်း လာခဲ့ကြသည်။ သူတို့သည် ပြန်လည် သက်သာလာပြီးနောက် ဆေးရုံမှ ပြန်ဆင်းလာသော ပထမဆုံး ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။ ဆေးရုံမှ ပြန်ဆင်းမလာမီ အဆိုပါ အလုပ်သမားများ တွင် ဗိုင်းရပ်စ်ပိုးကင်းစင် သွားပြီ ဖြစ် ကြောင်း ကြေငြာခဲ့သည်ဟု Bangkok Post သတင်းစာက ပြောသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
21
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
676
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
45

စမွတ်စခွန်၏ အုပ်ချုပ်ရေးမှူး Verirak Vichitsangsri သည်လည်း ရောဂါ ကူးစက်ခံထားရသူများထဲမှ တဦး ဖြစ်သော်လည်း သူက အပြည့်အဝ နီးပါး ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။ Verirak Vichitsangsri ကို သွေးစစ်ဆေးမှု ပြုလုပ်ရာတွင် သူ၏ ကျောက်ကပ်နှင့် အစာခြေစနစ်က ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်း တွေ့ရှိရသည်ဟု Siriraj ဆေးရုံမှ ဒေါက်တာ Prasit Watanapa က ပြောသည်။

You may also like these stories:

ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ

ထိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ချန်ထားမရနိုင်

တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်

Your Thoughts …
Tags: ကိုဗစ်စစ်ဆေးမှုစမွတ်စခွန်ထိုင်း ကျန်းမာရေးမြန်မာအလုပ်သမားများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၂၀ ဇူလိုင်လအတွင်း စန်ခလပူရီမြို့နယ်ကို ခိုးဝင်လာသော မြန်မာများအား ထိုင်းရဲက ဖမ်းထားစဉ်/ Piyarat Chongcharoen / Bangkok Post

မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ

by ဧရာဝတီ
16 January 2021
9.3k

အမှုများတွင် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၃၃ ဦးပါဝင်ပတ်သက်နေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗ်ိုလ်ချုပ် ဒမ်ရောင်ဆက် ကစ်တီပရာပက် ပြောပြီး စွပ်စွဲခံရသူများတွင် ပြန်တမ်းဝင်အရာရှိ မဟုတ်သူများ၊ ပြန်တမ်းဝင်အရာရှိများနှင့် ဒုတပ်ဖွဲ့မှူးအထိ ပါဝင်ကြောင်း ပြောသည်။

Camel Textile International Cooperation ပိုင် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ

ကိုဗစ်-၁၉ ကြောင့် ဂျော်ဒန်တွင်သောင်တင်နေသော မြန်မာနိုင်ငံသားများကို ခေါ်ယူမည်

by ဇော်ဇော်ထွေး
16 July 2020
14.2k

မြန်မာအစိုးရ၏ ခွင့်ပြုချက်ရပြီးနောက် ကယ်ဆယ်ရေးလေကြောင်း ခရီးစဉ်များ စီစဉ်ထားပြီးဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးကပြောသည်။

ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သော ထိုင်းရောက် မြန်မာ အလုပ်သမား အရေး သတင်းစာ ရှင်လင်းပွဲ / ဧရာဝတီ

ထိုင်းက တရားဝင် မြန်မာ အလုပ်သမားများ အခက်အခဲ အေဂျင်စီများ တာဝန်ယူမှု

by နန်းဆိုင်နွမ်
2 August 2016
717

ထိုင်းနိုင်ငံသို့ တရားဝင် (MOU) စနစ်ဖြင့် သွားရောက် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ အခက်အခဲများကို ပို့ဆောင်ပေးသည့် အေဂျင်စီများ က တာဝန်ယူမှု အားနည်းကြောင်း သိရသည်။

စမွတ်စခွန်ခရိုင်ရှိ ပင်လယ်စာ ရောင်းသည့် ဈေးတွင် ကိုဗစ်ပိုးတွေ့ပြီးနောက် ဈေးအတွင်းရှိ မြန်မာအလုပ်သမားများကို သံဆူးကြိုးများ ကာရံကာ ပိတ်ထားစဉ် / Khaosad News

မြန်မာလုပ်သားများကို ပိတ်လှောင်ထားမှု ပြန်သုံးသပ်ရန် ထိုင်းအစိုးရကို တိုက်တွန်း

by ဧရာဝတီ
24 December 2020
12k

ပြီးခဲ့သည့် အင်္ဂါနေ့က ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကိုယ်တိုင် သက်သေအထောက် အထား ပြနိုင် ခြင်းမရှိပဲ၊ “စမွတ်ဆခွန်မှာနောက်ဆုံးကူးစက်မှု ရုတ်တရက်တိုးလာတာကတော့ ဒီလို တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကြောင့်ပဲ ” ဟု စွပ်စွဲပြောဆိုခဲ့သည်။

ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု  / Myanmar Labour Attache Office

ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်

by ကျော်ခ
21 December 2020
5k

ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အရှိန်မြင့်တက်နေလျှက်ရှိပြီး ထိုသို့ ကူးစက်ခံနေရသူများအနက် အများစုမှာ မြန်မာရွှေ့ပြောင်း လုပ်သားများဖြစ်ကြောင်း သတင်းရရှိသည်။

Next Post
၂၀၁၅ ခုနှစ်က DKBA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို ရှင်းပြနေသည့် ဗိုလ်မှူးကြီး စောချစ်သူ  / ကျော်ခ / ဧရာဝတီ

BGF နှင့်တင်းမာမှုကို အကောင်းဆုံးအခြေအနေ မျှော်လင့်ကြောင်း တပ်မတော်ပြော

တရားမဝင် အလုပ်သမား သံသရာ ဆက်လည်ပတ်နေဦးမှာပဲ (ရုပ်/သံ)

တရားမဝင် အလုပ်သမား သံသရာ ဆက်လည်ပတ်နေဦးမှာပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved