ဇန်နဝါရီလ (၁၅)ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၃ရက်နေ့အထိ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အွန်လိုင်းကနေ တရားဝင်ခွင့်လျှောက်လွှာ တင်ကြရမှာပဲ ဖြစ်ပါတယ် ။
ထိုင်းနိုင်ငံအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်မှတ်ပုံတင်နေထိုင်ခွင့်အတွက် ဖြေလျှော့မှုတွေ လုပ်ခဲ့ပေမယ့် ပေးသွင်းရမယ့် ထိုင်းဘတ်ငွေ ၉၁၈၀ ဘတ်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခုလိုကာလမှာ ပေးသွင်းနိုင်ဖို့ အနေအထားမှာ မရှိဘူးလို့ သိရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့အတူ အလုပ်သမားတွေကလည်း ထိုင်းအစိုးရကို တရားဝင်နေထိုင်ခွင့်အတွက် ပေးသွင်းရမယ့် ထိုင်း ဘတ်ငွေ ၉၁၈၀ ကို လျှော့ချပေးစေချင် နေကြတာ ဖြစ်ပါတယ်။
အင်တာဗျုး/တည်းဖြတ် – ဝေနှင်းထွဋ်











