• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သီချင်းနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတွေ ဖန်တီးရတာ ဝါသနာပါတဲ့ နန်းဆုရတီစိုး

by ယုဖြူဟန်
15 January 2021
in Entertainment
A A
သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုး / Nansu Yati Soe's Facebook

သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုး / Nansu Yati Soe's Facebook

3.6k
VIEWS
Share on FacebookShare on Twitter

လတ်တလော “မင်းအနားမှာ” ဆိုတဲ့ Music Video ထွက်ရှိထားတဲ့ နန်းဆုရတီစိုးက အခုနောက်ပိုင်းမှာ သူ့ရဲ့ Music Video တွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး စိတ်ဝင်တစား အားပေးမှုကို ရရှိလာခဲ့ပါတယ်။ ကိုယ်တိုင်ရဲ့ ဝါသနာအပါဆုံးအလုပ်ကလည်း သီချင်းနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတွေ ဖန်တီးရတဲ့အလုပ် ဖြစ်တယ်လို့ ဆိုပါတယ်။

“နန်းဆု အခု လုပ်ချင်တဲ့ အနုပညာ တင်ဆက်မှုလေးတွေပေါ့။ အဲဒါသီချင်းနဲ့ ပတ်သက်ပြီး Music Video တွေ နန်းဆု အရမ်းဝါသနာပါတယ်။ ကိုယ်တိုင်ကလည်း သရုပ်ဆောင်တယောက် ဖြစ်တာကြောင့်လည်း သီချင်းထွက်တဲ့အချိန်မှာ ဘယ်တော့မဆို Music Video ကို ရိုက်ကူးပြီးမှ ထွက်တယ်။ သီချင်းနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းတွေကို ဖန်တီးတင်ဆက်ရတာ တကယ် ဝါသနာအပါဆုံး အလုပ်ဖြစ်နေတာ။ အဲဒါကြောင့် အခုလည်း PN Production ဆိုပြီး ဒီလိုတွေ ဖန်တီးတင်ဆက်လို့ရအောင် ၂၀၂၁ မှာ စလုပ်ဖြစ်ပါတယ်” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

“မင်းအနားမှာ” သီချင်း Music Video ရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်း အကြောင်းအရာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

နန်းဆုရတီစိုးရဲ့ “မင်းအနားမှာ” သီချင်း

“ရိုက်ကူးထားတဲ့ အကြောင်းအရာကတော့ Casting ၃ ယောက် ပါတယ်။ ၃ ယောက်စလုံးက မင်းသား၊ မင်းသမီးတွေပဲ။ ဒီထဲမှာတော့ နန်းဆုက အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီး၊ မင်းသားကကျတော့ တွဲနေပြီးလို့ နာမည်ကြီးသွားတဲ့အချိန်မှာ ဖောက်ပြန်သွားတာပေါ့လေ။ အဲ့လို ဇာတ်အကြောင်းအရာကို ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ သီချင်း အကြောင်းအရာပေါ် မူတည်ပြီး ရိုက်ထားပါတယ်”လို့ နန်းဆုရတီစိုးက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က တင်ခဲ့တဲ့ Music Video ဟာ အခုဆိုရင် ကြည့်ရှုသူပေါင်း ၁ သန်း ရှိလို့နေပါပြီ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318



ဆယ်စုနှစ် တခုကျော်ကြာ အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်ရှိတာကြောင့် အများကြီး ကြိုးစားဖြစ်နေပြီး ပရိသတ်တွေဟာ သူ့ရဲ့ကံကောင်းခြင်း လက်ဆောင်လို့ ဆိုပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် ဒီအနုပညာအလုပ်ကို သေသေချာချာ မလုပ်ဖြစ်ခဲ့တဲ့ အချိန်တွေလည်းရှိပါတယ်။ အဲ့လို အချိန်တွေမျိုးမှာတောင် ပရိသတ်က နန်းဆုကို မမေ့မလျှော့သွားဘဲနဲ့ အခုဆိုရင် နန်းဆု ၁၅ နှစ် ကျော်နေပြီ။ ၁၆ နှစ်၊ ၁၇ နှစ်လောက် ရှိနေပြီ။ ဟိုးအရင်ကတည်းက အခုအချိန်ထိ နှစ်ပေါင်းမြောက်မြားစွာကြီး မမေ့မလျော့ဘဲ အားပေးတဲ့ ပရိသတ်တွေ အခုအချိန်ထိ ရှိသေးတယ်ဆိုတော့ နန်းဆုအတွက် အများကြီးကံကောင်းတယ်”

“ဘုရားကပေးတဲ့ နန်းဆုရဲ့ကံကောင်းခြင်းလက်ဆောင်လို့ ထင်တယ်။ သူတို့ရှိနေလို့လည်း ဒီလိုအလုပ်တွေ လုပ်နေလို့ ရတယ်။ အခုလို ရပ်တည်နေလို့ ရတယ်။ တဖက်က ပြန်ကြည့်ရင်လည်း သူတို့ ရှိနေလို့ ကိုယ်က ပိုကြိုးစားဖြစ်တယ်။ ပိုအောင်မြင်လာတယ်ပေါ့။ ပရိသတ်က နန်းဆုအတွက် မရှိမဖြစ် ဖြစ်လာတာပေါ့” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

ဆက်လက်ပြီး “ဒီနှစ်ကတော့ ပရိသတ်ကို ကျေးဇူးဆပ်တဲ့နှစ်ပေါ့။ အဲ့လို ပြောရမှာပေါ့။ အလုပ် အများကြီး ကြိုးစားထားတယ်။ ကြိုးကြိုးစားစားလည်း လုပ်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။ ပရိသတ်ရဲ့တန်ဖိုးကိုလည်း ပိုပြီးသိလာတယ်။ နားလည်လာတယ်။ အဲ့အတွက် ပိုပြီးကြိုးစားမယ်။ ၂၀၂၀ နဲ့တော့မတူတော့ဘူး” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

You may also like these stories:

ကိုယ့်ကြောင့် ပွဲဆူသွားမှာ အရမ်းကြောက်တဲ့ နန်းဆုရတီစိုး

မိုးတွင်းမှာ “အလွမ်းရာသီ” သီချင်းသစ် ထွက်မယ့် နန်းဆုရတီစိုး

ချစ်သူထားရင် တခါမှလျှို့ဝှက်မထားခဲ့ဘူးလို့ နန်းဆုရတီစိုးပြော

Your Thoughts …
Tags: Music Videoနန်းဆုရတီစိုးမင်းအနားမှာဝါသနာသီချင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

တရားမျှတမှုကို ပြန်ယူမယ့် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့”

by ဧရာဝတီ
28 September 2023
3.3k

Hip Hop ဂီတသည် ဖိနှိပ်ခံများ၏ ပေါက်ကွဲသံစဉ်ဟု သူ ယုံကြည်သည်။ တရားဥပဒေ ပြန်လည်စိုးမိုးသည့်အချိန်၌ သူရှိချင်မှလည်းရှိမည်။ အကယ်၍ သူ မရှိတော့ဘူးဆိုလျှင်တောင် သူ့အဖေနှင့်အမေ သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှု ပြန်ယူပေးပါဟုလည်း သူက မေတ္တာရပ်ခံထားသည်။

မုန်လာဥ

မုန်လာဥ

by ရွာစား စိန်တင်ဟန်
30 September 2023
1.1k

တချို့ကမူ “ဆရာငြိမ်းသည် သူ့မိဘပစ္စည်း ထိုင်သုံးနေသည်”... တချို့ကျပြန်တော့ “ဆရာငြိမ်းသည် သူ့အိမ်အတွက် ဘာမျှ မပူတဲ့သူ”ဟု ဆိုကြပြန်သည်။

မြခြေကျင်း မငွေမြိုင်

မြခြေကျင်း မငွေမြိုင်

by စောမုံညင်း
29 June 2025
759

ဇာတ်သဘင် ပညာအရာတွင် တကယ်ပြည့်ဝ၍ အဆိုကလည်းကောင်း၊ ဇာတ်စီး ခေါင်းဆောင်မှုကလည်း အလွန် တော်သော မင်းသမီးကြီး ဖြစ်၍ အနယ်နယ် အရပ်ရပ်က သဘင့်မိခင်ကြီး တဦးဟု အသိအမှတ် ပြုခဲ့ကြသည်။

သီချင်းတွေကို အရင်လို မဆိုရဲဘူး (ရုပ်/သံ)

သီချင်းတွေကို အရင်လို မဆိုရဲဘူး (ရုပ်/သံ)

by ဧရာဝတီ
24 March 2025
674

စစ်တပ်အာဏာသိမ်းမှုကိုလက်မခံတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် တူးတူးဟာလည်း တယောက် အပါဝင်ဖြစ်ခဲ့ပါတယ်။

လေဘာတီ မမြရင်

လေဘာတီ မမြရင်

by စောမုံညင်း
16 June 2024
539

သူသည် အနုပညာနှင့် ပုဂ္ဂိုလ်ရေးကို စည်းခြား ကန့်သတ်ထားသူ ဖြစ်၏။ သူ့ကိုယ်သူ အဖိုးတန်အောင် နေတတ်ပြီး တန်ဖိုးနှင့် သိက္ခာကို စောင့်ထိန်းတတ်သူလည်း ဖြစ်သည်။

အလွမ်းရယ်တဲ့ ၁၂ ထွေ…

အလွမ်းရယ်တဲ့ ၁၂ ထွေ…

by မင်းသုဝဏ်
23 December 2023
504

ဤအားပျော့သော သီချင်းမျိုးကို ယခုကဲ့သို့သော ကြံစည် ကြိုးစား ထကြွရမည့် အခါမျိုးတွင် ဆိုသင့် မဆိုသင့် ဟူသော ပြဿနာသည် ကျနော့် ဉာဏ်တွင် ပေါ်လာပါသည်။

Next Post
COVID-19 လူနာတွေကို လက်ခံနေတဲ့ ဟိုတယ်

နေရာ အခက်အခဲကြောင့် လန်ဒန်ရှိ ဟိုတယ်တွေ COVID-19 လူနာကို လက်ခံ

အဆိုတော် အမွန်း  / Ah Moon's Facebook

အဆိုတော် အမွန်းကို ကမ္ဘာမြေနေ့ သံတမန်အဖြစ် ခန့်အပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved