• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်

by ကျော်ခ
21 December 2020
in သတင်း
A A
ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု  / Myanmar Labour Attache Office

ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု / Myanmar Labour Attache Office

5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင်အတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အရှိန်မြင့်တက်နေလျှက်ရှိပြီး ထိုသို့ ကူးစက်ခံနေရသူများအနက် အများစုမှာ မြန်မာရွှေ့ပြောင်း လုပ်သားများဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံး အလုပ်လုပ်ကိုင်နေကြသည့် စမွတ်စခွန် ခရိုင် အတွင်းတွင် ယခုလ ၁၇ ရက်နေ့က ကိုဗစ် ရောဂါ ကူးစက်မှု တွေ့ရှိခဲ့ပြီး ယင်းနေ့မှစ၍ ယနေ့မနက်ပိုင်းထိ ၅ ရက်အတွင်း ကူးစက်ခံရသူပေါင်း ၈၂၀ ရှိသည့် အနက် ၆၀၀ ခန့်မှာ မြန်မာလုပ်သားများဖြစ်ကြောင်းသိရသည်။

ဘန်ကောက်မြို့ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က “အားလုံးသိကြတဲ့ အတိုင်း ၁၇ ရက်နေ့က ပင်လယ်စာဈေးက သူဌေးတယောက်က စတွေ့ခဲ့တာကနေ မိသားစုမှာ ထပ်တွေ့တယ် အဲဒီနောက် ခရိုင်အုပ်ချုပ်ရေးမှူးက အဲဒီဈေးပရဝုဏ်မှာ ရှိတဲ့ လူတွေအားလုံးကို ပိုက်စိပ်တိုက်ပြီး အမခမဲ့ စစ်ပေးလိုက်တဲ့ အခါကြတော့ အဖြေတွေအကုန်ထွက်လာတာပေါ့။ ခုတွေ့ထားတဲ့ ၈ ရာကျော်မှာတော့ ကျနော်တို့ မြန်မာလုပ်သားက ၆ ရာဝန်းကျင်လောက်ပါသွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုလ ၁၇ ရက်နေ့က စမွတ်စခွန် ခရိုင်အတွင်းရှိ ပင်လယ်စာ လက်ကားဖြန့်ချိနေသည့် တလာကု “ပုဇွန်ဈေး” မှ ဆိုင်ရှင်တဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့ပြီး အဆင့်ဆင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ထိုဈေးတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများတွင်လည်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု (ဓာတ်ပုံ – Myanmar Labour Attache Office)

ယခုအခါတွင် အဆိုပါဈေးကိုလည်း ယာယီပိတ်ထားလိုက်ပြီး ထိစပ်ဆက်စပ်နိုင်ခြေရှိသူ ထောင်နှင့် ချီပြီး ကိုဗစ်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေလျှက်ရှိသည်။

စမွတ်စခွန် ခရိုင်အတွင်း နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို နေအိမ်အတွင်းသာ နေထိုင်ရန် ညွှန်ကြားထားပြီး နယ်ကျော်သွားလာခွင့် တားမြစ်ထားသည်။ ထို့အတူ ခရိုင်အတွင်း နယ်ကျော်သွားလာခွင့် တားမြစ်ထားသည့် အပြင် ည ၁၀ နာရီမှ မနက် ၅ နာရီ အထိ အပြင်ထွက်ခြင်း မပြုလုပ်ရန် အတွက်လည်း အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါဈေးတွင် ကိုဗစ် ကူးစက်မှုနှင့်ပတ်သက်ပြီး နယ်စပ်ဝင်ပေါက်များမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများကို ပြစ်တင်ပြောဆိုနေမှုများရှိနေသကဲ့သို့ မြန်မာလုပ်သားများ အပြင်ထွက်အခါတွင်လည်း ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့နေကြရကြောင်း ဘန်ကောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ကွန်ရက် (MMNB) အဖွဲ့ဝင် မဦး က ဧရာဝတီသို့ပြောသည်။

မဦး က “မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံထဲကို ခိုးဝင်ပြီးတော့ လာနေတယ်၊ လာအလုပ်လုပ်တယ်ပေါ့။ ကိုဗစ်ပိုးက မြန်မာနိုင်ငံကနေ ပါလာခဲ့တယ်လို့ ပြောပြီးတော့ အပြစ်တင်ပြောကြတာ။ ဒီနေ့မနက်လည်း မြန်မာပြည်ကို ငွေပို့မယ့် ကောင်တာမှာ ရွှေ့ပြောင်းလုပ်သားတွေကို ရှေ့သိပ်မတိုးနဲ့ နင်တို့ကနေ ကိုဗစ်ကူးရင် ဘယ်လိုလုပ်မလဲဆိုပြီး ပြောခံရတာတွေလည်း ရှိတယ်” ဟု ပြောသည်။

ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ယာယီပိတ်ထားလိုက်ပြီဖြစ်သည့် တလာကု ခေါ် ပုဇွန်ဈေး (ဓာတ်ပုံ – Google Earth)

စမွတ်စခွန် ခရိုင်အတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသည်နှင့် တပြိုင်တည်းတွင်မှာပင် နေ့စားအလုပ် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား အချို့မှာ အလုပ်လက်မဲ့ဖြစ်ကုန်သူများကို တွေ့ရကြောင်း အဆိုပါ ခရိုင်တွင် ငွေလဲပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူ တဦးဖြစ်သည့် စောဖိုးသိန်း က ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
59

စောဖိုးသိန်း က “ကျနော်တို့လည်း ကိုဗစ်စစ်ရတယ်။ မနေ့ကပဲ သွားစစ်တယ်။ ၆၇၁၈ ဘတ်ပေးရတယ်။ Negative ဆိုတော့ စိတ်အေးရတာပေါ့။ ဒါပေမယ့် ကျနော်တည်းနေတဲ့ ဘုန်းကြီးကျောင်းမှာ ကိုဗစ် မစစ်နိုင်လို့ အလုပ်ပြုတ်လာတဲ့သူ ၃-၄ ယောက်လောက်ရှိတယ်။ သူတို့ မစစ်နိုင်တော့ သူတို့အလုပ်က လက်မခံဘူးတဲ့” ဟု ရှင်းပြသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း စမွတ်စခွန် ခရိုင် အတွင်းနေထိုင် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများ အနေဖြင့် ခရိုင်တာဝန်ရှိသူများနှင့် ထိုင်းအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်နှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန် အလုပ်သမားသံအရာရှိ Facebook စာမျက်နှာမှ တဆင့် တိုက်တွန်းထားသည်ကိုတွေ့ရသည်။

ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု (ဓာတ်ပုံ – Myanmar Labour Attache Office)

စမွတ်စခွန် ခရိုင်၏ ထုတ်ပြန်ချက်တွင် အပြင်ထွက်သည့်အခါ Mask ကို မဖြစ်မနေ တပ်သွားရန်၊ လက်ကို မကြာခဏ ဆေးရန်၊ မိမိကိုယ်ကို ကိုဗစ်သံသယရှိပါက နီးစပ်ရာဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများသို့ သွားရောက် ကုသမှု ခံယူရန် တိုက်တွန်းထားပြီး Mask မတပ်ပါက ဒဏ်ငွေ ဘတ် ၂၀၀၀၀ (ကျပ် ၈ သိန်းခွဲကျော်) ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးကျော်သူမိုး က “ထိုင်းကလည်း သူတို့ စံနစ်တကျလုပ်နေတာဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ထိုင်းအစိုးရ ကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းအစိုးရအနေဖြင့် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နေသည်ကို တွေ့ရသော်လည်း ထိုဈေးနှင့် ဆက်စပ်ပြီး ကူးစက်ထားသူများနေခြင်း၊ ထိုဈေးမှ ပင်လယ်စာကုန်ပစ္စည်းများသည် နိုင်ငံ အတွင်းရှိ ခရိုင် အသီးသီးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် စိုးရိမ်မိကြောင်း ဦးအောင်ကျော် က ပြောသည်။

ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု (ဓာတ်ပုံ – Myanmar Labour Attache Office)

ဦးအောင်ကျော် က “ဒီကူးစက်မှုနဲ့ ပတ်သက်ပြီး မနက်ဖြန် ဘန်ကောက်မှာ အစိုးရအဖွဲ့ အထူးအရေးပေါ် အစည်းအဝေးလုပ်ပြီး ဒါနဲ့ ဆက်စပ်တဲ့ ခရိုင်တွေအားလုံးကို အကုန်လုံး ပိုက်စိပ်တိုက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်မယ်လို့ ကြားပါတယ်” ဟု ပြောသည်။

စမွတ်စခွန် ခရိုင်ဘက်တွင် ကိုဗစ် ကူးစက်ခံသူ အများအပြား တွေ့ရှိသလို အခြား ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် မဲဆောက်မြို့တို့တွင်လည်း ပိုးကူးစက်မှုများ တဦးစ၊ နှစ်ဦးစ ရှိနေသည်။ ထိုင်းအာဏာပိုင်များက နိုင်ငံ၏ နယ်စပ်များတွင် လုံခြုံရေး အထူးတင်းကြပ်ထားပြီး ထိုင်း-မြန်မာ နယ်စပ်တွင်လည်း တင်းကြပ်ထားကြောင်းသိရသည်။

မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA)၊ ဥက္ကဋ္ဌ ဦးမိုးကြိုး က “မဲဆောက်မှာတော့ မြန်မာပြည်ဘက်ကို ကားပို့နေတဲ့ ပါကစ္စတန် တယောက်နဲ့ ထိုင်းတယောက် ပိုးတွေ့တယ်။ နယ်စပ်မှာတော့ ဒီလကစပြီး ဝေဟင်မှာဆို ဒရုန်းတွေဝဲပြီး စစ်တယ်၊ မြေပြင်မှာဆိုရင်လည်း သံဆူးကြိုး၊ CCTV၊ ဆက်သွယ်ရေး ကိရိယာတွေ၊ ရဲ၊ စစ်တပ်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့် အင်အားတင်မကဘဲ အရံအင်အားတွေ သုံးပြီးချထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု (ဓာတ်ပုံ – Myanmar Labour Attache Office)

ထိုင်းအစိုးရကတော့ လုပ်သားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ခေါ်ဆောင်သူအား ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေ ဘတ်တသိန်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူကို လက်ခံထားရှိပါက လက်ခံထားရှိသူအား ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅ သောင်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။

ထို့အပြင် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ဥပဒေနှင့်လည်း အရေးယူခံရနိုင်သည်။

Your Thoughts …
Tags: စမွတ်စခွန်ထိုင်းရွှေ့ပြောင်းလုပ်သား
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

Next Post
လူ့အခွင့်အရေးနေ့က ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က လူးစုခွဲခိုင်းနေသည့် မြင်ကွင်း

စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ

ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved