• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

by မင်းအောင်ခိုင်
21 December 2020
in သတင်း
A A
ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား
9.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းကူလမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့သည် ကိုဗစ်ကာလ နိုင်ငံတော်မှ ပေးသည့် ထောက်ပံ့ငွေကြေးများကို ကျေးရွာသားများထံ အပြည့်အ၀ မပေးသဖြင့် နိုင်ငံတော် အကြီး အကဲများထံ တိုင်ကြားထားကြောင်း သတင်းရသည်။

ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ တအိမ်ထောင် ကျပ် ၂ သောင်းနူန်းဖြင့် ၃ ကြိမ် ၊ တအိမ်ထောင် ကျပ် ၄ သောင်း နူန်းဖြင့် တကြိမ် စုစုပေါင်း ၄ ကြိမ် ထောက်ပံ့သော်လည်း ယင်းကျေးရွာအုပ်စုတွင် တအိမ်ထောင်လျှင် ငွေ ၅ ထောင် ကျပ်တကြိမ်၊ ၁ သောင်းကျပ်တကြိမ် စသည့် ငွေကြေးပမာဏခန့်သာ ရရှိကြောင်း ပြောသည်။

ထိုသို့ ထောက်ပံ့ငွေများ အပြည့် အဝ မရရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အပါအဝင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စသည့်သူများထံ ဒီဇင်ဘာ ၁၆ ရက် နေ့စွဲဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

တိုင်ကြားရာတွင် ပါဝင်သူ မင်းကူးလမ်းအုပ်စု စေတီရံကျေးရွာမှ ဆလိုင်း လှကျော်ထွန်း က“ကိုဗစ်ကာလမှာ ကျနော် တို့ ပြည်သူတွေကို နိုင်ငံတော်က တအိမ်ထောင် ၂ သောင်းနူန်းနဲ့ ၃ ကြိမ်ထောက်ပံ့တယ်။ စတုတ္ထ အကြိမ် မှာလည်း တအိမ်ထောင် ၄ သောင်းကျပ်စီ ထောက်ပံ့တာကို ကျနော်တို့ တအိမ်ထောင် ၅ ထောင်ပဲ ရတယ်။ နောက်ပိုင်း မြို့နယ် ရုံးကို သွားစုံစမ်းလို့ ၁ သောင်း ထပ်ပေးတယ်။ အဲလိုတွေ ဖြစ်ပြီး ထောက်ပံ့ငွေလည်း မပြည့်မရဘူး။ ပွင်းလင်းမြင်သာ မှုလည်း မရှိတဲ့အတွက် အရေးယူပေးဖို့ တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

၂၀၂၀ သြဂုတ်လမှ စ၍ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို ထောက်ပံ့ရာတွင် မင်းပြားမြို့နယ်၊ မင်းကူး လမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှခင်မောင်နှင့် စာရေးဝန်ထမ်း ဦးရဲမင်းအောင်တို့က ၎င်းအုပ်စု အတွင်းမှ အိမ်ခြေ ၇၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော်ကို လွဲပြောင်းရယူပြီ ဖြစ်ကြောင်းကို ဒီဇင်ဘာ ၁၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စုံစမ်းရာမှ သိခဲ့ရကြောင်း တိုင်စာတွင် ရေးသားထားသည်။

စေတီရံကျေးရွာသား ဆလိုင်းလှကျော်ထွန်းက “တအိမ်ထောင် ၅ ထောင်ပဲ ပေးလို့ မြို့နယ်ရုံးကိုသွား စုံစမ်းမှ အိမ် ထောင်စု ၇၀၀ ကျော်အတွက် သိန်း၇၀၀ ကျော်ကို အုပ်ချုပ်ရေးမှူးနဲ့ စာရေးဝန်ထမ်းက လွဲပြောင်း လက်ခံပြီး ထုတ်ယူ ထားပြီး ဆိုတာသိရတယ်။ အဲဒီလို ပြသနာတွေ ဖြစ်တော့ နောက်ပိုင်း တချို့ရွာတွေမှာ တအိမ်ထောင် ၁ သောင်းကျပ် ထပ်ပေးတာရှိတယ်။ ဒါက ကျနော်တို့ မြို့နယ်ရုံးမှာ သွားလိုက်လို့ ပေးတာ၊ ရိုးသားမှုမရှိဘူးလို့ မြင်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။

မင်းပြားမြို့နယ် မင်းကူးလမ်းကျေးရွာအုပ်စုတွင် ၂၆ ရွာရှိပြီး ၎င်းကျေးရွာများတွင် ရခိုင်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ကာ တောတောင်ကို မှီခိုစားသောက်ရသော ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

မင်းကူးလမ်းကျေးရွာအုပ်စု ကျေးမရွာနေ ချင်းတိုင်းရင်းသား ဦးစိန်ထွန်းဖြူက “ကျနော်တို့ ကျေးရွာသား တွေ ကတော့ ပထမ ၅ ထောင်ရတယ်။ နောက်ထပ် ၂ သောင်းစီရတယ်။ အားလုံး ၂ သောင်းခွဲ ရပါတယ်။ နိုင်ငံတော် ကပေးတာက ၄ ကြိမ်ဆိုတော့ အမှန်တကယ်ဆိုရင် ၁ သိန်းရမှာ။ အခု ထောက်ပံ့ငွေ အပြည့်မရဘူး။ ကျနော်တို့ ဖြစ်ချင်တာက သူတို့ကို အရေးယူပေးစေချင်တယ်။ ပြီးရင် ငွေလည်း အပြည်အဝ ရချင်ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်းကူးလမ်းကျေးရွာအုပ်စု ၊ စေတီရံကျေးရွာနေ ရခိုင်တိုင်းရင်းသူ ဒေါ်သာနုအေး ကလည်း ပထမတကြိမ် ကိုဗစ်ပံ့ငွေ ၅ ထောင်နှင့် ဒုတိအကြိမ် ၁ သောင်းကျပ်ရပြီး ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေကျပ် ၁ သောင်း လာပေးကြောင်း ၊ ထောက်ပံ့ငွေ အပြည့်မရသည့်အတွက် ယနေ့ လာပေးသည့် ငွေကို လက်မခံလိုက် ကြောင်း ပြောသည်။

ဒေါ်သာနုအေးက “ ထောက်ပံ့ငွေက ပထမ ၅ထောင်ရတယ်။ ဒုတိယ ၁ သောင်းရတယ်။ ရွာသားတွေ မြို့နယ်ရုံးကို သွားစုံစမ်းတဲ့ နောက်ပိုင်း ဒီနေ့ ကျမတို့ ရွာကို ၁ သောင်းလာပေးတယ်။ ကျမတို့က အပြည့်အဝမရတဲ့ အတွက် အဲဒီ ငွေကို လက်မခံလိုက်ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

မင်းကူးလမ်းကျေးရွာအုပ်စု စာရေး ဦးရဲမင်းအောင်ကတော့ ၎င်းတို့ ကျေးရွာအုပ်စုအတွင်း ရွာများမှာလည်း များပြားပြီး အိမ်ခြေအရေအတွက်မှာလည်း များပြားသဖြင့် အိမ်ထောင်စုတိုင်း ရအောင် တအိမ်ထောင်လျှင် ၅ ထောင်နှုန်းဖြင့် ၃ ကြိမ် ပေးအပ်ကြောင်း ၊ စတုတ္ထ အကြိမ်တွင် ၁ သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း တအိမ်ထောင်လျှင် ကျပ် ၂ သောင်းခွဲ ပေးအပ်ထားပြီး ဖြစ်ကြောင်း ပြောသည်။

ဦးရဲမင်းအောင်က “ကျနော်တို့အုပ်စုမှာ ရွာတွေလည်း များတယ်။ အိမ်ခြေလည်း များတယ်။ လက်လုပ်လက်စား တွေ ကလည်း များတယ်။ ရွာသားတွေရဲ့ ဆန္ဒအတိုင်းပဲ သူတို့ အားလုံး မျှယူမယ်ဆိုလို့ တအိမ်ထောင် ကျပ် ၅၀၀၀ နှုန်းနဲ့ ၃ ကြိမ်ပေးတယ်။ တအိမ်မှ မကျန်အောင် အားလုံး မျှပေးလိုက်တယ်။ နောက်ထပ် တအိမ်ထောင် ၁ သောင်း နှုန်းပေး တယ်။ စုစုပေါင်း ၂ သောင်းခွဲ ပေးထားပါတယ်။ ရွာသားတွေ တိုင်တဲ့ကိစ္စက ကျနော်တို့ ပေးတာနည်းနည်း နောက်ကျ သွားတာရှိတယ်။ အခုအချိန်မှာတော့ သွားရေး ၊ လာရေးက အခက် အခဲ့ရှိ တယ်။ တချို့ တောင်ပေါ်မှာရှိတဲ့ ရွာတွေဆို ရင် ၂ ညအိပ် ၃ ရက် သွားရတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
19
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
11
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64

မင်းပြားမြို့နယ် မင်းကူးလမ်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာသားများ တိုင်ကြားစာတွင် ၎င်းအုပ်စုအတွင်း ပထမ အကြိမ် ကျေးရွာ ၉ရွာကို ၅ ထောင်ကျပ်ပေးပြီး တချို့ကျေးရွာသားများမှာ လုံးဝ မရရှိသေးကြောင်း ၊ ဒုတိယအကြိမ် နိုဝင်ဘာလ ၂၂ ၊ ၂၃ ရက်တွင် င/တက်ကျေးရွာနှင့် စေတီရံကျေးရွာ နှစ်ရွာအား တအိမ်ထောင် ငွေကျပ် ၁ သောင်း ပေးသော်လည်း ကျေးရွာအများစုမှာ ထောက်ပံငွေများ လက်ရှိအချိန်အထိ အပြည့်အဝ မရရှိဘဲ ရှိနေကြောင်း ဖော်ပြ ထားသည်။

ထိုသို့ ကျေးရွာသားများ ကိုဗစ်ထောက်ပံ့ငွေကြေး အပြည့်အဝ မရရှိသော်လည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့မှာ မင်းကူးလမ်း ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားများအားလုံးမှ ငွေ လက်ခံရယူပြီး ဖြစ်ကြောင်း ကို လက်မှတ်အတုများကိုရေးထိုးကာ သက်ဆိုင်ရာ ဦးစီးဌာနသို့ တင်ပြထားသည့် စာရင်းဇယားများကိုလည်း ကျေးရွာသားများက ကိုယ်တိုင် ရရှိထားကြောင်း တိုင်ကြားစာတွင် ရေးသားဖော်ပြထားသည်။

You may also like these stories:

ငတ်နေတော့ ပိုးကူးမှာလည်း မကြောက်တော့ပါဘူး

ကိုဗစ်ထောက်ပံ့ကြေး အငြင်းပွားမှုဂယက် ဘယ်လို ကိုင်တွယ်မလဲ

Your Thoughts …
Tags: ထောက်ပံ့ငွေမင်းပြားရခိုင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.2k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ကူးစက်မှုများတဲ့ ဆိုးလ်မြို့နဲ့ အနီးတဝိုက် ဒေသတွေကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနှုန်း မြင့်တက်လာ

တရုတ်မင်းသမီး ဖန်ပင်းပင်းနဲ့ ချစ်သူဟောင်း မင်းသား လီချန်း

ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ဖန်ပင်းပင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved