• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနှုန်း မြင့်တက်လာ

by Aurora
22 December 2020
in Coronavirus Update
A A
ကူးစက်မှုများတဲ့ ဆိုးလ်မြို့နဲ့ အနီးတဝိုက် ဒေသတွေကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကူးစက်မှုများတဲ့ ဆိုးလ်မြို့နဲ့ အနီးတဝိုက် ဒေသတွေကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

2k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နေ့စဉ် သေဆုံးမှုနှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကူးစက်မှုများတဲ့ ဆိုးလ်မြို့တော်နဲ့ တဝိုက် ဒေသတွေကို ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလအတွင်း လူ ၄ ဦးထက် စုဝေးခွင့် မပြုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အစိုးရပိုင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချ ကန့်သတ် တားမြစ်ချက် မထုတ်ပြန်သေးပေမယ့် ကူးစက်မှုနှုန်းများတဲ့ ဆိုးလ်နဲ့ အနီးနားက Gyeonggi ၊ အင်ချွန်းမြို့တွေမှာ ဒီဇင်ဘာ ၂၃ ရက်ကနေ ဇန်နဝါရီ ၃ ရက်ထိ တွေ့ဆုံ စုဝေးတာနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်စည်းကမ်းတွေကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။

“အစုလိုက် ကူးစက်မှုတွေ မလျော့ဘဲနဲ့ လက်ရှိအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။မိတ်ဆွေ အပေါင်းအသင်း၊ မိသားစု ဆွေမျိုးတွေနဲ့ စုဝေး တွေ့ဆုံရာကတဆင့် အစုလိုက် ကူးစက်မှုတွေ ပျံ့နှံ့လာတာပါ” လို့ ဆိုးလ်မြို့တော်ဝန် Seo Jung Hyup က ပြောပါတယ်။

ယခင်က ၉ ယောက်ထိ စုဝေးခွင့်ပေးထားရာက နေ့စဉ်သေဆုံးနှုန်း မြင့်လာတာကြောင့် မင်္ဂလာဆောင်၊စျာပန အခမ်းအနားကလွဲလို့ Indoor ရော၊ Outdoor မှာပါ ၄ ယောက်ထက် စုဝေးခွင့်မပြုကြောင်း ထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ထားတဲ့ မြို့တော်နဲ့ အနီးနားတဝိုက်က ဒေသတွေမှာ နေထိုင်သူပေါင်းဟာ ကိုရီးယားနိုင်ငံ လူဦးရေ ၅၁ သန်းရဲ့ ထက်ဝက်နီးပါးခန့် ရှိပါတယ်။

စုဝေးခွင့် ကန့်သတ်ချက် စည်းကမ်းဟာ ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအေဂျင်စီ(KDCA) ကနေ ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံထိ ၂၄ နာရီအတွင်း သေဆုံးသူ ၂၄ ဦး ထပ်မံတိုးလာပြီး စုစုပေါင်း ၆၉၈ ဦးဖြစ်လာပြီလို့ ဖော်ပြခဲ့ပြီး နောက်တနေ့မှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

နေ့စဉ် ကူးစက်မှုနှုန်းဟာလည်း ၁,၀၀၀ ဝန်းကျင်မှာ ရှိနေပြီး ကူးစက်မှုတွေ တကျော့ပြန် စတင်ခဲ့ချိန်၁၁ ရက် အတွင်းမှာကို ကူးစက်ခံရသူပေါင်း ၄၀,၀၀၀ ကနေ ၅၀,၀၀၀ ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သေဆုံးနှုန်းက လည်း ယခင်ထက် ၁ ဒသမ ၃၈ ရာခိုင်နှုန်းတက်လာတယ်လို့ ဆိုပါတယ်။

ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ မြို့တော်ဆိုးလ်မှာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန် လူနာတွေအတွက် ဆေးရုံခုတင် ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အစိုးရပိုင်းက ပုဂ္ဂလိက ဆေးရုံတွေဘက်မှာလည်း ခုတင် အရေအတွက် ပိုအသုံးပြုလာနိုင်အောင် စီမံပေးနေတယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာ ဆိုးလ်မြို့တော်ကို ကန့်သတ် တားမြစ်ချက် ၅ ဆင့်မှာ ၂ ဒသမ ၅ အဆင့်ကို ထားရှိထားတာကြောင့် ည ၉ နာရီနောက်ပိုင်း နိုက်ကလပ်တွေ ပိတ်ထားရမှာဖြစ်သလို၊ စားသောက်ဆိုင်တွေကတော့Takeout သာ လုပ်ခွင့်ရှိပါတယ်။

ယခင်အပတ်ကလည်း မြို့တော် အနီးနားတဝိုက်မှာ ရောဂါလက္ခဏာ မပြသူတွေ ရှာဖွေနိုင်အောင် ဗိုင်းရပ်စ် စစ်ဆေးမှုတွေကို တိုးမြင့်လုပ်ဆောင်ခဲ့ချိန်မှာ ကူးစက်ခံထားရသူ ၄၇၉ ဦးတွေ့ရှိခဲ့တယ်လို့KDCA က ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၂၁ ရက် COVID-19 ကူးစက်ခံထားရသူတွေထဲမှာ ဆိုးလ်က ၃၂၇ ဦး၊ Gyeonggi က ၂၃၇ ဦးနဲ့ အင်ချွန်းမှာ ၈၅ ဦး ပါဝင်နေပါတယ်။

Ref: Aljazeera

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းတောင်ကိုရီးယားသေဆုံးမှု
Aurora

Aurora

Contributor

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

by ဧရာဝတီ
19 July 2025
7.6k

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးတွင် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံအတွင်း လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့သူ သံရုံးဝန်ထမ်း မနှင်းဦးလှိုင်ကို နေပြည်တော်၌ ဖမ်းဆီးထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

ဂျပန်နှင့် တောင်ကိုရီးယားက ထောက်ပံ့သည့် မြန်မာတံတားများ

ဂျပန်နှင့် တောင်ကိုရီးယားက ထောက်ပံ့သည့် မြန်မာတံတားများ

by Sadachika Watanabe
6 November 2025
4k

မြန်မာနိုင်ငံတွင် စစ်ဖြစ်နေပြီး နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်နေသော်လည်း ဂျပန်နှင့် တောင်ကိုရီးယားက ကူညီသည့် ကြီးမားသောတံတားများ တခုပြီးတခု ပြီးစီးသည်။

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

by ဧရာဝတီ
10 November 2023
3.1k

MOGE ကို အရေးယူ ပိတ်ဆို့ပြီးနောက် မြန်မာသို့ ဒီဇယ်ပုံမှန် ရောင်းချသည့် အာရှ ရေနံချက်စက်ရုံ အများအပြားသည် အထူးဂရုစိုက်နေကြသည်။

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

by Alexander M. Hynd
4 December 2024
2.7k

မစ္စတာ ယွန်းကို ၂၀၂၂ ခုနှစ်တွင် မဲအနည်းငယ်အသာဖြင့် ရွေးကောက်သည်။ သူသည် နိုင်ငံရေး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ ရင်ဆိုင်ရပြီး ထောက်ခံမှု ပိုမိုကျဆင်းသည်။

Next Post
တရုတ်မင်းသမီး ဖန်ပင်းပင်းနဲ့ ချစ်သူဟောင်း မင်းသား လီချန်း

ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ဖန်ပင်းပင်း

စိုင်းစိုင်းနဲ့ Park Bom ရဲ့ “Red Light” သီချင်း

ကိုရီးယား မြန်မာ ဗားရှင်းနဲ့ ထပ်ထွက်မယ့် စိုင်းစိုင်းနဲ့ Park Bom ရဲ့ “Red Light”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved