• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ ဖန်ပင်းပင်း

by မစ်ကီ
22 December 2020
in Entertainment
A A
တရုတ်မင်းသမီး ဖန်ပင်းပင်းနဲ့ ချစ်သူဟောင်း မင်းသား လီချန်း

တရုတ်မင်းသမီး ဖန်ပင်းပင်းနဲ့ ချစ်သူဟောင်း မင်းသား လီချန်း

2.1k
VIEWS
Share on FacebookShare on Twitter

တရုတ်မင်းသမီး ဖန်ပင်းပင်းဟာ ခင်ပွန်းလောင်း ချစ်သူ မင်းသား လီချန်းနဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းအရင်းကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အခွန်ရှောင် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မင်းသမီ ဖန်ဟာ ချစ်သူကို အမှုတွဲထဲ ဝင်ပါစေမှာကို ရှောင်ရှားတဲ့ အနေနဲ့ လွန်ခဲ့တဲ့ ၁၈ လတုန်းက လမ်းခွဲခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာလထုတ် တရုတ်မဂ္ဂဇင်း BBArt နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အသက် ၃၉ နှစ်အရွယ် မင်းသမီး ဖန်က အသက် ၄၂ နှစ်အရွယ် မင်းသား လီဟာ လူကောင်းတယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ လမ်းခွဲမှုဟာ ကံမကောင်းမှုကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသမီးက “ဒီအချစ်ရေးအတွက် ရွေးချယ်မှုကို ကျမ ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။ ပြီးတော့ ကျမတို့အတူတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေအတွက် သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသမီး ဖန်ဟာ ၁၉၉၈ ခုနှစ်တုန်းက “My Fair Princess” ရုပ်သံစီးရီးမှာ ပထမဆုံး ပါဝင်ခဲ့ပြီးနောက် အနုပညာလောကထဲမှာ တဖြည်းဖြည်းချင်း နာမည်ရလာသူလည်း ဖြစ်ပါတယ်။ မင်းသမီးနဲ့ မင်းသားတို့ကြားက ၄ နှစ် သက်တမ်းကြာ အချစ်ရေးကို အိပ်ရာဝင် ပုံပြင်သဖွယ် ရှုမြင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ ကျရောက်ခဲ့တဲ့ မင်းသမီးရဲ့ မွေးနေ့ ပါတီမှာ မင်းသမီးကို မင်းသားက လက်ထပ်ခွင့်ပန်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ “The Empress Of China” စီးရီးမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပြီးနောက် မေတ္တာမျှခဲ့ကြတာ ဖြစ်ပါတယ်။ မင်းသားဟာ ၂၀၁၈ ခုနှစ်တုန်းက မင်းသမီး ကြုံတွေ့ခဲ့ရတဲ့ အကျပ်အတည်းကာလမှာ ဘေးကနေ တချိန်လုံး ရပ်တည်ပေးခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း မင်းသမီးကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ လမ်းခွဲလိုက်ကြောင်း ကြေညာခဲ့ကြပါတယ်။

မင်းသမီးကို စွန့်ပစ်ခဲ့လို့ဆိုပြီး မင်းသားဟာ အင်တာနက် အသုံးပြုသူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမယ့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ မဂ္ဂဇင်း အင်တာဗျူးမှာတော့ မင်းသမီးဟာ မင်းသားကို ချစ်လို့ လမ်းခွဲခဲ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြောဆိုရင်း မင်းသားဘက်ကနေ ကာကွယ်ပေးခဲ့ပါတယ်။

မင်းသမီးက “အဲ့ဒီအချိန်တုန်းက လူတော်တော်များများက သူ့ကို ဝေဖန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျမတို့ နေရာမှာ ရှိနေတာ မဟုတ်ဘူးလေ။ ပြီးတော့ ခြေလှမ်းတိုင်းမှာ ကျမတို့ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ မသိခဲ့ကြဘူး။ ကျမရဲ့ အခြေအနေကြောင့် သူ့ရဲ့ ကျမရဲ့ မောင်လေးဟာ သူတို့ရဲ့ အလုပ်တွေ ရပ်ဆိုင်းခဲ့ရတာမျိုးအထိ ထိခိုက်ခဲ့ရပါတယ်။ သူတို့ အတွက် ကျမ နာကျင်ခံစားရပါတယ်။ ကျမလုပ်နိုင်တဲ့ တခုတည်းသောအရာက သူတို့နဲ့ ကျမ ဝေးဝေးနေတာပါပဲ” လို့ ပြောပါတယ်။

မင်းသမီးရဲ့ မောင်ကတော့ အသက် ၂၀ အရွယ် အဆိုတော် ဖန်ချန်းချန်း ဖြစ်ပါတယ်။ မင်းသမီး ဖန်က မင်းသား လီဟာ လေးစားခံထိုက်သူ၊ စွန့်လွှတ် အနစ်နာခံထိုက်သူ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ သူက “ဒီနေ့အထိ ကျမတို့က သူငယ်ချင်းကောင်း ဖြစ်နေဆဲပါပဲ။ အနာဂတ်မှာလည်း သူအဆင်ပြေပါစေလို့ ကျမ ဆုတောင်းပေးပါတယ်” လို့ ဆိုပါတယ်။

Ref: straitstimes

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

စာချုပ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မင်းသမီး ဖန်ပင်းပင်း တရားစွဲခံရ

မင်းသမီး ဖန်ပင်းပင်းကို ပရိသတ်တဦးက လက်ထပ်ခွင့်တောင်း

အခွန်ရှောင် အရှုပ်တော်ပုံအပြီး ပထမဆုံးထုတ်လွှင့်မယ့် ဖန်ပင်းပင်းရဲ့ ဒရာမာစီးရီး

Your Thoughts …
Tags: တရုတ်မင်းသမီးဖန်ပင်းပင်း
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

တရုတ်မင်းသမီး ဖန်ပင်းပင်း

မင်းသမီး ဖန်ပင်းပင်းကို အွန်လိုင်းမှာ အသရေဖျက်သူ ဒေါ်လာ ၃၁,၀၀၀ နစ်နာကြေး ပေးခဲ့ရ

by မစ်ကီ
5 September 2019
9.3k

Qinling Eryue ဆိုတဲ့အကောင့်ပိုင်ရှင် Chen ကို နစ်နာကြေးပေးဖို့နဲ့ သူ့ရဲ့ Weibo အကောင့်မှာ မင်းသမီးအတွက် တောင်းပန်စာကို ၇ ရက်ကြာ တင်ပေးထားဖို့ အမိန့်ချမှတ်ခဲ့တာ လည်း ဖြစ်ပါတယ်။

မင်းသား လီချန်းနဲ့ မင်းသမီး ဖန်ပင်းပင်း

စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ တရုတ်မင်းသမီး ဖန်ပင်းပင်း

by မစ်ကီ
28 June 2019
5.9k

“သူငယ်ချင်းတွေကနေ ချစ်သူတွေ ဖြစ်လာတယ်။ အခုသူငယ်ချင်း တွေပြန်ဖြစ်ခဲ့ရပြီ။ ကျနော်တို့ရဲ့ ခံစားချက်ကို ဖော်ပြတာတွေ ပြောင်းလဲသွားပါပြီ။

မင်းသမီး ဖန်ပင်းပင်း

မင်းသမီး ဖန်ပင်းပင်းကို ပရိသတ်တဦးက လက်ထပ်ခွင့်တောင်း

by မစ်ကီ
19 August 2020
11.6k

မင်းသမီးဖန်ရဲ့ သစ္စာရှိ ပရိသတ်တယောက်လို့ဆိုတဲ့ တရုတ်အမျိုးသားတဦးရဲ့ ဗီဒီယို တက်လာခဲ့ပြီး သူဟာ ယွမ်သန်း ၂၀ ပိုင်ဆိုင်ကြောင်းနဲ့ မင်းသမီးကို လက်ထပ်ချင်ကြောင်း ပြောဆိုထားပါတယ်။

သမီးဖြစ်သူကို မွေးဖွားစဉ်ကတွေ့ရတဲ့ မင်သမီးကျန်ဇီယီ

သမီးလေးရဲ့ ပထမဆုံးဓာတ်ပုံကို ထုတ်ပြလိုက်တဲ့ တရုတ်မင်းသမီး ကျန်ဇီယီ

by မစ်ကီ
12 April 2019
10.9k

လျှို့လျှို့ဝှက်ဝှက်ပဲ နေတတ်တဲ့ မင်းသမီးကျန်ဟာ ကိုယ်ဝန်ရှိတာကစလို့ ပထမဆုံးရင်သွေး မွေးဖွားတာအ ထိ ထုတ်ပြောခဲ့တာမျိုးမရှိခဲ့ပါဘူး။

တရုတ်မင်းသမီး ဖန်ပင်းပင်းနဲ့ သူ့ရဲ့ ချစ်သူ လီချန်း

လမ်းခွဲပြီး ၃ ရက်အကြာ စားသောက်ဆိုင်မှာ အတူတူ မြင်တွေ့ခဲ့ရတဲ့ ဖန်ပင်းပင်းတို့ စုံတွဲ

by မစ်ကီ
3 July 2019
28.9k

on.cc ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ စားသောက်ပြီးတဲ့အခါ သူတို့ရဲ့ ကားတွေဆီကို လမ်းလျှောက်လာခဲ့ပြီး တယောက်နဲ့ တယောက် နှုတ်ဆက်ဖို့ အားတုံ့အားနာ ဖြစ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ ဒရာမာစီးရီး

အခွန်ရှောင် အရှုပ်တော်ပုံအပြီး ပထမဆုံးထုတ်လွှင့်မယ့် ဖန်ပင်းပင်းရဲ့ ဒရာမာစီးရီး

by မစ်ကီ
1 June 2020
4.2k

အဲ့ဒီဖြစ်ရပ်တွေ မတိုင်မီ လအနည်းငယ်အလိုမှာလည်း မင်းသား Gao ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာ အဖမ်းခံခဲ့ရပါတယ်။

Next Post
စိုင်းစိုင်းနဲ့ Park Bom ရဲ့ “Red Light” သီချင်း

ကိုရီးယား မြန်မာ ဗားရှင်းနဲ့ ထပ်ထွက်မယ့် စိုင်းစိုင်းနဲ့ Park Bom ရဲ့ “Red Light”

ကမ္ဘာတဝှမ်းရှိ နိုင်ငံ ၄၀ ကျော်က ယူကေမှ လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

ဗိုင်းရပ်စ်သစ်ကြောင့် ယူကေ ခရီးသွားတွေကို နိုင်ငံ ၄၀ ကျော် ပြည်ဝင်ခွင့်ပိတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved