Entertainment

သမီးလေးရဲ့ ပထမဆုံးဓာတ်ပုံကို ထုတ်ပြလိုက်တဲ့ တရုတ်မင်းသမီး ကျန်ဇီယီ

ကမ္ဘာကျော် တရုတ်မင်းသမီး ကျန်ဇီယီဟာ သရုပ်ဆောင်ဆုပေါင်းစုံကို ရထားခဲ့သူဖြစ်ပေမယ့် သူ့ရဲ့ ဂုဏ်အယူရဆုံးအချိန်ဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက သမီးလေး Xing Xing ကို မွေးဖွားခဲ့တဲ့ အချိန် ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

အဲဒီဓာတ်ပုံတွေကို တရုတ်ရသစုံရုပ်သံအစီအစဉ်ဖြစ်တဲ့ “Wives’ Romantic Holiday” ရဲ့ အပိုင်းတခုမှာ မကြာသေးခင်က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး မင်းသမီး ကျန်နဲ့ အခြားအမျိုးသမီး နာမည်ကျော်ကြားသူတွေဟာ သူတို့ကိုယ်ဝန်ဆောင် ခဲ့စဉ်တုန်းက အချက်အလက်တွေကို ဝေမျှပြောကြား ခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မင်းသမီး ကျန်ကို သူ့ရင်ဘတ်ထဲမှာ မွေးကင်းစ သမီးလေးလဲလျောင်းနေတဲ့ပုံစံနဲ့ မြင်တွေ့ရပါတယ်။ အပြုံးပန်းတွေ ဝေဆာပြီး ပျော်ရွှင်နေတဲ့မင်းသမီးရဲ့ ညာဘက်ဘေးမှာတော့ ခင်ပွန်း Wang Feng လည်း ရှိနေခဲ့ပါတယ်။

အသက် ၄၀ အရွယ် မင်းသမီး ကျန်က “ကျမက ဒီပုံတွေကို ထုတ်လုပ်သူတွေဆီပေးခဲ့ပါတယ်။ ဒါက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တုန်းကပါ။ ကျမဘဝ့ရဲ့ ဂုဏ်အယူရဆုံးအခိုက်အတန့်ဖြစ်ပါတယ်။ ပြီးတော့ ကျမရဲ့ အလှပဆုံးအချိန်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကို လူတိုင်းဆီ ကျမမျှဝေပေးချင်ပါတယ်။ ပြီးတော့ ရှင်တို့ရဲ့ ဘဝမှာလည်း သတ္တိရှိရှိနဲ့ နေထိုင်နိုင်ပါစေလို့မျှော်လင့်ပါတယ်” လို့ Weibo အကောင့်မှာ ရေးသားခဲ့ပါတယ်။

လျှို့လျှို့ဝှက်ဝှက်ပဲ နေတတ်တဲ့ မင်းသမီး ကျန်ဟာ ကိုယ်ဝန်ရှိတာကစလို့ ပထမဆုံးရင်သွေး မွေးဖွားတာအ ထိ ထုတ်ပြောခဲ့တာမျိုးမရှိခဲ့ပါဘူး။ သူူက မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရှောင်ရှားဖို့ အမေရိကန်နိုင်ငံကို သွားပြီး မီးဖွားခဲ့တယ်လို့လည်းဆိုပါတယ်။

အဲဒီအစီအစဉ်မှာတော့ မင်းသမီး ကျန်ဟာ သမီးလေးကို မမွေးမီ နှစ်နာရီလောက် အလိုကတည်းက ဗိုက်နာနေခဲ့ပေမယ့် ချောချောမွေ့မွေ့ဖြစ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ မှတ်ချက်ပေးသူတွေကတော့ အခုလိုမျိုး နွေးထွေးတဲ့ မြင်ကွင်းကို ချီးကျူးခဲ့ကြပြီး ကလေးမီးဖွားပြီးစ မင်းသမီး ကျန်ဟာ မျက်နှာပြောင်နဲ့ ဖြစ်နေပေမယ့် လှပနေခဲ့တာကို အံ့သြခဲ့ကြပါတယ်။

Ref:asiaone

Loading