• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ဗိုင်းရပ်စ်သစ်ကြောင့် ယူကေ ခရီးသွားတွေကို နိုင်ငံ ၄၀ ကျော် ပြည်ဝင်ခွင့်ပိတ်

by Aurora
22 December 2020
in Coronavirus Update
A A
ကမ္ဘာတဝှမ်းရှိ နိုင်ငံ ၄၀ ကျော်က ယူကေမှ လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

ကမ္ဘာတဝှမ်းရှိ နိုင်ငံ ၄၀ ကျော်က ယူကေမှ လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

2k
VIEWS
Share on FacebookShare on Twitter

ယူကေနိုင်ငံမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ပျံ့နှံ့နေတယ်လို့ ပညာရှင်တွေ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ကမ္ဘာတဝှမ်းရှိ နိုင်ငံ ၄၀ ကျော်က ယူကေမှ လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ လန်ဒန်နဲ့ အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ဗိုင်းရပ်စ် အမျိုးအစားသစ်ကြောင့် ကူးစက်နှုန်းတွေ မြင့်တက်လာကာ အဆင့် ၄ ကန့်သတ်တားမြစ်ချက်ကို ထုတ်ပြန်ထားရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်က ယူကေမှာ Lockdown ချ ကန့်သတ် တားမြစ်ချက် ထွက်လာအပြီးမှာပဲ ဥရောပနိုင်ငံ ဒါဇင်နဲ့ချီ အပြင်၊ အာရှ၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ယူကေနိုင်ငံက ခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကလည်း ယူကေနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ အဆိုပါကိစ္စကို ပြင်သစ်သမ္မတ မက်ခရွန်နဲ့ နှစ်ဖက် ဆွေးနွေးပြီး ကုန်စည် စီးဆင်းမှု ပြန်ရလာအောင် အမြန်ဆုံး ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကွဲ ကူးစက်မှုတွေကို ယူကေအပြင် အီတလီ၊ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်၊ သြစတြေးလျနိုင်ငံတွေမှာပါ တွေ့ရှိလာရပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တောင်အာဖရိကနိုင်ငံမှာလည်း မျိုးဗီဇကွဲ ကူးစက်မှုအသစ် တွေ့ရကြောင်းကို WHO နည်းပညာပိုင်း ခေါင်းဆောင် Maria van Kerkhove က ဒီဇင်ဘာ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။

ယူကေ နိုင်ငံခြားရေးဌာနရုံးကတော့ ကူးစက်မှုအသစ်တွေကြောင့် ယူကေမှ လာရောက်မယ့်သူတွေကို တခြား ကမ္ဘာ့နိုင်ငံတွေက ဝင်ခွင့်ပိတ်ပင်တာနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံကတော့ ယူကေနိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားခြင်း မရှိပေမယ့် ရောဂါကူးစက်မှု မရှိကြောင်း ပြသဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံမှာ ကူးစက်နေတဲ့ မျိုးဗီဇကွဲ ဗိုင်းရပ်စ်အသစ်ဟာ မူလထက် ၇၀ ရာခိုင်နှုန်း ကူးစက်မှုနှုန်း ပိုမြန်ပြီး၊ နောက်ဆုံး တွေ့ရှိချက်အရ ကလေးငယ်တွေမှာ ပိုမိုကူးစက်ခံနေရတယ်လို့ လေ့လာနေတဲ့ အချက်အလက်အရ သိရတယ်လို့ ပါမောက္ခ Neil Ferguson က ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၅ ပတ်၊ ၆ ပတ်က ကူးစက်မှုတွေကို လေ့လာကြည့်တဲ့အခါ မျိုးဗီဇအသစ် ကူးစက်မှုက ၁၅ နှစ်အောက် ကလေးတွေမှာ များနေတာ တွေ့ရ တယ်” လို့ ပါမောက္ခ Ferguson က ပြောပါတယ်။

“မျိုးဗီဇအသစ်က ကလေးငယ်တွေကို အဓိက ကူးစက်နေတာလို့ မပြောနိုင်ပေမယ့် လတ်တလော ကူးစက်မှုမှာ ကလေးငယ်တွေ ပိုများလာပါတယ်။ မူလဗိုင်းရပ်စ်က ကူးစက်မှု နည်းသလောက် ဗိုင်းရပ်စ်အသစ်ကတော့ ကလေးတွေလည်း လူကြီးတွေနဲ့ တန်းတူ အရေအတွက်လောက်ထိ ကူးစက်သွားနိုင်တယ်” လို့ ပါမောက္ခ Wendy Barclay က ဆိုပါတယ်။

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၂ သန်း ကျော်လွန်သွားပြီ ဖြစ်ပြီး၊ သေဆုံးသူကတော့ ၆၇,၆၁၆ ဦး ရှိပါပြီ။ ဒီဇင်ဘာ ၂၀ ရက်ကလည်း လန်ဒန်နဲ့ အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ကူးစက် ပျံ့နှံ့နေတဲ့ မျိုးဗီဇကွဲ ဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် နေ့စဉ် ကူးစက်မှုနှုန်း ၃၅,၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။

Ref: BBC , edition.cnn

You may also like these stories:

တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနှုန်း မြင့်တက်လာ

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဗြိတိန်မှာ ကူးစက်နှုန်းမြန် ဗိုင်းရပ်စ်သစ် ကူးစက်မှု မြင့်တက်

ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာ ၁ ဘီလျံရရှိရေး မြန်မာကြိုးစားနေ

Your Thoughts …
Tags: ပြည်ဝင်ခွင့်ဗိုင်းရပ်စ်အသစ်ယူကေ
Aurora

Aurora

Contributor

Similar Picks:

အီးယူနိုင်ငံတွေအနေနဲ့ COVID-19 ကူးစက်မှု လျော့ကျနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးဖို့ အပြီးသတ် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအပါအဝင် နိုင်ငံ ၁၅ နိုင်ငံအား အီးယူသို့ ဝင်ခွင့်ပြု

by ညီညီသူ
1 July 2020
5.6k

အီးယူနိုင်ငံတွေအနေနဲ့ လက်တင်အမေရိကနဲ့ အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့်ပြုသေးမှာ မဟုတ်သလို ဘရာဇီးနဲ့ ရုရှားနိုင်ငံကိုလည်း ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲပါပဲ။

မန္တလေးတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို အကြမ်းဖက် ဖမ်းဆီး ရိုက်နှက်ခဲ့သည့် အာဏာသိမ်းတပ်  / ဧရာဝတီ

အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန်

by ဧရာဝတီ
15 October 2021
9.5k

အာဏာသိမ်း စစ်တပ်အနေဖြင့် လူ့အခွင့်အရေး လေးစားလိုက်နာရန်နှင့် နိုင်ငံခြားသားများနှင့် မမျှမတ ဖမ်းဆီးထား သူများအား ချက်ချင်း လွှတ်ပေးရန် အမေရိကန် အပါအဝင် နိုင်ငံအချို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ပြည်ဝင်ခွင့် ကန့်သတ်ချက် တချို့ကြောင့် နိုဝင်ဘာလထဲ တရုတ်နိုင်ငံကို လာရောက်မယ့် ခရီးသွားတွေဟာ သတ်မှတ်ရက်ထက် ပိုစောပြီး ရက်ရွှေ့ခဲ့ကြပါတယ်။

တရုတ်နိုင်ငံတွင်းသို့ ကိုဗစ် ကူးစက်မှုများတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်

by Aurora
6 November 2020
5.4k

တရုတ်နိုင်ငံဟာ မတ်လတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံခြားသား ပြည်ဝင်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

၂၀၂၁ မေလ ၂ ရက် တိုကျိုတွင် ပြုလုပ်သော မြန်မာ့အရေး ဆန္ဒပြပွဲ / စိုင်းလင်း 

မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်

by ဧရာဝတီ
23 August 2021
13.5k

ဂျပန်နိုင်ငံသည် တပ်မတော်ဟုခေါ်သည့် မြန်မာစစ်ကောင်စီကို တရားဝင်အစိုးရဟု အသိအမှတ်ပြုခြင်း မရှိပေ။

ဇင်ဘာဘွေနိုင်ငံရှိ ဗစ်တိုးရီးယား ရေတံခွန်

ဇင်ဘာဘွေ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်

by ညီညီသူ
11 September 2020
4.6k

ဇင်ဘာဘွေနိုင်ငံဟာလည်း COVID-19 အကျပ်အတည်း ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် ဟိုတယ်နဲ့ အပန်းဖြေစခန်းက ဝန်ထမ်း အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

အိမ်မွေးတိရစ္ဆာန်ကနေ လူကို ဗိုင်းရပ်စ်ကူးတယ်ဆိုတဲ့အချက်ကိုတော့ သက်သေ မရှိသေးပါဘူး။

ယူကေမှာ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်

by Aurora
28 July 2020
26k

တာဝန်ရှိသူတွေကတော့ ကြောင်ကနေ လူကို ဗိုင်းရပ်စ်ကူးစက်တာမျိုး သက်သေပြစရာ မရှိတဲ့အပြင် တခြား အိမ်မွေးတိရစ္ဆာန်တွေကနေလည်း ကူးစက်တာမျိုး မရှိသေးဘူးလို့ ပြောကြားလိုက်ပါတယ်။

Next Post
လူစုလူဝေး မဖြစ်စေရန် ဘုန်းကြီးကျောင်းမှ ဆွမ်းဟင်းများကို ရွာအရောက် ပို့ပေးရန် စီစဉ် (ရုပ်/သံ)

လူစုလူဝေး မဖြစ်စေရန် ဘုန်းကြီးကျောင်းမှ ဆွမ်းဟင်းများကို ရွာအရောက် ပို့ပေးရန် စီစဉ် (ရုပ်/သံ)

ကိုရီးယား မင်းသား Hyun Bin

“Crash Landing On You” အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Hyun Bin

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved