• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ

by ခိုင်ရိုးလ
21 December 2020
in သတင်း
A A
လူ့အခွင့်အရေးနေ့က ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က လူးစုခွဲခိုင်းနေသည့် မြင်ကွင်း

လူ့အခွင့်အရေးနေ့က ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က လူးစုခွဲခိုင်းနေသည့် မြင်ကွင်း

7.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကမ်ပိန်းလုပ်ဆောင်ရာတွင် ဦးဆောင်ခဲ့သူ လူငယ် ၃ ဦးကို ဒီဇင်ဘာ လ ၂၁ ရက်က စစ်တွေမြို့နယ် တရားရုံး၌ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ ဖြင့် အမှု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖွင့်ခံရသူ ၃ ဦးမှာ ရခိုင်မျိုးဆက်သစ်ကွန်ရက်မှ ကိုသန်းလှ (ခ) မင်းဘာချေ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ် သူတို့ ဖြစ်ကြပြီး ပြီးခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက စစ်တွေမြို့ BXT ဆိပ်ကမ်းဘက်မှ ပွိုင့်ကမ်းခြေဘက်သို့ လှည့်လည်သွားကြရာတွင် ရဲတပ်ဖွဲ့က ဟန့်တားကာ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းခဲ့သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် ၎င်းတို့အား ပြန်လွှတ်ပေးခဲ့သော်လည်း သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒီဇင်ဘာ၂၁ ရက်၌ စစ်တွေမြို့နယ်တရားရုံးတွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်၍ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

အမှုဖွင့်ခံရသူ ကိုသန်းလှက “သူတို့ပြောတာကတော့ အခုလို ကမ်ပိန်းလှုပ်ရှားတဲ့အခါမှာ သက်ဆိုင်ရာ (ရဲ) သို့ တစုံ တရာ ခွင့်ပြုချက်တောင်းခံခဲ့ခြင်း မရှိဟု ဆိုပြီးတော့ ဒါကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲခံရတယ်။ ကျနော်တို့က လူ့ အခွင့်အရေးကို ကြိုဆိုတဲ့ စာတမ်းတွေ၊ ငြိမ်းချမ်းရေး လိုဂိုပါတဲ့ အလံတွေ၊ တခြားဗီနိုင်းတွေ ကိုင်ပြီးတော့ ဓာတ်ပုံရိုက် ကြတာ ဖြစ်တယ်” ဟု ဆိုသည်။

ထိုလှုပ်ရှားမှုတွင် “လူ့အခွင့်ရေးကို လေးစားပါ” ၊ “အမျိုးသမီးများ အခွင့်အရေးကို လေးစားပါ”၊ “အကြမ်းဖက်မှု ပပျောက်ရေးကို လေးစားပါ” စသည့် ဗီနိုင်းများထောင်ကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြခြင်းသာဖြစ်ပြီး ဆန္ဒဖော်ထုတ်ခြင်း မဟုတ်သည့် အတွက် အမှုဖွင့်ခံရခြင်း အပေါ် စိတ်မကောင်းဖြစ်ရကြောင်းလည်း ကာယကံရှင်များက ဆိုသည်။

ငြိမ်းစုစီနှင့် အမှုဖွင့်ခံရသည့် လူငယ် ၃ ဦး ယနေ့တွင် တရားရုံးမှ ပြန်ထွက်လာစဉ် (ဓာတ်ပုံ- ခိုင်ရိုးလ/ဧရာဝတီ)

အမှုဖွင့်ခံရသူ မခိုင်မြတ်သူက “အဲဒီနေ့ဟာ လူ့အခွင့်အရေးနေ့ ဖြစ်တယ်။ မြန်မာနိုင်ငံကလည်း ကမ္ဘာက သတ်မှတ် ထားတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံပြီးသား ဖြစ်တယ်။ ဒီအပေါ်မှာ ကျမတို့က ဆန္ဒဖော်ထုတ်တာ လည်း မဟုတ်ဘူး။ လူဦးရေကလည်း နည်းနည်းလေးနဲ့ လှုပ်ရှားမှု လုပ်တာပဲ ရှိတယ်။ လူ့အခွင့်အရေးကို လိုက်နာ လေးစားတဲ့ ပြည်သူတွေအပေါ်မှာ အစိုးရအနေနဲ့ အသိအမှတ်ပြုလက်ခံရမယ့်အစား အခုလို တရားစွဲတာဟာ အရမ်း စိတ်မကောင်းဖြစ်မိတယ်” ဟု ဆိုသည်။

ယင်းသို့ ကမ်ပိန်းပြုလုပ်သည့် လူငယ် ၃ ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး တရားလိုဖြစ်သူ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး ဇော်နိုင်ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

ထိုသို့ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကမ်ပိန်းပြုလုပ်သည့် လူငယ်တို့ကို အပြစ်ယူရန်ကြိုးစားခြင်းမှာ မဖြစ် သင့်ကြောင်းလည်း လူ့အခွင့်အရေးသမားများက ထောက်ပြပြောဆိုကြသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ရှေ့နေဇော်ဇော်မင်းက “ကျနော်ကတော့ သူတို့ဟာ လူ့အခွင့် အရေး ကြေညာချက် အပိုဒ် ၁၉ အရ လူတယောက်ရဲ့ ထင်မြင်ယူဆချက်ကို လူ့အခွင့်အရေးနေ့မှာ ကမ်ပိန်းလုပ်တာ။ နောက်ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အရလုပ်တာလို့ မြင်တယ်။ ဒါကြောင့် လူ့အခွင့်အရေးကို လိုက်နာ ပြီးကာကွယ်မြှင့်ပေးဖို့အတွက် ဒါမျိုးတွေကို ထိလွယ်ရှလွယ်လုပ်ပြီး အပြစ်ယူဖို့ ကြိုးစားတာဟာ တရားမျှတမှုနဲ့ အလှမ်း ဝေးစေတယ်” ဟု ဆိုသည်။

အဆိုပါ အမှုဖွင့်ခံရသူတို့ကို တဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် အာမခံပေးထားပြီး လာမည့် ဒီဇင်ဘာလ ၃၀ ရက်တွင် အမှုကို စစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။

Your Thoughts …
Tags: ငြိမ်းစုစီရခိုင်ပြည်နယ်လူ့အခွင့်အရေး
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

Next Post
ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

ကူးစက်မှုများတဲ့ ဆိုးလ်မြို့နဲ့ အနီးတဝိုက် ဒေသတွေကို တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနှုန်း မြင့်တက်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved